Thursday, March 14, 2013

ဟံသာဝတီ လေဆိပ် စီမံကိန်းအား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ် စိတ်ဝင်စား

Photo: ဟံသာဝတီ လေဆိပ် စီမံကိန်းအား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ် စိတ်ဝင်စား
Thursday, March 14, 2013

ပဲခူးတိုင်း အတွင်းတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့်လည်း နီးသောနေရာတွင် ဆက်လက် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင် ရာ လေ ဆိပ် သစ်အတွက် ရင်းနှီးမြှုပ်နှံလိုသည့် Incheon International Airport Corporation (IIAC) အား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ်က ကူညီမည်ဟု
တောင်ကိုရီးယား အခြေစိုက် The Korea Herald (ကိုရီးယား သံတော်ဆင့်) သတင်းစာက မတ်လ ၁၀ ရက်နေ့က ရေးသားထားသည်။

ထိုလေဆိပ် တည်ဆောက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၆၀၀ အထိ ကုန်ကျနိုင်သည်ဟု မျှော်မှန်းထားကြသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သည် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ ခွင့် ရရှိရန်အတွက် လျှောက်လွှာတင်ကြ ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့သည်။ စီမံကိန်းကို ၁၉၉၄ ခုနှစ်တွင် ကိုရီးယား ကုမ္ပဏီ တခုက စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သော် လည်း နောက် ပိုင်းတွင် စီမံကိန်း ရပ်ဆိုင်းသွားခဲ့သည်။

အာရှ၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စုစုပေါင်း ကုမ္ပဏီ ၃၀ သည် စီမံကိန်းအတွက် လျှောက်လွှာ တင်ခဲ့ကြကာ ငွေကြေးအင်အား၊ အတွေ့အကြုံ၊ ဝန်ထမ်းအင်အားနှင့် စက်ပစ္စည်း ကိရိယာ စုံလင်မှုတို့ကို အခြေခံ၍ ထိုအထဲမှ ကုမ္ပဏီ ၇ ခုကို စီမံကိန်းအတွက် ပဏာမ ရွေးချယ် ခဲ့သည်။

ထိုသို့ ပမာဏ ရွေးချယ်ခံထားရသော ကုမ္ပဏီ ၇ ခုထဲတွင် Incheon Airport Consortium အပြင် မြန်မာ၊ဟောင်ကောင်၊ စင်္ကာပူနှင့် ပြင် သစ် ကုမ္ပဏီများ ပူးပေါင်းပါဝင်ထားသည့် Bouyeges Batiment International လည်း ပါဝင်သည်။

ယခုနှစ် ဇွန်လကုန်တွင် ၎င်းကုမ္ပဏီ ၇ ခု ထဲမှ ကုမ္ပဏီတခုကို အပြီး သတ် ရွေး ချယ်လိမ့်မည်ဟု မျှော်လင့်ရကာ စီမံကိန်းအား အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်စနစ် သို့မဟုတ် BOT စနစ် (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း စနစ်) ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည် ဖော်သွား မည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

IIAC အနေဖြင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်နှင့် အလွတ်သဘောစာ ချုပ် တခု ချုပ်ဆိုထားပြီး ထိုစာချုပ်အရ လေဆိပ်လုပ်ငန်း လုပ်ကိုင်ဆောင် ရွက် ပုံနှင့် ပတ်သတ်သည့် ကျွမ်းကျင်မှုများ ဝေမျှပေးရန်နှင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်မှ ကြီးကြပ်ကွပ်ကဲနေသည့် စီးပွါးရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက် မှု ရန်ပုံငွေ (EDCF) အစီအစဉ်ဖြင့် အတိုးနှုန်းနည်းပါးသော ချေးငွေ များကို Incheon Airport Consortium အား ထုတ်ချေးနိုင်ရန် အပြန်အလှန် သဘောတူညီ ထားကြသည်ဟု The Korea Herald သတင်းစာ တွင် ဖော်ပြထားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ယခုနှစ် ဇူလိုင်လတွင် ဆက်လက် တည်ဆောက်မည် ဖြစ်ပြီး သုံးနှစ်အတွင်းတွင် ပြီးစီး ရန် မျှော် မှန်းထားကြသည်။

ထိုလေဆိပ်သစ် တည်နေရာသည် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၄၈ မိုင် အကွာတွင် တည်ရှိပြီး ပဲခူးတိုင်း ထဲတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တခု ဖြစ်သည်။ ထိုလေဆိပ်သစ် သည် တနှစ်လျှင် ခရီးသည် ၁၀ သန်း အထိ လက်ခံနိုင်မည် ဖြစ်သည်။

ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေးတွင် တည်ဆောက်မည့် ယင်းလေ ဆိပ် မှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အဆင်မီ နိုင်ငံတကာလေဆိပ်အဖြစ် ဧက ပေါင်း ၉,၆၀၀ ကျော် အကျယ်ဖြင့် အကောင်အထည်ဖေါ်မည်
ဖြစ် သည်။

ဟံသာဝတီ လေဆိပ်မှာ လက်ရှိမင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆခန့် ကြီးမားပြီး စင်္ကာပူနိုင်ငံရှိ ချန်ဂီ လေဆိပ်၊ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူ မိ လေဆိပ်ကြီးများကဲ့သို့ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အာရှဒေသအတွင်း အရေးပါလာမည် ဖြစ်ကြောင်း သိရသည်။  

မဇ္ဈိမ
ပဲခူးတိုင်း အတွင်းတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့်လည်း နီးသောနေရာ တွင် ဆက်လက်တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင် ရာ လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံလိုသည့် Incheon International Airport Corporation (IIAC) အား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ်က ကူညီမည်ဟုတောင်ကိုရီးယား အခြေစိုက် The

အင်ဖော်မာတို့၏ လုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကျဆင်းမယ်

အင်ဖော်မာတို့၏ လုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကျဆင်းမယ်
Thursday, March 14, 2013

လွှတ်တော်အစည်းအဝေးတစ်ခုတွင်  လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက အင်ဖော်မာဟုခေါ်သော ရဲသတင်းပေး နှင့်ပတ်သက်၍ တရားဝင်ခန့်ထားခြင်းရှိ မရှိကို မေးမြန်းရာ၊ တာဝန်ရှိအကြီးအကဲက တရားဝင်ခန့်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို
နေ့စဉ်သတင်းစာများနှင့် ရုပ်မြင်သံကြားသတင်းများမှ သိရှိကြပြီးဖြစ်သည်။

တရားဝင်ခန့်ထားခြင်းမရှိဟုဆိုသော “အင်ဖော်မာ”ခေါ်ရဲသတင်းပေး တို့သည်။ “အင်ဖော်မာ”ဟူသော စကားရပ်၏အဓိပ္ပာယ်ကို မသိ၍ ပဲလားသို့တည်းမဟုတ်ငွေရ ပေါက်ချောင်၍ပဲလားမပြောတယ်။
နေရာတကာလုပ်ပိုင်ခွင့်အပြည့်ရှိသော အရာရှိကဲ့သို့ ဟိတ်ဟန် ထုတ်ကာတွင် ကျယ်လွှမ်းမိုးနေကြသည်။

“အင်ဖော်မာ”ဆိုသည်မှာ information ဟူသော အင်္ဂလိပ်စကားမှ ဆင်းသက် လာသော စကားဖြစ်၏။ information သည်သတင်းအချက် အလက်ဖြစ်ပြီး inform အင်ဖော်သည် သတင်းပေးသူ၊သတင်းပေးဖြစ်သည်။ 

ထိုကြောင့်  Informer တို့သည် သတင်းပေးရုံတိုင် ကြားရုံမျှသာဖြစ်သည်။ သို့သော် ထိုသူတို့သည် ထိုအဓိပ္ပာယ်ကိုသဘောမပေါက်ပဲ ရပ်ထဲရွာထဲတွင် ထစ်ခနဲရှိ ခြိမ်းခြောက်ငွေတောင်းလုပ်နေကြသည်ကိုနေရာတိုင်း၌
တွေ့နေမြင်နေကြားနေရသည်။ 

သူတို့ကိုယ်သူတို့ပါမစ်နစ်အရာရှိတစ်ဦးကဲ့သို့ လွှမ်းမိုးနေကြသည်။ ရာဇ၀တ်မှုကျဆင်း ရေးအတွက် ရဲသတင်းပေးထားသည်ဆို သော်လည်း ယင်းတို့၏လုပ်ရပ်များသည်  လွန်ကဲလာသောအခါ ပြည်သူ့ရဲ၏ဂုဏ် သိက္ခာကိုထိခိုက်ညစ်နွမ်းစေနိုင်သည်။

