Thursday, August 30, 2012

'' လွှတ်တော် ကိုယ်စား လှယ်ကြီးများ ခင်ဗျား " (ပေးစာ-အသံဖိုင်)

'

            '' အားလုံးမင်္ဂလာပါ ''

            ကျွန်တော်ကတော့ ဘောဂလိမှာနေတဲ့ အငြိမ်းစားကျောင်းဆရာ စောဟာဒင်ရှော ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒေသမှာ မငြိမ်းချမ်းခဲ့တာ ကြာပါပြီ။  အခုနှစ် ဆန်းကစပြီး KNU နှင့် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့လို့ ဒေသခံ ပြည်သူလူထုက ငြိမ်းချမ်းရေးရဲ့ အေးချမ်းမှုကို စတင်ခံစား နေရပါတယ် ။
ဒူးရင်း/မင်းဂွတ်တွေ အခက်အခဲမရှိ တောင်ငူကို ပို့နေရတဲ့အတွက် ဥယျာဉ်ခြံ  သမားများ ဝမ်းသာကြည် နူးကြပါတယ် ။ ကိုယ်စားလှယ်ကြီး များသုံးဆောင်နိုင်  ရန် မေတ္တာလက်ဆောင် ပို့ပေးချင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ SKY NET  ကနေကြည့်ရတာ စိတ်ပျက်စရာတွေ တွေ့ရပါတယ် ။ ကိုယ်စားလှယ်ကြီးတို့က ကျွန်တော်တို့ တောသူတောင်သား တွေဘဝတိုး တက်ရေး ၊ လက်နက်ကိုင် အဖွဲ့  အစည်းများအား ထာဝရငြိမ်းချမ်းရေး ပြုလုပ်နိုင်ရေး ဆွေးနွေးတဲ့ အကြောင်းအရာ  မကြားရဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများကို ပြည်ထောင်စု အဆင့်သတ်မှတ်ခြင်း ၊ မသတ်မှတ်ခြင်း တွေဆွေးနွေးနေတာ ကြားရပါတယ် ။ ကျွန်တော်ဥပဒေကို  အသေးစိတ် နားမလည်ပါ ။ ကျွန်တော်တို့ ကြားသိချင်တာက တိုင်းပြည် တိုးတက်ရေး၊ ငြိမ်းချမ်းမှု ထာဝရရရှိရေး ၊ ဘာတွေလုပ်မလဲ ဆိုတာကိုဘဲ သိချင်ပါတယ် ။ ဒါတွေကိုဆွေးနွေး စေချင်ပါတယ် ။ တိုင်းပြည်တိုး တက်လာရင် ကိုယ်စားလှယ်တော် ကြီးများကို ပြည်ထောင်စု အဆင့်သာမက ကုလသမဂ္ဂ အဆင့်ထိ ထားပေးချင် ပါတယ် ။ ကျွန်တော် တို့ပြည်သူရဲ့ အရေးကို အဓိကထား ဆွေးနွေးပေးပါ ။ အရေးကြီးတာ ကိုအရင်လုပ်ပေးပါ ။ ထာဝရငြိမ်းချမ်းရေးကို တည်မြဲစေချင်ပါ တယ် ။ ဒါတွေမှမဆွေးနွေး ချင်ရင်တော့ ပြည်သူ့ကိုယ်စားလှယ် များမလုပ်ကြ ပါနဲ့လို့ ပြောလိုပါတယ် ။
            '' အားလုံးကျေးဇူးတင်ပါတယ် ''

No comments:

Post a Comment