Saturday, February 16, 2013

စီးပွားရေး အတွက် စက်ဘီးစီးမယ်

Photo: စီးပွားရေးအတွက် စက်ဘီးစီးမယ်
Saturday, February 16, 2013 

ထိုင်း-မြန်မာချစ်ကြည်ရေး နှစ်နိုင်ငံစက်ဘီးစီးပွဲကို ယနေ့နံနက်က မဲဆောက်နှင့်မြ၀တီတွင်ပြုလုပ်ရာ နှစ်နိုင်ငံမှ စက်ဘီးစီးသမားများ  ၁,၀၀၀ ကျော် တက်ရောက်ဆင်နွဲခဲ့ကြသည်။

စက်ဘီးစီးသမားများသည် မဲဆောက်ရှိ မြို့နယ်ဘောလုံးကွင်းမှတဆင့် နယ်ခြားချစ်ကြည်ရေး တံတားကို ဖြတ်ကာ  မြ၀တီကုန်သွယ်ရေးဇုံသို့ သွားရောက်လည်ပတ်ကြပြီး မြ၀တီမြို့ရှိဘုရားများကို ၀င်ရောက်
ဖူးမြော်ကြသည်။

ကီလိုမီတာ ၄၀ ကျော်ရှိသည့် ခရီးစဉ်တွင် မြန်မာစက်ဘီးစီးသမား ၃၅၀ နှင့် ထိုင်း ၇၀၀ ခန့် ပါရှိသည်။

မြန်မာ ၃၅၀ မှာ မြ၀တီမြို့နယ်မှ ကျောင်းသားလူငယ်များဖြစ်သည်။

မြ၀တီအထက ၂ မှ မောင်မျိုးကျော်က” နှစ်နိုင်ငံစက်ဘီးစီးပွဲကို အခုလို ဆင်နွဲတာ ပထမဆုံးပဲ။ အရင်ကဒီလို အခွင့်အရေးမရှိခဲ့ဘူး။  ထိုင်းဘက်က
ကျောင်းသားတချို့နဲ့သိခွင့်ရခဲ့တယ်။ စကားပြန်ကတဆင့်ပါပဲ။ ကျနော်တို့လည်း  ထိုင်းကျောင်းသားတွေလို သူတို့ဆီကို အလည်သွားခွင့်ရချင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

စက်ဘီးစီးပွဲကို  နှစ်နိုင်ငံ ချစ်ကြည်ရေးအပြင် နှစ်နိုင်ငံပြည်သူများ
ဒေသန္တရဗဟုသုတရရှိရေးအတွက် အပြန်အလှန်ကျင်းပရခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များဥက္ကဋ္ဌ
နိုင်ဘန်ဖို့ကော်ကယ်ကျလန်းကပြောသည်။

မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က”
နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဖြစ်သလို ဒေသဖွံ့ဖြိုးရေး လူမှုရေး စီးပွားရေး အကုန်ပါတယ်” ဟုသတင်းထောက်များကိုပြောသည်။

ထိုအသင်း စက်ဘီးစီးပွဲကို မြ၀တီခရိုင်နှင့်တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ၂ ခုက ကမကထပြု ၍ကျင်းပခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတားအလယ်၌ တာ့ခ်ခရိုင်လက်ထောက်ခရိုင်ဝန်၊
မြ၀တီခရိုင်ဥက္က ဌ ဦးသန်းဆွေတို့က စက်ဘီးစီးပွဲဖွင့်လှစ်ပေးကြသည်။

၂၀၁၅ တွင်စတင်မည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) မတိုင်မီ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ထိုင်းနိုင်ငံက ချစ်ကြည်ရေးလုပ်ငန်းများ တည်ဆောက်နေသည်ဟု ထိုင်းစက်ဘီးစီးအဖွဲ့မှ စက်မှုလုပ်ငန်းရှင်နိုင်ဝစ်ချိုင်းက   ပြောသည်။

ထိုင်းတွင် AEC အတွက် ပြင်ဆင်မှု အတန်အသင့် အရှိန်ရနေချိန်တွင်
မြန်မာပြည်ဘက် အနေအထားကို အားရခြင်း မရှိကြောင်း
မြန်မာကုန်သည်ဦးဟာမက်က ပြောသည်။

“ ရေရှည်မှာစီးပွားရေးအရ အိမ်နီးချင်းနိုင်ငံတွေကို ယှဉ်ဘို့ အတော့်ကို ကြိုးစားရအုံးမယ်” ဟု ဦးဟာမက်က ဆိုသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောသည် ထိုင်းနိုင်ငံအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောဖြစ်ပြီး လစဉ်ထိုင်းကုန်ပစ္စည်းများ  ထိုင်းဘတ်ငွေသန်း ၄,၀၀၀ ဘိုးခန့်မြန်မာဘက်သို့ ပုံမှန်တင်သွင်းနေသည်။

