Thursday, August 30, 2012

ဒုသမ္မတသစ် ကရင်ပြည်နယ် ရေးဘေးသင့် ပြည်သူများအား တွေ့ဆုံ





ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း သည် ယနေ့နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ကရင်ပြည် နယ် ရေဘေး ကယ်ဆယ်ရေး ထောက် ပံ့ငွေ ပေးအပ်ခြင်း နှင့် ရေနစ်မြုပ် ဆုံးရှုံးခဲ့သည့် လယ်မြေများ အတွက် စိုက်ပျိုး စရိတ် ထုတ်ပေးခြင်း အခမ်း အနားသို့ တက်ရောက်၍ အမှာ စကား ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတကြီးမှ နိုင်ငံရေး တည်ငြိမ်မှု ရရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ခွင့် ရရှိအောင် ထိတွေ့ဆက်ဆံ ဆောင်ရွက် နေပြီဖြစ် ကြောင်း၊ အလားတူ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်လည်း ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းပြီး နှစ်ဖက် တူညီသည့် နိုင်ငံ ချစ်စိတ် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ် တို့ကို အခြေခံ၍ လက်တွဲပူး ပေါင်းဆောင်ရွက် နေပြီဖြစ် ကြောင်း၊ လူထု၏ ဒုတိယ ဆန္ဒမှာ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်ကြောင်း၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး ဆိုသည်မှာ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရုံဖြင့် မပြီးဘဲ ပညာရေး၊ ကျန်းမာရေး၊ ဘဝအရည် အသွေး မြင့်မားရေး၊ တရား ဥပဒေ အရိပ် အောက်၌ စိတ်ချလုံခြုံစွာ နေထိုင်နိုင်ရေး တို့ပင်ဖြစ်ကြောင်း၊ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှု နိုင်ငံထူ ထောင်ရေး ရည်မှန်းကြိုးပမ်း အကောင် အထည်ဖော် နေကြောင်း၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ ကျင့်သုံး နေကြသည့် သမားရိုးကျ စိုက်ပျိုးရေးနည်း စနစ်များဖြင့် မည်သို့မျှ မဖြစ်နိုင်ကြောင်း လယ်ယာ ကဏ္ဍပြုပြင် ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင် သွားရမည် ဖြစ်ကြောင်းတို့ ဆွေးနွေး မှာကြားခဲ့သည်။


From: Myawaddy

No comments:

Post a Comment