Thursday, August 30, 2012

Blue Moon ခေါ် လပြည့်ညကို ယနေ့ည တွင် မြင်တွေ့ရမည်





Blue Moonဟု ခေါ်ဝေါ်လေ့ရှိသည့် လပြည့်ညကို ဩဂုတ်လ (၃၀)ရက်နေ့တွင် တွေ့မြင်ရမည်ဖြစ်ပြီး ယင်းအခွင့်အရေးမျိုး နောက်တစ်ကြိမ် ကြုံကြိုက်ရန် (၂၀၁၅)ခုနှစ်ထိ စောင့်မျှော်ရတော့မည် ဖြစ်သည်။

Blue Moonဆိုသည်မှာ လ၏အရောင်ကို ခေါ်ဝေါ်ခြင်း မဟုတ်ဘဲ ဥတုရာသီ တစ်ခုအတွင်း (၄)ကြိမ်မြောက် လပြည့်ခြင်းနှင့် တစ်လအတွင်း (၂)ကြိမ်မြောက် လပြည့်ခြင်းကဲ့သို့ ဖြစ်စဉ်များကို သတ်မှတ်သော စကားလုံး ဖြစ်သည်။ ဩဂုတ်လ (၁)ရက်နေ့တွင် ပြည့်ပြည့်ဝဝ လပြည့်သည်ကို တွေ့မြင်ရပြီးနောက် ဩဂုတ်(၃၀)တွင် နောက်တစ်ကြိမ် လပြည့်သည့် Blue Moon ဖြစ်စဉ်ကို ကြုံတွေ့ရမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ဆိုသည်။ တွက်ချက်မှုများအရ တစ်လတာ အချိန်အတွင်း လပြည့်သည့် ဖြစ်စဉ်သည် တစ်ကြိမ်ပေါ်ပေါက်လာရန် ပျမ်းမျှ (၂.၇)နှစ်ခန့် ကြာမြင့်လေ့ ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment