Friday, August 31, 2012

သေဆုံးပြီးသူများ မြန်မာပြည်သွားနိုင်ပြီ


Black List ထဲကနေပယ်ဖျက်လိုက်တဲ့
 နိုင်ငံခြားသားအမည် တထောင်ကျော်ကို
 သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ
 သေဆုံးသူတချို့ရဲ့ နာမည်တွေကို
တွေ့ရပါတယ်။


ကွယ်လွန်သွားပြီးဖြစ်တဲ့
- ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို၊
- သတင်းစာဆရာ ကြေးမုံ ဦးသောင်း၊
- ပါမောက္ခဒေါက်တာအေးကျော်၊
- အမေရိကန် လွှတ်တော်အမတ်ဟောင်း Sonny Bono တို့ရဲ့ အမည်တွေ ပါဝင်နေပါတယ်။

ဦးဝီရသူ ဦးဆောင်မယ့် ဆန္ဒပြခွင့် အာဏာပိုင်တွေဘက်က ရက်ရွှေ့ခိုင်းဖို့ ပြော

 

 

 မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် 
ရခိုင်အရေးသမ္မတဦးစိန်ရဲ့ရပ်တည်ချက်အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို  
အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့်မပေးတာကြောင့်ရက်ရွှေ့ဆိုင်းလိုက
ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။

Thursday, August 30, 2012

ပါတီတွင် တရာမျှ တမှုမရှိ၍ တွံတေးမြို့နယ် NLD ပါတီ ၀င်များ(၄.၉.၂၀၁၂)ရက် တွင် ဆန္ဒပြမည်






သြဂုတ်လ ၂၅ ရက် ၁၂၃၀ ချိန်မှ ဇော်မင်းထွန်း (တွံတေး မြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဟောင်း)၊ ကိုကိုကြီး (NLD ပါတီဝင်) နှင့်အတူ တွံတေးမြို့နယ် ရဲဘက် အတွင်းရေးမှူး ရုံးသို့ လာရောက်၍ စက် ၄ ရက်နေ့ ၁၃၀၀ မှ ၁၄၀၀ ချိန်ထိ ကျွန်းတော ရပ်ကွက် ကန်သာယာ(၁၀)လမ်း အမှတ် (၅၂၇) ရှိ ဇော်မင်းထွန်း၏ နေအိမ်ရှေ့တွင်

ကော့သောင်းမြို့ ပြည်သူလူထု ပန်ကြားလွှာ



၂၀-၈-၂၀၁၂ ရက်နေ့လည် ၁နာရီခန့်က ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊ အမှတ်(၅) အင်န်အယ်လ်ဒီပါတီရုံးမျက်နှာချင်းဆိုင် မြရည်ပု လဲလမ်းဘေး၌ အင်န်အယ်လ်ဒီပါတီဝင် ဦးမျိုးလွင်၊ ၅၀နှစ်၊  ၁၄ /

'' လွှတ်တော် ကိုယ်စား လှယ်ကြီးများ ခင်ဗျား " (ပေးစာ-အသံဖိုင်)

'

            '' အားလုံးမင်္ဂလာပါ ''

            ကျွန်တော်ကတော့ ဘောဂလိမှာနေတဲ့ အငြိမ်းစားကျောင်းဆရာ စောဟာဒင်ရှော ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒေသမှာ မငြိမ်းချမ်းခဲ့တာ ကြာပါပြီ။  အခုနှစ် ဆန်းကစပြီး KNU နှင့် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့လို့ ဒေသခံ ပြည်သူလူထုက ငြိမ်းချမ်းရေးရဲ့ အေးချမ်းမှုကို စတင်ခံစား နေရပါတယ် ။

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ သဘောထားဖော်ထုတ် ကန့်ကွက်







တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ရွာတွင် တရုတ်နိုင်ငံမှ တည်ဆောက်မည့် လောင်လုံ ရေနံချက်စက်ရုံစီမံကိန်းမှ တရုတ်ပြည် လေ့လာရေးခရီးစဉ်အား သဘောမတူ ကန့်ကွက်သည့် အစည်းအဝေးတစ်ခုကို 27.8.2012(တနင်္လာနေ့) နံနက် ၉း၀၀နာရီခန့်က လောင်းလုံမြို့နယ်၊

