Edit This Menu
Thursday, February 7, 2013
မက္ကဆီကိုမှ ရေအောက်ပြတိုက်
အင်္ဂလိပ်လူမျိုး Jason deCAires Taylor အမည်ရ ပန်းပု ဆရာက ထွင်းထု လိုက်တဲ့ ပန်းပုလက်ရာများ ဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံ အရှေ့ တောင်ပိုင်း Cancun ဆိပ်ကမ်းမြို့ အနီးက ပင်လယ် တစ်နေရာမှာ ထွင်းထုထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ရုပ်ထုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ အားလုံးကို ရေအောက်က သဘာဝ ကွန်ကရစ်များနဲ့ ထုလုပ်ပြီး သန္တကျောက်တန်းရှင်သန်ရာ နေရာတွေမှာ ထားပါ တယ်။
မီးမလာမည်ကိုစိုးရိမ်သလောက် ပုလဲစံပြရွာလေးတွင် လျှပ်မီးမသုံးရဲသလောက်ကြောက်နေ
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာတွင် ၂၀၀၈ ခုနှစ်၌ သိန်းတစ်ထောင်ခန့် အကုန်ကျခံ၍ ကိုယ့်အားကိုကိုး မီးရရှိရေး ဆောင်ရွက် ထားသော်လည်း အိမ်သုံးမီတာခနှင့် လမ်းမီး မီတာခများအပြင် ယခုအခါ လေးနှစ်အတွင်း လေလွင့်လျှပ်စစ်မီတာခ သိန်းပေါင်းများစွာကို ပေးချေရန် သုံးခွမြို့နယ် လျှပ်စစ်ရုံး မှ တောင်းခံနေသောကြောင့် ကျေးရွာသားများ မီးမသုံးရဲ သလောက်ပင် ဖြစ်နေကြသည်ဟု ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးအေးသွင်က ပြောကြားသည်။
Subscribe to:
Comments (Atom)