ဖြစ်စဉ်တစ်ခု၌ ရာဇ၀တ်မှုမကင်း သောသူကို သတင်းပေးတိုင်ကြားရုံမျှ သာ ဖြစ်သော်လည်း သူတို့ကိုဘယ်သူကမှ မဖြုတ်နိုင်အုပ်ချုပ်ရေးမှူး ကိုပင်ဖြုတ်ပစ် နိုင်သော အခွင်အာဏာရှိကြောင်းကြေညာမောင်းခတ်
နေကြသည်။ 

အထူးသဖြင့် မြို့နယ်အတော်များများ၌ အရန်မီးသတ် တပ်ဖွဲ့ အဖွဲ့အစည်း များမှထုတ်ပယ်ခြင်းခံရသူ တွေကလည်း အင်ဖော်လုပ်နေကြသည်။  ဌာနဆိုင်ရာတို့မှ ပြစ်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတွေကလည်း အင်ဖော်လုပ်နေကြ သည်။ 

အချို့ဆိုလျှင် ၀န်ထမ်းပြုတ်ဖြစ်ပါလျက် ဌာန၀တ်စုံကို ၀တ်၍
ကျေးလက်တောသူတောင်သားတို့ကို ခြိမ်းခြောက်  ငွေညှစ်နေသည်။ 

အချို့သော အင်ဖော်  တို့က လက်ထိပ်ကိုပြကာခြိမ်းခြောက်နေ ကြသည်။ ထိုသူတို့သည် သူတို့ကိုယ်သူ တို့ဒုရဲအုပ်လိုလို၊ စခန်းမှူးလိုလိုဟန်တလုံး  ပန်တလုံးရိုက်ဖမ်းနေကြသည်။

လက်ထိပ်ဟူသည် ပြည်သူ့ရဲကသာ ကိုင်ဆောင်ခွင့်ရှိသည်။ ယခုမူထိုလက်ထိပ်  ကို ထိုအင်ဖော်ဘယ်ကရသနည်း။ စဉ်းစာ  ဖွယ်ကောင်းလှသည်။ ထိုအပြုအမူတို့ သည်မြို့နယ်တိုင်းလိုလိုရှိ
ကျေးလက်တော ရွာများတွင် မကြာခဏတွေ့မြင်နေရပါသည်။

တစ်ခါတစ်ရံအမေရိကန်ရုပ်ရှင်ဇာတ်ကား  ထဲက စုံထောက်လို ကတ်ပြားကိုပင်ထုတ် ပြလိုက်သေးသည်။ အင်ဖော်တို့ကိုထိုမျှ အထိလုပ်ပိုင်ခွင့်၊ ပြည်သူ့ရဲအသုံးအဆောင်ကို ရဲမဟုတ်သူ
တရားမ၀င်သူက ကိုင်ဆောင်  နေခြင်းတို့သည်အယောင်ဆောင်
မှုပင်ဖြစ် သည်။

အင်ဖော်တို့၏ပြုမူလုပ်ဆောင်မှုတို့ သည်ဒေသခံပြည်သူ့ရဲ၏ ဂုဏ်သိက္ခာကို  ထိခိုက်ညစ်နွမ်းစေသည်။ အထက် က ဖော်ပြခဲ့သော လွှတ်တော် ကိုယ်စားလှယ် ၏ မေးမြန်းချက်ကို လွှတ်တော်မှ တာဝန်ရှိအကြီးအကဲ၏
ဖြေကြားချက်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း လက်တွေ့ဘ၀တွင် 
တွေ့နေရပါသည်။

အင်ဖော်မာတို့၏ လုပ်ရပ်များကြောင့်  မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏
ဂုဏ်သိက္ခာ မညှိုးနွမ်းစေလိုပါ။ မြန်မာနိုင်ငံပြည်သူ့ရဲ တပ်ဖွဲ့၏ဂုဏ်သိက္ခာ
မညစ်နွမ်းစေရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတို့ အနေဖြင့်
ပြုပြင်ထိန်းကျောင်းသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

စစ်ကိုင်းဝင်းရွှေ
The Hot News
လွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် တစ် ဦးက အင်ဖော်မာဟုခေါ်သော ရဲသတင်းပေး နှင့်ပတ်သက်၍ တရားဝင်ခန့်ထားခြင်းရှိမရှိကို မေးမြန်းရာ၊ တာဝန်ရှိအကြီးအကဲက တရားဝင်ခန့်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည် ကို  နေ့

မတ်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ(၉)ဆင့် တက်လာ

မတ်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ(၉)ဆင့် တက်လာ

မြန်မာ့လက်ရွေးစင်(အမျိုးသား)အသင်းသည် မတ်လ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်(၉)ဆင့်တက်လာကြောင်း ဖီဖာ၏ ယနေ့ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တွေ့ရှိရသည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယနေ့ထုတ်ပြန်ချက်အရ အဆင့်(၁၅၅)သို့ရောက်ရှိလာသည်။

