Saturday, February 16, 2013

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံအပါအဝင် အပန်းဖြေပန်းခြံငါးခုအား ပန်းခြံအင်္ဂါရပ်ဖြင့် ပြည့်စုံစေရန် ၂ဝ၁၃ခုနှစ် ဘဏ္ဍနှစ်မကုန်ခင် ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ပန်းခြံဝင်ကြေး ပြောင်းလဲကောက်ခံရန် အစီအစဉ်မရှိဟုဆို

Photo: ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံအပါအဝင် အပန်းဖြေပန်းခြံငါးခုအား ပန်းခြံအင်္ဂါရပ်ဖြင့် ပြည့်စုံစေရန် ၂ဝ၁၃ခုနှစ် ဘဏ္ဍနှစ်မကုန်ခင်
ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ပန်းခြံဝင်ကြေး ပြောင်းလဲကောက်ခံရန် အစီအစဉ်မရှိဟုဆို
Saturday, February 16, 2013

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံအပါအဝင် အပန်းဖြေပန်းခြံ ဥယျာဉ်ငါးခုအား အပန်းဖြေပန်းခြံ အင်္ဂါရပ်ဖြင့် ပြည်စုံစေရန် ၂ဝ၁၃ခုနှစ် ဘဏ္ဍနှစ် မကုန်ခင် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစား
ကွင်းများ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ ပြန်လည် အဆင့်တိုးမြှင့်ပြုပြင်မည့် အပန်းဖြေ ပန်းခြံဥယျာဉ်များမှာ
- ပြည်သူ့ဥယျာဉ်၊ကန်တော်မင်္ဂလာဥယျာဉ်၊ကန်သာယာ(ကုက္ကိုင်း)ဥယျာဉ်၊
ရှုခင်းသာပန်းခြံ၊ မဟာဗန္ဓုလပန်းခြံတို့ ဖြစ်ကြောင်း သိရှိ ရသည်။

ယင်းသို့ ပြုပြင်ဆောင်ရွက်ရာတွင် အပန်းဖြေဥယျာဉ် တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ဆောက်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အပန်းဖြေဥယျာဉ်များ၏ ဝင်ကြေးနှုန်းထားများကို ပြောင်းလဲ ကောက်ခံရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

''ဒီအပန်းဖြေ ဥယျာဉ်ငါးခုကို အခုလောလောဆယ် ပြုပြင်မှာပါ၊အခြား
ဥယျာဉ်တွေကိုလည်း ကုန်ကျစရိတ်ပေါ် မူတည်ပြီး ဆက်လက်ပြုပြင်
ဆောင်ရွက်ဖို့ ရှိပါတယ်၊ကန်တော်ကြီး ရေကန်ဆိုရင် အနံ့တအား
ဆိုးလာတဲ့အတွက် ရေပြန်လည်လဲလှယ်ဖို့ ရှိတယ်၊ကန်တော်ကြီး
ဥယျာဉ်ကတော့ တခြားပြုပြင်မှုတွေကို ဆောင်ရွက်ဖို့ မရှိသေးပါဘူး''ဟု ပန်းဥယျာဉ်နှင့်အားကစားကွင်းများ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ရန်ကုန်မြို့တွင် ပြန်လည်ပြုပြင်မည့် ပန်းခြံငါးခုအပါအဝင်  အပန်းဖြေဥယျာဉ် စုစုပေါင်း ၅၈ ခုရှိပြီး အများစုမှာ ကျပ်၃ဝဝ မှ၁ဝဝဝထိ ပန်းခြံဝင်ကြေး
ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မဟာဗန္ဓုလပန်းခြံအတွင်း တစ်နေရာကိုတွေ့ရစဉ်
Eleven Media Group ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံအပါအဝင် အပန်းဖြေပန်းခြံ ဥယျာဉ်ငါးခု အား အပန်းဖြေပန်းခြံ အင်္ဂါရပ်ဖြင့် ပြည်စုံစေရန် ၂ဝ၁၃ခုနှစ် ဘဏ္ဍနှစ် မကုန်ခင် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။ အဆိုပါ ပြန်လည် အဆင့်တိုးမြှင့်ပြုပြင်မည့် အပန်းဖြေ ပန်းခြံဥယျာဉ်များ မှာ - ပြည်သူ့ဥယျာဉ်၊ ကန်တော်မင်္ဂလာဥယျာဉ်၊ ကန်သာယာ(ကုက္ကိုင်း) ဥယျာဉ်၊ ရှုခင်းသာပန်းခြံ၊ မဟာဗန္ဓုလပန်းခြံတို့ ဖြစ်ကြောင်း သိရှိ ရသည်။

ယင်းသို့ ပြုပြင်ဆောင်ရွက်ရာတွင် အပန်းဖြေဥယျာဉ် တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ဆောက် ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အပန်းဖြေဥယျာဉ်များ၏ ဝင်ကြေးနှုန်းထားများ ကို ပြောင်းလဲ ကောက်ခံ ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

''ဒီအပန်းဖြေ ဥယျာဉ်ငါးခုကို အခုလောလောဆယ် ပြုပြင်မှာပါ၊အခြား ဥယျာဉ်တွေကိုလည်း ကုန်ကျ စရိတ်ပေါ် မူတည်ပြီး ဆက်လက်ပြုပြင် ဆောင်ရွက်ဖို့ ရှိပါတယ်၊ကန်တော်ကြီး ရေကန်ဆိုရင် အနံ့တအား ဆိုးလာတဲ့အတွက် ရေပြန်လည်လဲလှယ်ဖို့ ရှိတယ်၊ကန်တော်ကြီး ဥယျာဉ်ကတော့ တခြားပြုပြင် မှုတွေကို ဆောင်ရွက်ဖို့ မရှိသေးပါဘူး''ဟု ပန်းဥယျာဉ်နှင့်အားကစားကွင်းများ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ပြန်လည်ပြုပြင်မည့် ပန်းခြံငါးခုအပါအဝင် အပန်းဖြေဥယျာဉ် စုစုပေါင်း ၅၈ ခုရှိပြီး အများစုမှာ ကျပ်၃ဝဝ မှ၁ဝဝဝထိ ပန်းခြံဝင်ကြေး ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မဟာဗန္ဓုလပန်းခြံအတွင်း တစ်နေရာကိုတွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment