Thursday, February 28, 2013

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန် ထားသည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။ 

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။ 
---
Illustration: Inspiration Mars. All Rights Reserved.

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာသူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
Thursday, February 28, 2013

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်
ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်
ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။

KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြား
ရှိလာကြောင်းကိုလည်း သိရသည်။

နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်  ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ 

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

 မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ 

ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး

ရေဘားလို အသုံးပြု ရမည့် USB TAP

ရေဘားလို အသုံးပြု ရမည့် USB TAP

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံး ဘယ်ပစ္စည်း မျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေ လိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်း ရမယ် ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲ လှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏ ကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထား တာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

Ref: enGadget
Aung Kham (TSJ team)
From : Techspace

http://bit.ly/YyTNqq

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ်ထဲ ထိုးလို့အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံးဘယ်ပစ္စည်း မျိုးကို မဆိုအားသွင်းလို့ရမှာ ဖြစ်ပါတယ်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

 http://www.news-eleven.com/
သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ် ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။