Thursday, March 14, 2013

၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ လာရောက်ပေးသော်လည်း အင်တာနက်ကွန်နက်ရှင်ကြောင့် သုံးမရ

၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ လာရောက်ပေးသော်လည်း အင်တာနက်ကွန်နက်ရှင်ကြောင့် သုံးမရ
Thursday, March 14, 2013

မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ
နော်ဝေမှလက်တွေ့ပြသော်လည်း ပြည်တွင်းအင်တာနက် ကွန်နက်ရှင် မကောင်းသဖြင့် သုံး၍မရသေးဟု မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ
သိရသည်။

''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေက သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းလိုအပ်ပါတယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန်ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။

ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။

''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်းကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြားတစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ် တိုင်းတာသည့် စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာ သည့်စနစ်၊ မိုးရွာမရွာ မုန်တိုင်း ရှိ မရှိ သပ်သပ်စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

မိုးငယ်
Popular Myanmar News Journal
မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ  နော်ဝေမှ လက်တွေ့ပြသော် လည်း ပြည်တွင်း အင်တာနက် ကွန်နက်ရှင် မကောင်းသဖြင့် သုံး၍မရသေးဟု မိုးလေ ဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။
''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေ က သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်း လိုအပ်ပါ တယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန် ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။

ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။

''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်း ကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြား တစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ်တိုင်းတာသည့်စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာသည့်စနစ်၊ မိုးရွာမရွာမုန်တိုင်းရှိမရှိ သပ်သပ် စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment