
နယူးဇီလန်သစ် ရွိုင်ရယ် ခြေမြန်တပ် တပ်ရင်း ၁ နှင့် ၂ တို့က တပ်သားတွေက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ၃ ဦး တို့ရဲ့ ဈာပနပွဲမှာ အောက်မှာ ဖော်ပြထားသလို ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။
သူတို့ဟာ အာဖဂန် နစ်စတန် စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရ တာပါ။Burnham တပ်စခန်းမှာ လွန်ခဲ့တဲ့ ၂ ပတ်က ကားနဲ့ သယ်ဆောင်လာတဲ့ ရုပ်ကလပ်တွေ ရောက်လာချိန်မှာ စစ်သားများက နုတ်ဆက်ဂုဏ်ပြုခဲ့ကြတာပါ။
နယူးဇီလန် စစ်တပ်အရာရှိကြီး တဦးက ပြောတာကတော့ စစ်သားတွေဟာ အခုလို စုပေါင်းပြီး ၀မ်းနည်း ပူဆွေးမှု ပြသ တာ ကို သူတို့ မလုပ်ချင်ကြပါ ဘူးလို့ ပြောပါတယ်။ အခုတော့ မြင်နေရပြီလို့ သူက ပြော ထားပါတယ်။
ဒါဟာ Maori haka လို့ ခေါ်တဲ့ ရင်ထွင်းခံစားချက် သရုပ်ဖော်ကချက်နဲ့ ကျဆုံးသွားသူတွေကို ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။
From: Irrawaddyblog

No comments:
Post a Comment