ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ
အလည်အပတ်ခရီးစဉ် အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။
ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ ၂၉ရက် တွင်တွေ့ဆုံဖွယ် ရှိကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးကို ကိုးကား၍ယွန်ဟပ်သတင်းကဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့်
ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ
ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။
7Day News Journal

No comments:
Post a Comment