Friday, March 8, 2013

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်

Photo: NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်
Friday, March 8, 2013

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က 
The Messenger သို့ပြောသည်။

"ဖြစ်တဲ့ပြဿနာက ၉ လပိုင်းကတည်းက ဖြစ်နေတာ ဗဟိုရုံးချုပ်မှာလည်း လာပြီး အကြိမ်ကြိမ် ရှင်းပြ ဆွေးနွေးခဲ့ပြီးပြီ ဘယ်လိုမှ အဆင်မပြေဘူး 
အခု ညီလာခံကို တက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ကန့်ကွက်ပါတယ် ဒီနေ့အစည်းအဝေးလုပ်ပြီး နှုတ်ထွက်ဖို့သဘောတူဆုံးဖြတ်ခဲ့တာပါ" ဟု ဦးစောဒယ်နီယ် ကပြောသည်။

Messenger News Journal


NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်လိုက်ကြောင်း ပြည်နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် ကThe Messenger သို့ပြောသည်။

Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း

Photo: Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း
Friday, March 8, 2013

Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်းမသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့
အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော် ဖို့အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။

အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ
Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီဆိုတော့ထုတ်လိုက် တာလည်းဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့မိတ်ဖက်တွေ ဖြစ် တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။

ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။

ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ။
Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။

အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရတဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့သဘောက သူတို့ရဲ့Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို
အကျွမ်းတ၀င်ရှိထားသူ Developer များက လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးကအကောင်းဆုံး Mobile OS လေးဖြစ်လာရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။

Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OSတွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီးCopyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source
ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။

Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်
ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့

Android Version 1.0

သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်

Android Version 1.5(CupCake)

သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလည်း သုံးလို့ရလာပါတယ်

Android Version 1.6(Donut)

ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ်
နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီးCDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA
ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်

Android Version 2.0/2.1(Éclair)

ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ
ကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။

Android Version 2.2(Froyo)

ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone
က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspotနည်းပညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး
Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ
screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။

Android Version 2.3(GingerBread)

GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်
လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင် လာပါတယ်။

သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx

Android Version 3.0/3.1(Honeycomb)

ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံးမပြုနိုင်ပါဘူး။ Tablet တွေသီး သန့်အတွက်သာ ရည်ရွယ်ပြီးထုတ်ခဲ့လို့ပါ ဒါပေ မယ့် သိပ်နာမည်မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ
သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာတာပါ။

Android Version 4.0 _ 4.0.x (Ice Cream Sandwich)

စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ
ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအများပြောကြတဲ့ ICS ပါ။.. သူ့ကိုတော့Google က Galaxy Nexus ဖုန်း
နဲ့အတူ ပွဲထုတ်ခဲ့ပါတယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး

Android Version 4.1 (Jelly Bean)

9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ Samsung ရဲ့ ထုတ်ကုန်အများစုနဲ့ထွက်ပေါ်လာ တဲ့ version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေးပါတယ် Samsung
Device အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့
version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို
powerful ဖြစ်လာတာတွေ့ရပါတယ်

ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော် ဒါလေးသိရုံနဲ့
မပြီးသေးပြန်ဘူး ထူးခြားတာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက

CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean

အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ
မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့စမှာသေ ချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား
ကြပေတော့ အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြားတာလေး သိပြီ

နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲဆိုတဲ့အချက်တစ်ခုပါ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာတင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ်
ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်Developer က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင်
ဈေးဆစ်ချင်ကြတာပဲလေ။

နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့
မရဘူး ။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့ Market တစ်ခုဖွင့်ထားတယ် ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်းများစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင်များပြားပါတယ်။

Developer ဘက်ကကြည့်မယ်ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် applicationတစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့
Android Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက် ပါ Open Sourceရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေကိုတော့ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။

ဘာတွေဆက်လေ့လာရအုံးမလဲဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကိုRoot လုပ် နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေးတွေကို လေ့လာဖို့လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ်ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ပဲနဲ့လည်း သိတဲ့နည်းလမ်းတွေ အများကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။

ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး
ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန်မပေးနိုင်လို့ဆိုရင် မြန်မာလိုရေးသား
ထားတဲ့ စာအုပ်တွေဝယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးမှာစာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ။

ဖတ်လိုက်ရတဲ့အတွက် လိုအပ်သည်များရှိသည်ဖြစ်စေ ၊ ဗဟုသုတ ရသွားသည်ဖြစ်စေ
ကော်မန့်လေးတော့ရေးပေးသွားပါခင်ဗျာ .. ကော်မန့်လေးက စာရေးသူတို့
အားဆေးလေးဖြစ်လို့ပါ။