မတ်လရပ်တည်မှုအရ အာဆီယံဒေသတွင် မြန်မာအသင်းသည် အဆင့်(၄)နေရာ ရောက်ရှိနေပြီး ဗီယက်နမ်က အမှတ်အများဆုံး ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာအသင်းသည် ချဲလင့်ဖလားခြေစစ်ပွဲတွင် ဂူအမ်နှင့်အိန္ဒိယကို အနိုင်ရခဲ့ပြီး တရုတ်(တိုင်ပေ)နှင့် ဂိုးမရှိသရေကျခဲ့သည်။ ဖီဖာသည် အမျိုးသမီးလက်ရွေးစင်အသင်း၏ ရပ်တည်ချက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

မတ်လကမ္ဘာ့အဆင့်(၁)နေရာကို စပိန်က ရမှတ် (၁၆၁၀)ဖြင့်ဦးဆောင်နေပြီး အာရှအဆင့်(၁)နေရာကို ဂျပန်က ရမှတ်(၈၁၁)ဖြင့် ဦးဆောင်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

၁၂၉ ။ ဗီယက်နမ် (ရမှတ်-၂၃၉)
၁၃၅။ ထိုင်း (ရမှတ်-၂၂၀)
၁၄၅။ ဖိလစ်ပိုင် (ရမှတ်-၁၇၃)
၁၅၅။ မြန်မာ (ရမှတ်-၁၄၇)
၁၆၂။ စင်ကာပူ (ရမှတ်-၁၃၃)
၁၆၄။ မလေးရှား (ရမှတ်-၁၂၉)
၁၆၆။ အင်ဒိုနီးရှား (ရမှတ်-၁၂၁)
၁၆၈။ လာအို (ရမှတ်-၁၁၈)
၁၈၅။ ကမ္ဘောဒီယား (ရမှတ်-၅၈)
၁၈၆။ ဘရူနိုင်း (ရမှတ်-၅၂)
၁၈၆။ အရှေ့တီမော (ရမှတ်-၅၂)

Myanmar Football Federation
မြန်မာ့လက်ရွေးစင်(အမျိုးသား)အသင်းသည် မတ်လ ဖီဖာကမ္ဘာ့ အဆင့် သတ်မှတ်ချက်တွင်အဆင့်(၉)ဆင့်တက်လာကြောင်း ဖီဖာ၏ ယနေ့ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တွေ့ ရှိရ သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယနေ့ထုတ်ပြန်ချက်အရ အဆင့်(၁၅၅)သို့ရောက်ရှိလာသည်။

၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ လာရောက်ပေးသော်လည်း အင်တာနက်ကွန်နက်ရှင်ကြောင့် သုံးမရ

၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ လာရောက်ပေးသော်လည်း အင်တာနက်ကွန်နက်ရှင်ကြောင့် သုံးမရ
Thursday, March 14, 2013

မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ
နော်ဝေမှလက်တွေ့ပြသော်လည်း ပြည်တွင်းအင်တာနက် ကွန်နက်ရှင် မကောင်းသဖြင့် သုံး၍မရသေးဟု မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ
သိရသည်။

''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေက သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းလိုအပ်ပါတယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန်ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။

ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။

''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်းကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြားတစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ် တိုင်းတာသည့် စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာ သည့်စနစ်၊ မိုးရွာမရွာ မုန်တိုင်း ရှိ မရှိ သပ်သပ်စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

မိုးငယ်
Popular Myanmar News Journal
မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ  နော်ဝေမှ လက်တွေ့ပြသော် လည်း ပြည်တွင်း အင်တာနက် ကွန်နက်ရှင် မကောင်းသဖြင့် သုံး၍မရသေးဟု မိုးလေ ဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။
''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေ

ဒုက္ခသည်အချို့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမယ်

ဒုက္ခသည်အချို့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမယ်
Thursday, March 14, 2013

ထိုင်းမြန်မာနယ်စပ်၊ တက်ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။

အခုလိုထွက်ခွာခွင့် ပြုလိုက်သူတွေဟာ ၂ဝဝ၄-၂ဝဝ၅ နှစ်ကာလက ဒုက္ခသည် အဖြစ် လျောက်ထားခဲ့သူတွေဖြစ်ပြီး ရှေ့လထဲမှာ ပထမအသုတ်အနေနဲ့ လူ ၂ဝ ခန့်စခန်းကနေ ထွက်ခွာမယ်လို့သိရပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်စုစုပေါင်း ၄ဝဝဝ ခန့်ရှိရာမှာ ယခင်နှစ်ကာလတွေက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူက ၁ဝဝဝ ခန့်နဲ့ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ကာလက ထပ်မံလျှောက်ထားခဲ့သူ ဒုက္ခသည်သစ်က ၃ဝဝဝ ခန့်ရှိပါတယ်။

အခုလို ထွက်ခွာခွင့်ပြုလိုက်တဲ့ ဒုက္ခသည် ၉၉ ယောက် ဟာ တတိယနိုင်ငံ တခုခုမှာမိဘဆွေမျိုး ညီအကို မောင်နှမတွေရှိသူတွေဖြစ်တယ်လို့ UNHCR က ပြောဆိုကြောင်းနဲ့ အများစုဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

RFA
ထိုင်းမြန်မာနယ်စပ်၊ တက်ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။
အခုလိုထွက်ခွာခွင့် ပြုလိုက်သူတွေဟာ ၂ဝဝ၄-၂ဝဝ၅ နှစ်ကာလက ဒုက္ခသည် အဖြစ် လျောက်ထားခဲ့သူတွေဖြစ်ပြီး ရှေ့လထဲမှာ ပထမ အသုတ်အနေနဲ့ လူ ၂ဝ ခန့်စခန်းကနေ ထွက်ခွာမယ်လို့သိရပါတယ်။

အာရှပတ်လည် မြှားပစ်ပြိုင်ပွဲတွင် မြန်မာမြှားပစ်အဖွဲ့ ရွှေ (၁)ခုရရှိ

w1-14-3-1



ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော အောင်ငှိမ်း
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်မတ်လ (၁၁)ရက်မှ (၁၄)ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အာရှပတ်လည် မြှားပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမြှားပစ်အဖွဲ့သည် ရွှေ(၁)ခုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင်

တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ


တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို 
မီးရှို့သတ်သေ
Thursday, March 14, 2013

တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်းအမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူးနစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။

တူနီရှား အစိုးရအဖွဲ့သစ်ကို  ဥပဒေပြုအမတ်များက သဘောတူခွင့်ပြုရန် မဲခွဲဆုံးဖြတ်သည့်နေ့တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းက တူနီးရှားနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို အဆုံးသတ်ရန် ကြိုးပမ်းမှုများအား အရှိန်မြင့်တက်စေခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ရုပ်သံက ကြေညာခဲ့သည်။

အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန်အမင်းဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခါဒရီသည် အလုပ်ရှာရန်အတွက် မကြာသေးခင်က တူးနစ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ခါဒရီသည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာသည် အာဏာရှင်ဟောင်း ဘင်အလီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ် တော်လှန်ရေးစတင်ရာ ဗဟိုချက်ဖြစ်သည်။

အဗ္ဗဒယ်ခါဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရအလုပ်လက်မဲ့ ပမာဏမှာ အများဆုံးဖြစ်သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်းယူခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပြီးနောက်တွင် တူနီးရှား၌ မီးရှို့သတ်သေသူ များပြားလာခဲ့သည်။ Bouazizi သေဆုံးမှုသည် ဘင်အလီအုပ်စိုးမှုကို အဆုံးသတ်စေသည့် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။

ဓာတ်ပုံ - အဗ္ဗဒယ်ခါဒရီကို ကယ်တင်ရန် တူနီးရှားဆေးတပ်သားများ
ကြိုးပမ်းနေစဉ်

Ref:AFP
Eleven Media Group


တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်းအမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူးနစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်
Created on Thursday, 14 March 2013 03:48

