Edit This Menu
Saturday, February 16, 2013
ပြည်သူတွေ ရဲ့ နေ့စဉ်ဘ၀နဲ့ ထိစပ်နေတဲ့အကြောင်းအရာတွေအပေါ် ပြည်သူတွေပြောတဲ့ စကားသံများကို တင်ဆက်ပေးမည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အစီအစဉ်အသစ်
ဒီနေ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ည ၈နာရီသတင်းအပြီးမှာမိုဘိုင်းဖုန်း
ဆင်းကဒ်တွေ ဈေးနှုန်း သက်သာစွာရောင်းပေးစေချင်တဲ့အကြောင်း ၊ အဲဒီလိုရောင်းပေးရင် ဘာအကျိုးတွေရလာမယ်ဆိုတဲ့အကြောင်း ပြည် သူတွေပြောတဲ့အတိုင်း တင်ဆက်ပေးထားပါတယ်။
အဲဒီလို ပြည်သူတွေ ရဲ့ နေ့စဉ်ဘ၀နဲ့ ထိစပ်နေတဲ့အကြောင်းအရာတွေ အပေါ် ပြည်သူတွေပြောတဲ့ စကားသံများကို အရင်းအတိုင်း တင် ဆက်ပေး တဲ့ အစီအစဉ်များကို ဆက်လက် တင်ဆက်ဖို့လည်း စီစဉ်နေပါတယ်။
ဆင်းကဒ်တွေ ဈေးနှုန်း သက်သာစွာရောင်းပေးစေချင်တဲ့အကြောင်း ၊ အဲဒီလိုရောင်းပေးရင် ဘာအကျိုးတွေရလာမယ်ဆိုတဲ့အကြောင်း ပြည် သူတွေပြောတဲ့အတိုင်း တင်ဆက်ပေးထားပါတယ်။
အဲဒီလို ပြည်သူတွေ ရဲ့ နေ့စဉ်ဘ၀နဲ့ ထိစပ်နေတဲ့အကြောင်းအရာတွေ အပေါ် ပြည်သူတွေပြောတဲ့ စကားသံများကို အရင်းအတိုင်း တင် ဆက်ပေး တဲ့ အစီအစဉ်များကို ဆက်လက် တင်ဆက်ဖို့လည်း စီစဉ်နေပါတယ်။
ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊
မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။
ပြည်တွင်းစစ်၏အရိပ်အောက်မှ လွတ်မြောက်ကာစ ထရေဖိုးကွီးရွာကလေး
ဖုန်များတလိမ့်လိမ့်ထနေသော တောလမ်းကြမ်းထဲတွင် ကားများ သတိ ထားပြီးမောင်းနှင်နေကြသည်။ ထေရဖိုးကြီး
ဆိုသော ကရင်ရွာလေးမှ ရွာပုန်းရွာရှောင် ဒုက္ခသည်များကို အကူအညီပေးရေး
ပစ္စည်းများ သွားရောက်လှူဒါန်းရန် သွားနေကြခြင်းဖြစ်သည်။
လေးဘီး ကားများဖြစ်သော Double Cad ၊Pardo ၊Tiger တို့ကဲ့သို့ ကားမျိုးများဖြစ်၍သာ ယင်းလမ်းကိုမောင်းနိုင်ကြခြင်းဖြစ်ပြီး သာမာန် အိမ်စီးကားများသာဆိုလျင် ထိုတောလမ်းကြမ်းကို ဖြတ်နိုင်ကြမည် မဟုတ်ပေ။
ပြည်ထောင်စုနေ့ စစ်စစ် ဖြစ်ချင်ကြောင်း SNLDမှ ဦးစောသန်းမြင့်ဆို
ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ(SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ယနေ့နံနက် တွင်ပြုလုပ်သော ညီနောင်တိုင်းရင်းသား ပါတီများ၏ (၆၆)နေ့ မြော က် ပြည်ထောင်စုနေ့ အခမ်း အနားသို့ တတ်ရောက်လာစဉ် ပြည်ထောင် စုနေ့ စစ်စစ်ဖြစ်ချင်ကြောင်းကို မြန်မာ့ခေတ်သို့ ပြောကြားသည်။
“တရှက်က နှစ်ရှက်”
မစပ်စုတို့ ရွှေနိုင်ငံကြီးမှာ တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ထဲမှာ လူငယ်
လူလတ် အမျိုးသမီး အမျိုးသားတွေရဲ့ ပွင့်လင်း မြင်သာတဲ့ ပုံရိပ်တွေကို
ရည်ရွယ်ချက်ရှိရှိ ခိုးဝှက်ရိုက်ကူးလို့ facebook တွေ၊ ဘလော့ဂ်တွေထက်
ဖော်ပြလာကြတာ တွေလည်း ပါမယ်ထင်ပါတယ်။
အရင်က ဒီလို ကိစ္စမျိုးတွေဟာ အနုပညာရှင်တွေ အကြားမှာသာ ရှိခဲ့တယ်လို့