စိုင်းနော်ခမ်း ဒုလက်ထောက် အား ကျိုင်းတုံ - မိုင်းလား လမ်းမှ တရုတ်ပြည်သို့ ခေတ္တလွှဲအပ်



စိုင်းနော်ခမ်း၏ဒုလက်ထောက်အား ၎င်းဆရာအပေါ်တရားစီရင်ရာ၌အထောက်အကူပြုအချက်ရလိုရငြား အမှုစစ်ဆေးရန် တရုတ်အစိုးရလက်သို့ ခေတ္တလွဲ အပ်ပေးခံရကြောင်း ဆွေးမျိုးများအသိုင်းအဝိုင်းက ပြောသည်။

001-Sai_Naw_Kham
တရုတ်အစိုးရလက်ထဲရောက် စိုင်းနော်ခမ်း

“၂၈ ရက်နေ့ မနက် ၄ နာရီ က ထောင်ကနေထုတ်သွားတယ်။ အဲဒီနေ့က ဘဲ ကျိုင်းတုံမှာ ခေတ္တလွှဲအပ်ကြောင်း လက်မှတ် ထိုးတဲ့ အခမ်းအနားလုပ်တယ်။ ကျိုင်းတုံကနေတဆင့် မိုင်းလားဘက်ကနေ ပို့တယ်။ တရုတ်အာဏာပိုင်တချို့ မိုင်းလားမှာ လာ ကြို တယ်။ ဆစ်ဆောင်ပန်းနားကတဆင့် နော်ခမ်း ရှိတဲ့ ကွန်မင်း(ခွန်းမင်)မြို့ကို ပို့လိုက်တာ။ ဘာကြောင့်ပို့လဲ သွားမေးကြည့် တော့ စိုင်းနော်ခမ်းအမှုကို စစ်ဆေးရာမှာ အထောက်အကူ ရလိုရငြားတဲ့ စိုင်းအောင်မြတ်ကို စစ်ဆေးချင် သေးတယ်ဆို တဲ့အတွက်ကြောင့် မြန်မာဘက်က လွှဲပေးရတာပါတဲ့။ ထာဝရ လွဲအပ်ပေးခြင်းတော့ မဟုတ်ပါဘူးတဲ့။ ၇ ရက်ဘဲတဲ့။ မိသားစု၊ အသိုင်းအဝိုင်းကို ဘာမှ မပြောဘဲနဲ့ ချက်ခြင်းကြီးအဲသလိုပို့ လိုက်တာ” ဟု စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူ တဦးကပြော သည်။

စိုင်းအောင်မြတ်နှင့်အတူ ကျိုင်းတုံမှ မူးယစ်အရာရှိ ၂ ဦးလည်းလိုက်ပါသွားသည်ဟုဆို၏။

တရုတ်အာဏာပိုင်များ တောင်းဆိုလာမှုကြောင့်စစ်ဆေးရန်အတွက်သာ ခေတ္တပို့ဆောင်ရခြင်းဖြစ်ကြောင်း ၊ အမှုစီရင်ပြီးပြီး ချင်း ပြန်ပို့မည်ဖြစ်ကြောင်း ကျိုင်းတုံရှိ စရဖအရာရှိများကပြောသည်ဟုလည်း ၎င်းကဆက်လက်ပြောပြသည်။

