
ကျေးရွာမီးလင်းရေး ကော်မတီဝင်များသည် ကိုယ့်အားကိုကိုး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်စဉ်ကပင် အိမ်သုံးမီတာခများ၊ လမ်းမီးအချောင်း (၈၀)အတွက် သီးခြားမီတာခအားနှင့် မီတာထိမ်းသိမ်း စောင့်ရှောက် ခများကို လစဉ်ပေးသွင်းခဲ့ကြရပြီး စာချုပ်တွင် မပါဝင်သော လေလွင့်မီတာခ (ခြားနားယူနစ်ခ)များအား တစ်ကြိမ်တစ်ခါမျှ ပေးသွင်းခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။
မီးလင်းရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးစိုးပိုင်က"အစိုးရက တိုက်ရိုက်ချပေးတဲ့ရွာတွေက ကွာခြား ယူနစ်ဖိုး မပေးရဘဲ ကျွန်တော်တို့ ရွာသားတွေကို တောင်းနေတော့ ပြည်သူချင်းတူပေမဲ့ ခွဲခြားဆက်ဆံ ခံနေရတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်" ဟုပြောကြားသည်။
အဆိုပါ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးများ ရရှိထားသော်လည်း ကိုယ့်အားကိုကိုး မီးရရှိရေး ကြိုးစားထားသော ရွာများတွင် ယခုကဲ့သို့ အတောင်းခံနေရကြောင်းနှင့် အချို့ရွာ များတွင် ပေးဆောင်နေကြရကြောင်း ဆက်လက် သိရသည်။
ယင်းကွာခြားယူနစ်ခနှင့် ပတ်သက်၍ ပုလဲမီးလင်းရေးကော်မတီကို ၈.၂.၂၀၁၃ရက်နေ့တွင် မြို့နယ်လျှပ်စစ်ရုံးသို့ လာရောက်ရန် အကြောင်းကြားထားသော စာကိုလည်း ၎င်းတို့ထံမှ တွေ့ရသည်။ သုံးခွမြို့နယ် တစ်ခုတည်း၌ ကိုယ့်အားကိုကိုး မီးလင်းထားသောရွာ ၁၂ရွာခန့်ရှိကြောင်း သိရသည်။
ထို့ပြင် ယင်းကွာခြားယူနစ်ခများ တောင်းခံသော အကြောင်းကြားစာများတွင် မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်မည့်အပြင် အရေးယူဆောင်ရွက်မည်ဟု ပါရှိသောကြောင့် ဒေသခံများသည် မီးဖြတ်တောက်မည်နှင့် အရေးယူမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
From :The Myanma Age
No comments:
Post a Comment