Saturday, February 16, 2013

မူးယစ် ကင်းစင်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက် ထားရှိ ဆောင်ရွက် လျက်ရှိ

Photo: မူးယစ် ကင်းစင်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက် ထားရှိ ဆောင်ရွက် လျက်ရှိ
Saturday, February 16, 2013

နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူကာ မူးယစ် ကင်းစင်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက် ထားရှိ ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် အစိုးရ သာမက လူမှုရေး အသင်း အဖွဲ့များက ပူးပေါင်း ပါဝင် လာမှသာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အောင်မြင်မည် ဖြစ်ကြောင်း၊
MANA အသင်းကြီး အနေဖြင့် ပြည်သူချစ်သော အနုပညာ ရှင်များ၊ စာပေ ပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်ကာ ကျောင်းသား လူငယ်ထု အတွင်း မူးယစ် ဆေးဝါးနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များ တားဆီး ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲ ပြုလုပ်ရာ အထူးပင် အောင်မြင် နေသည်ကို သိရှိ ရကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ တစ်ရပ်လုံး အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး၊ မူးယစ်ဆေးဝါး အလွဲသုံး မှုကြောင့်
နောက်ဆက် တွဲ ဖြစ်ပေါ် လာမည့် ခုခံအား ကျဆင်းမှု ရောဂါ HIV/ AIDS အန္တရာယ် ကိုလည်း ကျဆင်းသွားအောင် ဆောင်ရွက်ကြရ မည်ဖြစ်သည့် အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့ နံနက် ၈ နာရီခွဲတွင် ကမာ ရွတ် မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်၌ ကျင်းပသည့် မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ (၁၄) ကြိမ်မြောက် ဗဟို ကော်မတီ အစည်း အဝေးတွင် တိုက်တွန်းမှာ ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ မြန်မာနိုင်ငံ ဂီတ အစည်း အရုံးမှ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေ တို့အား MANA ၏ လူထု ဆက်ဆံရေး သံတမန် ခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်၍ MANA သို့ အလှူရှင်များ ဖြစ်ကြသည့် ရွှေသံလွင် ကုမ္ပဏီက
ငွေကျပ်သိန်း ၅ဝ၊ ရွှေကမ္ဘာ ကုမ္ပဏီက ငွေကျပ် ၁ဝ သိန်းနှင့် SI Group က ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ် ၆၅ သိန်းကို ပေးအပ် လှူဒါန်းကြရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်
ပေးအပ်ကာ အစည်း အဝေးကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။

http://bit.ly/YwVNQx
မြ၀တီ နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူကာ မူးယစ်ကင်းစင်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တစ် ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် အစိုးရ သာမက လူမှုရေး အသင်း အဖွဲ့များက ပူးပေါင်း ပါဝင် လာမှသာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင် မည် ဖြစ်ကြောင်း၊ MANA အသင်းကြီး အနေဖြင့် ပြည်သူချစ်သော အနုပညာရှင်များ၊ စာပေပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်ကာ ကျောင်းသား လူငယ်ထု အတွင်း မူးယစ် ဆေးဝါးနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များ တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ အထူးပင် အောင်မြင် နေသည်ကို သိရှိ ရကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ တစ်ရပ်လုံး အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး၊ မူးယစ်ဆေးဝါး အလွဲသုံး မှုကြောင့် နောက်ဆက် တွဲ ဖြစ်ပေါ် လာမည့် ခုခံအား ကျဆင်းမှု ရောဂါ HIV/ AIDS အန္တရာယ် ကိုလည်း ကျဆင်းသွားအောင် ဆောင်ရွက်ကြရ မည်ဖြစ်သည့် အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့ နံနက် ၈ နာရီခွဲတွင် ကမာ ရွတ် မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်၌ ကျင်းပသည့် မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ (၁၄) ကြိမ်မြောက် ဗဟို ကော်မတီ အစည်း အဝေးတွင် တိုက်တွန်းမှာ ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ မြန်မာနိုင်ငံ ဂီတ အစည်း အရုံးမှ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေ တို့အား MANA ၏ လူထု ဆက်ဆံရေး သံတမန် ခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်၍ MANA သို့ အလှူရှင်များ ဖြစ်ကြသည့် ရွှေသံလွင် ကုမ္ပဏီက ငွေကျပ်သိန်း ၅ဝ၊ ရွှေကမ္ဘာ ကုမ္ပဏီက ငွေကျပ် ၁ဝ သိန်းနှင့် SI Group က ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ် ၆၅ သိန်းကို ပေးအပ် လှူဒါန်းကြရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ကာ အစည်း အဝေးကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။

http://bit.ly/YwVNQx

From : မြ၀တီ

No comments:

Post a Comment