Thursday, March 14, 2013

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်
Created on Thursday, 14 March 2013 03:48

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။                 
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့အနေနဲ့ အသက်ပါရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။              
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြုထားပြီး ယင်းနည်းလမ်းအား ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ရှောင်ကွင်းပြီး  ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိက အဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။             
"မြန်မာနိုင်ငံရဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားတွေစေတီတွေရွှေ့ပြီး သယံဇာတ ထုတ်ယူမယ်ဆိုရင် ပြည်သူတွေက လက်ခံမှာလား။ ဦးဇင်းတို့အနေနဲ့ ဒါကို လုံးဝလက်မခံသလို အစီရင်ခံစာမှာ သာသနိကအဆောက်အအုံတွေ ရွှေ့ဖို့ အကြံပြုထားတာကိုလည်း စိတ်မကောင်းဘူး။ သံဃာတော်တွေ အများကြီး မီးလောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တင်ပြချက်တွေ မပါတာဟာလည်း မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပစ်ပယ်ထားတာလို့ ခံစားရတယ်" ဟု လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒဏ်ရာရသံဃာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။                
ဒဏ်ရာရ သံဃာများ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလကလည်း "ဦးဇင်းတို့အနေနဲ့ အစီရင်ခံစာပါ အချက်အချို့ကိုသာ ကန့်ကွက်တာပါ။ အချို့အချက်တွေကို သဘောကျပါတယ်။ ကြေးနီစီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ဒေသခံတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားက အရေးကြီးပါတယ်။ ဦးဇင်းတို့အနေနဲ့ ပြည်သူလူထုရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်သွားမှာပါ။ ဦးဇင်းတို့အနေနဲ့ သာသနိက အဆောက်အအုံတွေ ပျောက်ပျက်မယ့် ဘယ်ကိစ္စကိုမဆို ကန့်ကွက်မှာပါ။ သံဃာတော်တွေကို မီးလောင်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်သူတွေကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။  

ရန်ကုန် ပြည်သူ့ဆးရုံကြီးသို့ လာရောက်ဆေးကုသသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတစ်ပါးအား ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်

Re-Post By ACM 13-3-2013
အေးချမ်းမွန် Credit to >>http://www.news-eleven.com/<< Thank
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။ 
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့ အနေနဲ့ အသက်ပါရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါ တယ်" ဟု မိန့်ကြားခဲ့သည်။ 
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြု ထားပြီးယင်းနည်းလမ်းအား ဆက်လက်အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင် ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်းစသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံ များကို ရှောင်ကွင်းပြီး ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိကအဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ် အကြံပြုထားသည်။ 
"မြန်မာနိုင်ငံရဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားတွေစေတီတွေရွှေ့ပြီး သယံဇာတ ထုတ်ယူမယ် ဆိုရင် ပြည်သူတွေက လက်ခံမှာလား။ ဦးဇင်းတို့အနေနဲ့ ဒါကို လုံးဝလက်မခံသလို အစီရင်ခံစာမှာ သာသနိကအဆောက်အအုံတွေ ရွှေ့ဖို့ အကြံပြုထားတာကိုလည်း စိတ်မကောင်းဘူး။ သံဃာတော်တွေ အများကြီး မီးလောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးအရေးယူမှုတွေ လုပ်ဆောင်ဖို့ တင်ပြချက်တွေမပါတာဟာလည်း မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပစ်ပယ်ထားတာလို့ ခံစား ရတယ်" ဟု လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသည့် ဒဏ်ရာရသံဃာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။ 
ဒဏ်ရာရ သံဃာများ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလကလည်း "ဦးဇင်းတို့အနေနဲ့ အစီရင်ခံစာပါ အချက်အချို့ကိုသာ ကန့်ကွက်တာပါ။ အချို့အချက်တွေကို သဘောကျပါ တယ်။ ကြေးနီ စီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ဒေသခံတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားက အရေးကြီး ပါတယ်။ ဦးဇင်းတို့အနေနဲ့ ပြည်သူလူထုရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်သွားမှာပါ။ ဦးဇင်းတို့ အနေနဲ့ သာသနိက အဆောက်အအုံတွေ ပျောက်ပျက်မယ့် ဘယ်ကိစ္စကိုမဆို ကန့်ကွက်မှာပါ။ သံဃာတော်တွေကို မီးလောင်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်သူတွေကို ဖော်ထုတ် အရေးယူပေးစေ ချင်ပါတယ်" ဟု မိန့်ကြားခဲ့သည်။ 

ရန်ကုန် ပြည်သူ့ဆးရုံကြီးသို့ လာရောက်ဆေးကုသသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတစ်ပါးအား ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်


 Credit to >>http://www.news-eleven.com/

No comments:

Post a Comment