Thursday, August 30, 2012

ကော့သောင်းမြို့ ပြည်သူလူထု ပန်ကြားလွှာ



၂၀-၈-၂၀၁၂ ရက်နေ့လည် ၁နာရီခန့်က ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊ အမှတ်(၅) အင်န်အယ်လ်ဒီပါတီရုံးမျက်နှာချင်းဆိုင် မြရည်ပု လဲလမ်းဘေး၌ အင်န်အယ်လ်ဒီပါတီဝင် ဦးမျိုးလွင်၊ ၅၀နှစ်၊  ၁၄ /
ဒဒရ (နိုင်) ၁၆၀၆၂၀၊ အမေ့အိမ်(၂) ကျူရှင်ဆရာ၊ အမှတ်(၉၇)ဗိုလ်ချုပ်လမ်း၊ အောင်သုခ ရပ်ကွက်၊ ကော့သောင်းမြို့သူ တစ်ဦးတည်းမှ အင်န်အယ်ဒီပါတီ အလံစိုက်ထူ၍ စားပွဲ(၁)လုံးပေါ်တွင် " ရပ် / ကျေးဖွဲ့ စည်းဖို့(NLD) ကော့သောင်းခရိုင် / မြို့နယ်ကော်မရှင် အဖွဲ့ဖွဲ့စည်းမှုအား ကန့်ကွက်သည်၊ အစာငတ်ခံသဘောထား ဖော်ထုတ်ပွဲ၊ ၂၀၁၂ ဩဂုတ်လ ၂၀ ရက်" ဟုရေးသားထားသည့် ဝှိုက်ဘုတ်တစ်ခုအား ထောင်ထားပြီး ၂ လက်မခွဲခန့်ရှိ စပီကာ ၁ လုံးတင်၍ ပါတီတွင်း မကျေနပ်ချက်များအား ဖော်ထုတ်ပြောကြားလျှက် ရှိကြောင်းနှင့် ယင်းသို့ပြောကြား နေသည့်နေရာ သို့ ကော့သောင်းမြို့နယ် အင်န်အယ်လ်ဒီ အဖွဲ့ဝင် ဦးမြင့်မောင်(၁) ပါ ၃ ဦးတို့ရောက်ရှိလာပြီး ပြည်သူ လူထုကြီးသို့ ပန်ကြားလွှာခေါင်းစဉ်ပါ ကွန်ပျူတာစာစီထားသည့် စာရွက်၂ရွက်အား လမ်းပေါ်တွင် ဖြတ်သန်းသွားလာ သူများသို့ လက်ကမ်းဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2RRHlHK23FhNz2oMPuFje-MbHm6WBDah-KKP_Bl0qzZ1oh4dk-4o3s114ss9IcVBejLtKkEjpVlODOzDrW1ISSYHHO40CvBu-60V9YPMv-ex4Mxc6OgVClAVMxXd6EfAph3FV37SrR9w/s1600/100_4672.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdOblvI_zDNOMA002EtUUQUd3fIM0xheDzj8lK4ThcLbU9jLp2wPJu0k3S1VizuWPKPPfJ7SRD95lvyBCIJsVBUU92RKJvbco6dviOyX0HuQMxLyLmt6NbwDUOo4pumMlkYLyRKtWCx9s/s1600/100_46741.jpg

No comments:

Post a Comment