“ကျိုင်းတုံအထိ လာစစ်ဆေးတဲ့ တရုတ်အာဏာပိုင်တွေတချို့တဝက် မပြန်သွားဘူးလေ။ ကျိုင်းတုံမှာနေပြီးတော့ စောင့် ကြည့် နေတာ။ သူတို့ရဲ့အဲလိုဖိအားပေးမှုကြောင့်လဲ စရဖမှူး ဗိုလ်မှူးကျော်ထက်အောင် က စိုင်းအောင်မြတ်ကို ရုံးမှာမထား တော့ဘဲ ၂၂ ရက် ညမှာဘဲ ထောင်ကိုပို့လိုက်တာ။ အမှန်က နေပြည်တော်ဘက်က စိုင်းအောင်မြတ်ကိုလွတ်လပ်ခွင့် ပေးလိုက်ပြီဘဲ။ ဒီနောက်ပိုင်းတရုတ်အစိုးရကထပ်တောင်းလာတာနေပါလိမ့်မယ်။ ဒါကြောင့်အလောတကြီး သူတို့ပို့လိုက် တာ” ဟု ဆိုပါသည်။

တရုတ်နှင့်ထိုင်းမီဒီယာများက တရုတ်အမျိုးသား ၁၃ ဦးသတ်ဖြတ်မှု၌ တရားခံဖြစ်ကြောင်း တရုတ်အစိုးရလက်ရောက် စိုင်းနော်ခမ်းက ဝန်ခံပြောဆိုလိုက်သည်ဟုရေးသားခဲ့ကြသော်လည်း စိုင်းအောင်မြတ်အားစစ်ဆေးရာ၌မူ လုံးဝ ပတ်သက် ခြင်းမရှိကြောင်း ငြင်းဆန်ပြောဆိုခဲ့သည်။

ရွှေတြိဂံဒေသ မူးယစ်ရာဇာဟုနာမည်ကြီးနေသော စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နေ ဒေတွင်း ဩဇာကျယ်ပြန့်သော ဂျမ်ရတ် ဖှဂျရုန်း ခေါ် အိုးလန်း ဆုမ်ဖုန်းဖန်း ခေါ် ပူနွတ် နှင့် ရင်းနှီးဝင်ထွက်နေသူတဦးဖြစ် သည်ဟု နီးစပ်သူများကပြောသည်။ ယမန်နှစ် အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း တရုတ်လူမျိုး ၁၃ ဦးကို သတ်ဖြတ်ကာ ၎င်းတို့လှေထဲသို့ ယာဘ အပြားပေါင်း ကိုးသိန်းကျော် ထည့်၍ မြစ်အတိုင်းမျှောလိုက်သည်မှာ ၎င်း၏စီမံ ချက်ဖြစ် ကြောင်းလည်း ချင်းမိုင်နယူးစ်သတင်းစာ၌ဖော်ပြထားသည်။ အဘယ်ကြောင့် ထိုသို့ စီစဉ်လုပ်ဆောင်ရသည်ကို အသေးစိတ်မဖော်ပြထားသော်လည်း အဆိုပါလှေ ၂ စီးမှာ လောနိုင်ငံဘက်ခြမ်းရှိ King’s Romance Casino ပိုင်ရှင် ကျောက်ဝေနှင့် ပတ်သက်နေသည့်လှေဖြစ်ကြောင်းဒေသတွင်း နေထိုင်သူများကပြောပါသည်။

ဂျမ်ရတ် ဖှဂျရုန်းကို ယခုအခါ ထိုင်းနိုင်ငံအစိုးရက ဖမ်းမိန့်ထုတ်ထားရာ ၎င်းမှာ ရှောင်တိမ်းနေသည် ဟုနီးစပ်သူများက ပြော၏။
အလားတူ စိုင်းနော်ခမ်းကို လည်း ထိုင်းအစိုးရက ဖမ်းမိန့်ထုတ်လိုက်ပြီး တပတ်အကြာ ယခုနှစ်ဧပြီလ ၂၅ ရက်က လာအိုနိုင်ငံ၌ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးရမိပြီး မေလ ၁၀ ရက်နေ့က လာအိုအစိုးရမှ တရုတ်အစိုးရလက်သို့ လွှဲအပ်ပေးလိုက်သည်။ ထိုနောက်ပိုင်း ၎င်း၏ဒုလက်ထောက် ဖြစ်သော စိုင်းအောင်မြတ်ခေါ် ခမ်းဟုန် ခေါ် ဇိန်းဟုတ် ဦးဆောင်သည့်အဖွဲ့ တာချီလိတ်ရှိမြန်မာအာဏာပိုင်များထံ လက်နက်ချခဲ့သည်။

