Saturday, February 16, 2013

ပြည်ထောင်စုနေ့ စစ်စစ် ဖြစ်ချင်ကြောင်း SNLDမှ ဦးစောသန်းမြင့်ဆို

Photo: ပြည်ထောင်စုနေ့စစ်စစ် ဖြစ်ချင်ကြောင်း SNLDမှ
ဦးစောသန်းမြင့်ဆို
Saturday, February 16, 2013

ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ(SNLD)မှ ပြောရေး
ဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ယနေ့နံနက်တွင်ပြုလုပ်သော ညီနောင်တိုင်းရင်းသားပါတီများ၏ (၆၆)နေ့မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တတ်ရောက်
လာစဉ် ပြည်ထောင်စုနေ့ စစ်စစ်ဖြစ်ချင်ကြောင်းကို မြန်မာ့ခေတ်သို့
ပြောကြားသည်။

"ပြည်ထောင်စုနေ့စစ်စစ် ဖြစ်ချင်တယ်၊ အခုက ပြည်ထောင်စုနေ့
စစ်စစ် မဟုတ်ဘူး၊ အတုဖြစ်နေတယ်၊ တကယ့်ကို အတုအယောင်
ပြည်ထောင်စုနေ့ဖြစ်တယ်။ ဦးတို့လိုချင်တာက တကယ့်ပြည်ထောင်
စုနေ့စစ်စစ်ကို လိုချင်တာ၊ ပြည်ထောင်အားလုံး စုစည်းထားတဲ့
ပြည်ထောင်စုကို လိုချင်တာ"ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် ပင်လုံစာချုပ်ပါအချက်များကို လက်ရှိအချိန်ထိ
အကောင် ထည်ဖော်နိုင်ခြင်း မရှိသေး၍ တိုင်းရင်းသားများ
အတွက် အဓိကအားဖြင့် တန်းတူညီမျှရေး မရရှိသေးကြောင်းနှင့် တစ်နိုင်ငံလုံးတွင် နေထိုင်သူများအားလုံး၊ တိုင်းရင်းသားများအားလုံး လုပ်ပိုင်ခွင့် အခွင့်အရေး တန်းတူညီမျှဖြစ်သင့်ကြောင်း
ပြောကြားခဲ့သည်။

ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးနှင့် ပက်သက်၍လည်း " ဦးနေဝင်း
ရဲ့ ဖက်ဒရယ်ဟာ ခွဲထွက်ရေးမူပါ ဆိုတာကို နားထဲ၊ ခေါင်းထဲမှာ ရိုက်သွင်းထားတာလေ။ အဲဒီဟာကြောင့် သူတို့တွေဝေနေတာ။ အခုတော့သူတို့လေ့လာနေပြီ၊ နိုင်ငံတော်အစိုးရအဖွဲ့ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက်ပြီးတော့ ဦးတို့
သိရသလောက် အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ
က အကြီးအကဲတွေကိုယ်တိုင်ဖက်ဒရယ်ဆိုတာကိုတော်တော်လေး
လေ့လာနေတဲ့ အနေအထားမှာရှိတယ်" ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာပါက နိုင်ငံကွဲသွားခြင်း
မရှိပဲ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ဖြင့် ဒေသသာကွဲသွားမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ရှမ်းပြည်နယ်ကို ရှမ်းအစိုးရနှင့် ရှမ်းလွှတ်တော်တို့
ကသာစီမံခန့်ခွဲ ပြဒါန်းအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း မြန်မာ့ခေတ်
သို့ ပြောကြားသည်။

ထက်နောင်နောင်
The Myanma Age ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ(SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ယနေ့နံနက် တွင်ပြုလုပ်သော ညီနောင်တိုင်းရင်းသား ပါတီများ၏ (၆၆)နေ့ မြော က် ပြည်ထောင်စုနေ့ အခမ်း အနားသို့ တတ်ရောက်လာစဉ် ပြည်ထောင် စုနေ့ စစ်စစ်ဖြစ်ချင်ကြောင်းကို မြန်မာ့ခေတ်သို့ ပြောကြားသည်။ "ပြည်ထောင်စုနေ့စစ်စစ် ဖြစ်ချင်တယ်၊ အခုက ပြည်ထောင်စုနေ့ စစ်စစ် မဟုတ်ဘူး၊ အတုဖြစ်နေတယ်၊ တကယ့်ကို အတုအယောင်ပြည်ထောင် စုနေ့ဖြစ်တယ်။ ဦးတို့လိုချင်တာက တကယ့်ပြည်ထောင်စုနေ့စစ်စစ်ကို လိုချင်တာ၊ ပြည်ထောင်အားလုံး စုစည်းထားတဲ့ ပြည်ထောင်စုကို လိုချင်တာ"ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် ပင်လုံစာချုပ်ပါအချက်များကို လက်ရှိအချိန်ထိ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေး၍ တိုင်းရင်း သားများအတွက် အဓိကအားဖြင့် တန်းတူညီမျှရေး မရရှိသေးကြောင်းနှင့် တစ်နိုင်ငံလုံးတွင် နေထိုင်သူ များအားလုံး၊ တိုင်းရင်းသားများအားလုံး လုပ်ပိုင်ခွင့် အခွင့်အရေး တန်းတူညီမျှဖြစ်သင့်ကြောင်း ပြောကြားခဲ့ သည်။

ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးနှင့် ပက်သက်၍လည်း " ဦးနေဝင်းရဲ့ ဖက်ဒရယ်ဟာ ခွဲထွက်ရေးမူပါ ဆိုတာကို နားထဲ၊ ခေါင်းထဲမှာ ရိုက်သွင်းထားတာလေ။ အဲဒီဟာကြောင့် သူတို့တွေဝေနေတာ။ အခုတော့ သူတို့လေ့လာနေပြီ၊ နိုင်ငံတော်အစိုးရအဖွဲ့ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက်ပြီးတော့ ဦးတို့
သိရသလောက် အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အကြီးအကဲတွေကိုယ်တိုင်ဖက်ဒရယ် ဆိုတာကိုတော်တော်လေး လေ့လာနေတဲ့ အနေအထားမှာရှိတယ်" ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာပါက နိုင်ငံကွဲသွားခြင်းမရှိပဲ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ဖြင့် ဒေသ သာကွဲသွားမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ရှမ်းပြည်နယ်ကို ရှမ်းအစိုးရနှင့် ရှမ်းလွှတ်တော်တို့ ကသာစီမံခန့်ခွဲ ပြဒါန်းအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း မြန်မာ့ခေတ်သို့ ပြောကြားသည်။

ထက်နောင်နောင်
The Myanma Age

No comments:

Post a Comment