Thursday, March 14, 2013

တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ


တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို 
မီးရှို့သတ်သေ
Thursday, March 14, 2013

တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်းအမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူးနစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။

တူနီရှား အစိုးရအဖွဲ့သစ်ကို  ဥပဒေပြုအမတ်များက သဘောတူခွင့်ပြုရန် မဲခွဲဆုံးဖြတ်သည့်နေ့တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းက တူနီးရှားနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို အဆုံးသတ်ရန် ကြိုးပမ်းမှုများအား အရှိန်မြင့်တက်စေခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ရုပ်သံက ကြေညာခဲ့သည်။

အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန်အမင်းဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခါဒရီသည် အလုပ်ရှာရန်အတွက် မကြာသေးခင်က တူးနစ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ခါဒရီသည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာသည် အာဏာရှင်ဟောင်း ဘင်အလီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ် တော်လှန်ရေးစတင်ရာ ဗဟိုချက်ဖြစ်သည်။

အဗ္ဗဒယ်ခါဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရအလုပ်လက်မဲ့ ပမာဏမှာ အများဆုံးဖြစ်သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်းယူခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပြီးနောက်တွင် တူနီးရှား၌ မီးရှို့သတ်သေသူ များပြားလာခဲ့သည်။ Bouazizi သေဆုံးမှုသည် ဘင်အလီအုပ်စိုးမှုကို အဆုံးသတ်စေသည့် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။

ဓာတ်ပုံ - အဗ္ဗဒယ်ခါဒရီကို ကယ်တင်ရန် တူနီးရှားဆေးတပ်သားများ
ကြိုးပမ်းနေစဉ်

Ref:AFP
Eleven Media Group


တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်းအမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူးနစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။

တူနီရှား အစိုးရအဖွဲ့သစ်ကို ဥပဒေပြုအမတ်များက သဘောတူခွင့်ပြုရန် မဲခွဲ ဆုံးဖြတ်သည့်နေ့တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းက တူနီးရှားနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကို အဆုံးသတ်ရန် ကြိုးပမ်းမှုများအား အရှိန်မြင့် တက်စေခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်း အစိုးရအဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ရုပ်သံက ကြေညာ ခဲ့သည်။

အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန်အမင်းဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခါဒရီသည် အလုပ်ရှာရန်အတွက် မကြာသေးခင်က တူးနစ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ခါဒရီသည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာသည် အာဏာရှင်ဟောင်း ဘင်အလီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ် တော်လှန်ရေးစတင်ရာ ဗဟိုချက်ဖြစ်သည်။

အဗ္ဗဒယ်ခါဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင်ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရအလုပ်လက်မဲ့ ပမာဏမှာ အများ ဆုံးဖြစ်သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်းယူခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပြီးနောက်တွင် တူနီးရှား၌ မီးရှို့သတ်သေသူ များပြား လာခဲ့သည်။ Bouazizi သေဆုံးမှုသည် ဘင်အလီအုပ်စိုးမှုကို အဆုံးသတ်စေသည့် ဆန္ဒပြမှုများ ဖြစ် ပွားစေခဲ့သည်။

ဓာတ်ပုံ - အဗ္ဗဒယ်ခါဒရီကို ကယ်တင်ရန် တူနီးရှားဆေးတပ်သားများ
ကြိုးပမ်းနေစဉ်

Ref:AFP
Eleven Media Group

No comments:

Post a Comment