၂၀၀၈ မှ လက်နက်ချချိန်အထိ အမှုပေါင်း ၂၈ မှု ၊ ၁၆ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရအောင်ပြုလုပ်ခဲ့ကြောင်း စိုင်းအောင်မြတ် အား ရုံးတင်စစ်ဆေးရာ၌ အမိန့်ချခဲ့သည်။ တရုတ်အာဏာပိုင်များ၏စစ်ဆေးမှုကို ၂ ကြိမ် ခံခဲ့ရသည်။

ဩဂတ်စ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကလဲ စိုင်းအောင်မြတ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ လုံခြုံရေးဌာနသို့ စိုင်းနော်ခမ်းအပေါ် တရားစီရင်ရာတွင် အထောက်အကူ ပြုနိုင်ရန် ခေတ္တလွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရေးသားပါသည်။

From ; Shan New


ကချင်ဒုက္ခသည် ၉သောင်းေ ကျာ်တိုးလာ ဟု ကချင်အဖွဲ့များ ထုတ်ပြ န်ကြေညာ





ကချင်လွတ်မြောက်ရေးအဖွဲ့-KIO နှင့် မြန်မာအစိုးရတို့ အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် ယခုဆိုလျှင် စစ်ပြေး ဒုက္ခသည် ၉သောင်းကျော် တိုးလာသည်ဟု (ကချင်အမျိုးသားအဖွဲ့အစည်းများ)မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Amazing Mother( ၁၁ မွှာပူးမွေးတဲ့ မိခင်)





ဘားတစ်ပြန် ကျားတစ်ပြန် လွှတ်တော်နဲ့ ခုံရုံး



လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့သော အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က စစ်ဆေးမှုပြုလုပ်တော့မည် ဖြစ်သည်။

သြဂုတ်က ၂၇ ရက်နေ့ မှစတင်ပြီး ဖားကန့်ဒေ သတွင်တိုက် ပွဲများပြင်း ထန်



ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်းသြဂုတ်လ၂၇ရက်နေ့မှစတင်ပြီးKIA နှင့်တပ်မတော်အကြားတိုက်ပွဲများ
အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။

သား အိမ်ခေါင်း ကင်ဆာ ဆိုတာ



လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

ဝါရှင်တန်ဒီတြီ မန်မာတိုင်း ရင်းသား များနှင့် ဒေါ်အော င်ဆန်းစုကြည်ေ တွ့ဆုံပွဲ ၀က်ဆို က် ထွက်ရှိ


 



လာမယ့် စက်တင်ဘာ ၂၀၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်တက္ကသိုလ်၊ လူ ၂၅၀၀ ကျော်ဆန့် ဘင်ဒါအားကစားရုံမှာ မနက် ၉ နာရီ ၁၅ ကန ၁၀ နာရီ ၄၅ အထိ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဧည့်ပရိသတ်များ၊ လုပ်အားပေးများ ဆက်သွယ် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့အပြင် အွန်လိုင်းကနေပြီးတော့ ဧည့်သည်များ၊ လုပ်အားပေးများ အမည်စာရင်း တင်သွင်းနိုင်အောင် ဘလော့ဂ် ၀က်ဆိုက်တခု လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။

ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးမည်



Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက်

ဒေါ်အောင်ဆန်းစုကြည်ဥ က္ကဌအဖြစ်တာ ၀န်ယူသည့် တရားဥ ပဒေစိုးမိုးရေးနှင့် တည်ငြိမ်ေ အးချမ်းရေးေ က်ာမတီ တတိယအကြိမ် အစည်းအေ ၀းကျင်းပ





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဆောင်ရွက်နေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ I- 12 အဆောင်တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း နေပြည်တော်တွင် သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

