Tuesday, October 30, 2012

၎း၄၅ နာရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော်သတင်း

၃၀.၁၀.၂၀၁၂ ရက် နံနက် (၈)နာရီ လာက်မှ စတင်သော ရမ်းဗြဲမြို့နယ်
 ကျောက်နီမော်ကျေးရွာ ဆန္ဒဖော်ထုတ်မှုမှ ဆက်လက်ဖြစ်ပွါးလျှက် ရှိနေပါသည်။

 ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်း တိုးလာလျှက်ရှိပြီး လုံခြုံရေးဖက်မှာလည်း တပ်ရင်းတစ်ရင်းတိုးချပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းကို စုံစမ်းသိရှိရပါသည်။ 
 
 အခင်းဖြစ်ပွါးရခြင်းမှာ ရဲလုံခြုံရေးမှ မလိုလားအပ်ဘဲ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်မှုကြောင့် ရခိုင်တိုင်းရင်းသား (၁) ယောက်သေဆုံးပြီး (၂) ယောက်မှာ ဒဏ်ရာရရှိကာ  ကျောက်နီမော်ဆေးရုံးသို့ တင်ထားရပါသည်။

 ထိုပစ်ခတ်မှုကို ဒေသခံများမှ မကျေမနပ်ဖြစ်ပွါးလျှက်ရှိပြီး ယခုအခါ ကျောက်နီမော် ဘင်္ဂလီကျေးရွာနှင့် ကျောက်ထရံ ဘင်္ဂလီကျေးရွာနှစ်ရွာကို ရခိုင်များနှင့် ဝေးရာသို့  ရွေ့ပြောင်းပေးရန် ညအိပ် သပိတ်ဆင်းနွှဲသွားမည်ဟု သိရှိရပါသည်။

 ကျောက်နီမော် ကျေးရွာတွင် ဘင်္ဂလီရွာတ၀က်နှင့် ရခိုင်ရွာတ၀က် တခြမ်းစီနေထိုင် လျှက်ရှိကြပါသည်။ ၂၀၁၂ ခုနှစ် မေ ၂၈ ရက်နေ့က ဘင်္ဂလီမူဆလင်သုံးယောက်မှ  မြန်မာတိုင်းရင်းသူ ကျောက်နီမော်ကျေးရွာ အုပ်စု၊ သပြေတော ကျေးရွာမှ မသီတာထွေးကို မုဒိန်းကျင့်၊ ပစ္စည်းလု၊ လူသတ်မှုဖြင့် ရခိုင်အရေးကို စတင်ခဲ့သည် နေရာတခုဖြစ်ပါသည်။

 ယခုအခါ ရမ်းဗြဲမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ကို ထုတ်ပြန်ထားလျှက်ရှိပါသည်။

No comments:

Post a Comment