ပြည်တော်မြင့် 
ဧရာဝတီ ထိုင်း-မြန်မာချစ်ကြည်ရေး နှစ်နိုင်ငံစက်ဘီးစီးပွဲကို ယနေ့နံနက်က မဲဆောက်နှင့်မြ၀တီတွင်ပြုလုပ်ရာ နှစ်နိုင်ငံမှ စက်ဘီးစီးသမားများ ၁,၀၀၀ ကျော် တက်ရောက်ဆင်နွဲခဲ့ကြသည်။စက်ဘီးစီးသမားများသည် မဲဆောက်ရှိ မြို့နယ်ဘောလုံးကွင်းမှတဆင့် နယ်ခြားချစ်ကြည်ရေး တံတားကို ဖြတ်ကာ မြ၀တီကုန်သွယ်ရေးဇုံသို့ သွားရောက်လည်ပတ်ကြပြီး မြ၀တီမြို့ရှိဘုရားများကို ၀င်ရောက် ဖူးမြော်ကြ သည်။

ကီလိုမီတာ ၄၀ ကျော်ရှိသည့် ခရီးစဉ်တွင် မြန်မာစက်ဘီးစီးသမား ၃၅၀ နှင့် ထိုင်း ၇၀၀ ခန့် ပါရှိ သည်။ မြန်မာ ၃၅၀ မှာ မြ၀တီမြို့နယ်မှ ကျောင်းသားလူငယ်များဖြစ်သည်။

မြ၀တီအထက ၂ မှ မောင်မျိုးကျော်က” နှစ်နိုင်ငံစက်ဘီးစီးပွဲကို အခုလို ဆင်နွဲတာ ပထမဆုံးပဲ။ အရင်ကဒီလို အခွင့်အရေးမရှိခဲ့ဘူး။ ထိုင်းဘက်က ကျောင်းသားတချို့နဲ့သိခွင့်ရခဲ့တယ်။ စကားပြန်ကတဆင့်ပါပဲ။ ကျနော်တို့လည်း ထိုင်းကျောင်းသားတွေလို သူတို့ဆီကို အလည်သွားခွင့်ရချင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

စက်ဘီးစီးပွဲကို နှစ်နိုင်ငံ ချစ်ကြည်ရေးအပြင် နှစ်နိုင်ငံပြည်သူများ ဒေသန္တရဗဟုသုတရရှိရေးအတွက် အပြန်အလှန်ကျင်းပရခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းကပြောသည်။

မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က” နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဖြစ်သလို ဒေ သ ဖွံ့ဖြိုးရေး လူမှုရေး စီးပွားရေး အကုန်ပါတယ်” ဟုသတင်းထောက်များကိုပြောသည်။

ထိုအသင်း စက်ဘီးစီးပွဲကို မြ၀တီခရိုင်နှင့်တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ၂ ခုက ကမကထပြု ၍ကျင်းပခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတားအလယ်၌ တာ့ခ်ခရိုင်လက်ထောက်ခရိုင်ဝန်၊ မြ၀တီခရိုင်ဥက္ကဌ ဦးသန်းဆွေတို့က စက်ဘီးစီးပွဲဖွင့်လှစ်ပေးကြသည်။

၂၀၁၅ တွင်စတင်မည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) မတိုင်မီ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ထိုင်းနိုင်ငံက ချစ်ကြည်ရေးလုပ်ငန်းများ တည်ဆောက်နေသည်ဟု ထိုင်းစက်ဘီးစီးအဖွဲ့မှ စက်မှုလုပ်ငန်းရှင်နိုင်ဝစ်ချိုင်းက ပြောသည်။

ထိုင်းတွင် AEC အတွက် ပြင်ဆင်မှု အတန်အသင့် အရှိန်ရနေချိန်တွင် မြန်မာပြည်ဘက် အနေအထားကို အားရခြင်း မရှိကြောင်း မြန်မာကုန်သည်ဦးဟာမက်က ပြောသည်။

“ ရေရှည်မှာစီးပွားရေးအရ အိမ်နီးချင်းနိုင်ငံတွေကို ယှဉ်ဘို့ အတော့်ကို ကြိုးစားရအုံးမယ်” ဟု ဦးဟာမက်က ဆိုသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောသည် ထိုင်းနိုင်ငံအတွက် အရေးပါသည့် ကုန်သွယ်ရေး လမ်းကြောဖြစ်ပြီး လစဉ် ထိုင်းကုန်ပစ္စည်းများ ထိုင်းဘတ်ငွေသန်း ၄,၀၀၀ ဘိုးခန့်မြန်မာဘက်သို့ ပုံမှန်တင်သွင်းနေသည်။

ပြည်တော်မြင့်
ဧရာဝတီ

No comments:

Post a Comment