Blue Moon ခေါ် လပြည့်ညကို ယနေ့ည တွင် မြင်တွေ့ရမည်





Blue Moonဟု ခေါ်ဝေါ်လေ့ရှိသည့် လပြည့်ညကို ဩဂုတ်လ (၃၀)ရက်နေ့တွင် တွေ့မြင်ရမည်ဖြစ်ပြီး ယင်းအခွင့်အရေးမျိုး နောက်တစ်ကြိမ် ကြုံကြိုက်ရန် (၂၀၁၅)ခုနှစ်ထိ စောင့်မျှော်ရတော့မည် ဖြစ်သည်။

'ဝ' တပ်ဖွဲ့လမ်းဖောက်လုပ်မှု တရုတ် ယွမ်ငွေဘီလီယံချီ ကုန်ကျ


wa-road-system
တပ်မတော်မှပြုပြင်ဖောက်လုပ်နေသောလမ်းပြမြေပုံ

သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင်ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျထားပြီဖြစ် ကြောင်းအရာရှိများအသိုင်းအဝိုင်းကပြောသည်။

အင်ဒိုနီးရှားမှ လူသေပြုစုပွဲ



အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။

ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။

Black List ပယ်ဖျက် စားရ င်းေ ကြညာ





Black List မှ ပယ်ဖျက်လိုက်သောနိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံးက ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့်ထုတ်ပြန်ကြေညာခဲ့ပါသည်။

"အသေဝနာစ ဗာလနံ" စာရင်းစစ်ချုပ် ပြုတ်ရခြင်းအကြောင်း

ဦးအောင်သောင်း တပည့် မှ မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေ သိန်းထောင်ကျော် အလွဲသုံးစားလုပ်




ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်းသုံးသောင်းကျော် ချထားပေးရာ စာရင်းမှန်ကန်စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထား ကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
 ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီတာဝန်ခံ စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်းမှ စိတ်ဆိုးဒေါသထွက်ပြီးဘဏ်စာအုပ်များသိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
 တပ်မတော်အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကို အသင်းအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စီပွားရေးလုပ်ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်းအမည်မခံဘဲ နယူးဒေလီ စက်သုံးဆီဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

တပ်မတော်ပိုင်တဲ့ ဓါတ်ဆီဆိုင်များမှာ မြ၀တီဆိုင်အနေဖြင့် ဖွင့်ထားပြီး နယူးဒေလီဆီဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်မှုများဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြည်ခိုင်ဖြိုး အဖွဲ့ဝင် ဦးအောင်သောင်းမှ ပါတီပိုင်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေါက်တာစိုင်းစံထွန်းအား အမည်ခံလုပ်ကိုင်စေသော်လည်း နောက်ကွယ်တွင်၎င်း၏တပည့်ဖြစ်သူ အောင်ကျော်သာမှ လက်သိပ်ထိုး ကြိုးကိုင်ဆောင်ရွက်နေသည်ဟု မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။
အောင်ကျော်သာဆိုသူမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ဘန်းပြ၍ တရားမ၀င်စည်းပွားရေးလုပ်ငန်းများနှင့် မန္တလေးမြို့တွင်းနေ ပြည်သူလူထုအား ခြိမ်းခြောက် အကြပ်ကိုင်ဆောင်ရွက်မှုများအား ပြုလုပ်ခဲ့သည်ဟု လက်တွေ့ခံစားခဲ့ရသော ၄င်း မန္တလေးမြို့  ခံမှ ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် ကြေနပ်မှုမရှိသော မန္တလေးပြည်သူအချို့ မှ သမ္မတကြီးထံ တိုင်ကြားထားရှိသော်လည်း ထူးခြားမှုမရှိဘဲ ယခင်အတိုင်း ပြည်သူများအား စော်ကားသည့်အပြုအမူများ ပြုလုပ်လျက်ရှိကြောင်း သတင်း ရ့ရှိသည်။


ထွန်းအေး ချမ်းအေးသာဇံ

 From: MP

လွှတ်တော်ကို စားလှယ်များ အတွက် ဥပဒေ



လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

၈။ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး 'တစ်ရာခိုင်နှုန်း'
တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်
သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်။

နှစ်ပတ်အတွင်းဆ န်ဈေး ၁၅ရာခိုင်နှုန်းမြင့်တက်


 
 
နိုင်ငံတော်အရန်ဆန်များအား လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် စတင်ထုတ်ရောင်းမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်မှ ပြောကြားခဲ့ပါသည်။

နယူးဇီလန် စစ်သားများရဲ့ တိုက်ပွဲကျ သူများကို ဂုဏ်ပြုပုံ





အာဖဂန် စစ်မြေပြင်မှာ တာဝန် ထမ်းဆောင်နေစဉ် ကျဆုံးသွားကြတဲ့ နယူးဇီလန် စစ်သားများအတွက် လုပ်ဖော် ကိုင်ဖက် စစ်သား ၂၀၀ ကျော်တို့က စစ်ယူနီဖောင်းဝတ်ပြီး ကျဆုံးသွားသူတွေကို ထူးထူးဆန်းဆန်း ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ထုတ်ဖော်ပြသပြီး ဂုဏ်ပြုနေကြတာပါ။

ပြည်ထောင် စုဒုတိယ ၀န်ကြီးများ ခန့်အပ်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းကို သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ၌ နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းများတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယခု ထုတ်ပြန်ကြေညာချက်သည် ၀န်ကြီးများပြောင်းလဲခြင်း၊ ခန့်အပ်တာဝန်ပေးခြင်း တို့အ တွက် နိုင်ငံတော် သမ္မတရုံးမှထုတ်ပြန်သော ခြောက်ခုမြောက် ထုတ်ပြန်ချက်ဖြစ်သည်။ 

ဒုသမ္မတသစ် ကရင်ပြည်နယ် ရေးဘေးသင့် ပြည်သူများအား တွေ့ဆုံ





ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း သည် ယနေ့နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ကရင်ပြည် နယ် ရေဘေး ကယ်ဆယ်ရေး ထောက် ပံ့ငွေ ပေးအပ်ခြင်း နှင့် ရေနစ်မြုပ် ဆုံးရှုံးခဲ့သည့် လယ်မြေများ အတွက် စိုက်ပျိုး စရိတ် ထုတ်ပေးခြင်း အခမ်း အနားသို့ တက်ရောက်၍ အမှာ စကား ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်သည်။

စပိန် super Cup ရီးယဲလ်မက်ဒရစ်သိမ်းပိုက်

ရီးယဲလ်မက်ဒရစ် ၂ - ၁ ဘာစီလိုနာ
(11' ဟီဂူအင်၊ 19' ရော်နယ်လ်ဒို) (45' မက်ဆီ)
* ပထမအကျော့တွင် ဘာစီလိုနာက ၃-၂ ဂိုးဖြင့် အနိုင်ရရှိထားရာ ယခုပွဲရလဒ်အရ ရီးယဲလ်မက်ဒရစ်က နှစ်ပွဲပေါင်း အဝေးကွင်းဂိုးအသာဖြင့် စပိန် Super Cup ကို ဆွတ်ခူးသွားသည်။
 — at Real Madrid C.F.

Isaac မုန်တိုင်း အန္တရာယ်ရှိနေဆဲ




အိုင်းဆက်မုန်တိုင်းဟာ ဟာရီကိန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှောကျသွားပြီး တဲ့နောက် အမေရိကန် ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ လူဝီဆီယားနားပြည်နယ်ကို ကြာသပတေးနေ့မှာ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါ တယ်။ မုန်တိုင်းဟာ အားပျော့ သွားပေမဲ့လည်း အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ခြိမ်းခြောက်နေနိုင်တုန်းပဲလို့ မိုးလေ ၀သ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။

အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအ လဲများနှင့် ကိုးဂဏန်း တို့ တိုက်ဆိုင်မှု





ပြည်ထောင်စုဝန်ကြီးကိုးဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယ၀န်ကြီး ၁၅ ဦးကို ခန့်အပ် တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကချင်ဒုက္ခသည်တွေ ကို နယ်စပ်ဖွင့်ပေး ဖို့ တရုတ်ကို အမေရိ ကန်တိုက် တွန်း


မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။