ဆိုရမှာ ဖြစ်ပေမယ့် အခုအခါမှာတော့ သာမန်လူတွေ အတွက်ပါ ဂရုပြုရမယ့် ကိစ္စတရပ်
ဖြစ်လာပါပြီ။
ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ၌ ဓာတ်ကြွင်း အာနိသင် ကျန်ရှိမှုနှုန်းကို သုတေသနလုပ်ရန် စီစဉ်
ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများတွင် ပိုးသတ်ဆေးနှင့်
ဓာတုဟော်မုန်း ဆေးများ၏ ဓာတ်ကြွင်းအာနိသင် ကျန်ရှိမှုနှုန်းကို သုတေသန
ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊
အမျိုးသား အဆိပ်ထိန်းချုပ်မှု ဌာနမှ သိရသည်။
နျူကလီးယားစမ်းသပ်မှု ထပ်မံ ပြုလုပ်ဖွယ်ရှိကြောင်း မြောက်ကိုရီးယား ပြောကြား
မြောက်ကိုရီးယားနိုင်ငံသည့် ယခုနှစ်အတွင်း နျူကလီးယား
စမ်း သပ်ဖောက်ခွဲ မှုများ ထပ်မံ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မကြာသေးမီက
ပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှုမှာ
ပထမအဆင့်ဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ၂
ကြိမ် ပြုလုပ်သွားဖွယ်ရှိ သည်ဟု မြောက် ကိုရီးယားက ၎င်း၏ အဓိကမဟာမိတ်
တရုတ်နိုင်ငံကို ပြောကြား လိုက်ကြောင်း သတင်းထွက်ပေါ်လာသည်။
ဘင်္ဂါလီလူမျိုးများမှ အကြမ်းဖက်ရိုက်နှက်၍ ငွေနှင့်ပစ္စည်းလုယက်
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံး ကျေးရွာအုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ ၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ
တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဦးသာထွန်းနှင့် ဒေါ်ဖြူမချေ တို့၏ တဲသို့
ရောက်ရှိလာပြီး ဦးသာထွန်းနှင့် ဒေါ်ဖြူမချေတို့ကို လက်ပြန်ကြိုးတုပ်၍ တိုင်တွင် ချည်နှောင် ထားခဲ့ပါသည်။
ရတနာပုံ ဆိုက်ဘား စီးတီး အဆောင်နေ ကျောင်းသား များ၏ ဆိုင်ကယ် ခိုးခံရမှု များလာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘားစီးတီး ကျောင်းသားများ နေ ထိုင် သော ပြင်ပ အဆောင် များတွင် ယမန်
နှစ်ကုန်ပိုင်း မှ ယခု ဖေဖော်ဝါရီလ အတွင်း ကျောင်းသားပိုင် ဆိုင်ကယ်
၆စီးခန့် အခိုး ခံရပြီး ပျောက်ဆုံးမှုများ တိုးလာကြောင်း ဆိုင်ကယ်အခိုးခံရသူ ရတနာပုံဆိုက်ဘာ စီးတီး ဒုတိယနှစ် ကျောင်းသား မောင်ထွဋ်အောင်ခမ်း က The Voice Weekly သို့ ဆက်သွယ် ပြောကြား သည်။
(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်
သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီး နားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သလစ် အသင်းတော်
တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို
ကျင်းပပြုလုပ်ခဲ့ ပါသည်။ ၎င်းပွဲတော်သို့ ပတ်ဝန်းကျင် ကျေးရွာများမှ
ရွာသူရွာသား အင်အား ၁၀၀၀ ခန့် ပါဝင်ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ
ကျင်းပ ခဲ့ကြောင်း သိရှိရ ပါသည်။
Subscribe to:
Posts (Atom)