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။                 
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့အနေနဲ့ အသက်ပါရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။              
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြုထားပြီး ယင်းနည်းလမ်းအား ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ရှောင်ကွင်းပြီး  ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိက အဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။             
"မြန်မာနိုင်ငံရဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားတွေစေတီတွေရွှေ့ပြီး သယံဇာတ ထုတ်ယူမယ်ဆိုရင် ပြည်သူတွေက လက်ခံမှာလား။ ဦးဇင်းတို့အနေနဲ့ ဒါကို လုံးဝလက်မခံသလို အစီရင်ခံစာမှာ သာသနိကအဆောက်အအုံတွေ ရွှေ့ဖို့ အကြံပြုထားတာကိုလည်း စိတ်မကောင်းဘူး။ သံဃာတော်တွေ အများကြီး မီးလောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တင်ပြချက်တွေ မပါတာဟာလည်း မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပစ်ပယ်ထားတာလို့ ခံစားရတယ်" ဟု လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒဏ်ရာရသံဃာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။                
ဒဏ်ရာရ သံဃာများ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလကလည်း "ဦးဇင်းတို့အနေနဲ့ အစီရင်ခံစာပါ အချက်အချို့ကိုသာ ကန့်ကွက်တာပါ။ အချို့အချက်တွေကို သဘောကျပါတယ်။ ကြေးနီစီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ဒေသခံတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားက အရေးကြီးပါတယ်။ ဦးဇင်းတို့အနေနဲ့ ပြည်သူလူထုရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်သွားမှာပါ။ ဦးဇင်းတို့အနေနဲ့ သာသနိက အဆောက်အအုံတွေ ပျောက်ပျက်မယ့် ဘယ်ကိစ္စကိုမဆို ကန့်ကွက်မှာပါ။ သံဃာတော်တွေကို မီးလောင်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်သူတွေကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။  

ရန်ကုန် ပြည်သူ့ဆးရုံကြီးသို့ လာရောက်ဆေးကုသသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတစ်ပါးအား ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်

Re-Post By ACM 13-3-2013
အေးချမ်းမွန် Credit to >>http://www.news-eleven.com/<< Thank
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။ 
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့်

ဘားအံမြို့ကနေ အားကစားသမား ထွက်လာနိုင်ဦးမလား




လုပ်ငန်းရှင်များ၏လက်အတွင်း ကျရောက်နေသည့် ကရင်ပြည်နယ်၊ ဘားအံမြို့ မြို့မ အားကစား ကွင်းကို ပြန်လည် ရယူလိုသည်ဟုဒေသခံတို့က ပြောနေကြသည်။

ပြည်သူပိုင် ဘောလုံးကွင်းကို ကုမ္ပဏီတခု၏ အကျိုးအမြတ်အတွက် မသုံးစေ လိုကြောင်း ဒေသခံ တဦးဖြစ်သည့် ဦးခင်စိုးက ပြောသည်။

အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို


Photo: အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို
Thursday, March 14, 2013 

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ် အနေဖြင့် ထောင်ထဲတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအား မိသားစုက ငြင်းဆိုခဲ့သည်။

အော်စကာသည် ၎င်း၏ ချစ်သူ နာမည်ကျော် မော်ဒယ်လ် ရီဗာစတင်းကမ့်ပ်ကို သေနတ်နှင့် ပစ်သတ်မှုအတွက် စွဲချက်တင် ခံထားရသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ရေချိုးခန်းအတွင်း ရီဗာကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းမှာ နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးဟု အထင်မှားမိ၍ ဖြစ်ကြောင်း အော်စကာက ထွက်ဆိုထားသည်။

၎င်းသည် ခြေထောက် နှစ်ဖက်လုံး မရှိဘဲ သတ္တုပြား ခြေတုဖြင့် အပြေးပြိုင်ကာ မသန်စွမ်း အိုလံပစ်တွင် ဗိုလ်စွဲခဲ့ပြီး လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲထိ ရောက်ရှိခဲ့သည်။

Planet Myanmar Network



လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထား ရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ်အနေဖြင့် ထောင်ထဲ တွင် မိမိကိုယ်ကိုယ် သေကြောင်း ကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်း များအား မိသားစုက ငြင်းဆိုခဲ့သည်။

အော်စကာသည် ၎င်း၏ ချစ်သူ နာမည်ကျော် မော်ဒယ်လ် ရီဗာ စတင်းကမ့်ပ်ကို သေနတ်နှင့် ပစ်သတ်မှု အတွက် စွဲချက်တင် ခံထားရသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ရေချိုးခန်းအတွင်း ရီဗာကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း မှာ နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးဟု

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် ရလဒ်များ


(မတ်လ ၁၄ ရက်)

ဘိုင်ယန်မြူးနစ် ၀ - ၂ အာဆင်နယ် (Goal Highlights)
3' ဂီရော့၊ 85' ကိုစီရယ်နီ

* နှစ်ကျော့ပေါင်း ဂိုးရလဒ် ၃ ဂိုးစီတူညီသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ဘိုင်ယန်မြူးနစ် အသင်း ကွာတားဖိုင်နယ်သို့ တက်ရောက်သည်။