အောင်ကျော်ခိုင် (ပုသိမ်)

http://blog.techspace.com.mm/2013/03/android-android.html

www.aungkyaw.com

--

Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်းမသိသူမရှိလောက်ပါဘူး။ Google က 17. 8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ် ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင် တာဖြစ် တဲ့အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

နှစ် ၅၀ ကြာမှ စာကြည့်တိုက်ကို ပြန်ရောက်လာသည့်စာအုပ်

Photo: နှစ် ၅၀ ကြာမှ စာကြည့်တိုက်ကို ပြန်ရောက်လာသည့်စာအုပ်
Friday, March 8, 2013

နှစ် ၅၀ ကြာမှ စာကြည့်တိုက်သို့ စာအုပ်လာပြန်အပ်သည့် ထူးဆန်းသည့်
ဖြစ်ရပ်တစ်ခု စကော့တလန် တွင်ဖြစ်ပွားခဲ့သည်။ အသက် ၆၀ အရွယ်ရှိ
ဒေးဗစ် ဘလက်ဆိုသူသည် ပန်းချီစာအုပ်တစ်အုပ်ကို ၁၉၆၂ ခုနှစ် ကတည်းက စာကြည့်တိုက်တွင် ငှားခဲ့သည်။ ထိုစာအုပ်မှာ စပိန်နာမည်ကျော် ပန်းချီဆရာ ဂိုယာ၏ လက်ရာများ ကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ စုစုပေါင်း ၁၈၄၁၇ ရက် ကြာမှလာပြန်အပ်သည့်စာအုပ်အတွက်စာကြည့်တိုက်
မှ ဒေးဗစ်ကို ဒဏ်ကြေးကျသင့်ငွေ ၄၀၆၇ ဒေါ်လာ ဆောင်ခိုင်းရန်ဖြစ်သော်
လည်း၊ သက်သာခွင့် ပြုလိုက်ကြောင်း သိရသည်။

ဒေးဗစ်က မိမိအနေဖြင့် စာအုပ်ကို ပြန်အပ်လိုက်ရသည့်အတွက် စိတ်သက်
သာမှုရသွားကြောင်း၊ထိုစာအုပ်ကို မေ့သွားသဖြင့် ပြန်မအပ်ခဲ့ရခြင်းဖြစ်
ကြောင်း၊ ယခုလို စာကြည့်တိုက်သို့ပြန်အပ်လိုက်ရသဖြင့် တာဝန်ကျေသလို ခံစားရကြောင်းပြောကြားခဲ့သည်။

အီဒင်ဘတ် အနုပညာစာကြည့်တိုက်ကြီးသည် ငှားထားသောစာအုပ်များ
ပြန်အပ်ရေးနှင့်၊ ထိုသို့ပြန်အပ်ခြင်း အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရလဒ်အဖြစ် စာအုပ်ပေါင်း ၄၀၀၀
ကျော် ပြန်လည်ရရှိခဲ့ပြီး၊ ထိုစာအုပ်များထဲတွင် ဒေးဗစ်ငှားသွားသည့်စာအုပ်
ကလည်း တစ်အုပ်အပါအဝင် ဖြစ်သည်။

စာကြည့်တိုက်မှူး ရစ်ချတ် လူးဝစ်ကလည်း နှစ်ပေါင်း ၅၀ ကြာမှ ပြန်ရောက်
လာသည့်စာအုပ်အတွက် ဝမ်းမြောက်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသား
စာကြည့်တိုက်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်နေ့ကျင်းပလိုက်ရခြင်းသည်
အောင်မြင်သည်ဟုဆိုရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရွှေမောင် 
မောက္ခ
နှစ် ၅၀ ကြာမှ စာကြည့်တိုက်သို့ စာအုပ်လာပြန်အပ်သည့် ထူးဆန်း သည့် ဖြစ်ရပ်တစ်ခု စကော့တလန် တွင်ဖြစ်ပွားခဲ့သည်။ အသက် ၆၀ အရွယ်ရှိ ဒေးဗစ် ဘလက်ဆိုသူသည် ပန်းချီစာအုပ်တစ်အုပ်ကို ၁၉၆၂ ခုနှစ် ကတည်းက စာကြည့်တိုက်တွင် ငှားခဲ့သည်။ ထိုစာအုပ်မှာ စပိန် နာမည်ကျော် ပန်းချီဆရာ ဂိုယာ၏ လက်ရာများ ကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ စုစုပေါင်း ၁၈၄၁၇ ရက် ကြာမှ လာပြန်အပ်သည့် စာအုပ်အတွက်စာကြည့်တိုက်မှ ဒေးဗစ်ကို ဒဏ်ကြေးကျသင့်ငွေ ၄၀၆၇ ဒေါ်လာ ဆောင်ခိုင်းရန်ဖြစ်သော်လည်း၊ သက်သာ ခွင့် ပြု

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

 မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဓိက တိုက်စစ်မှူး ဝိန်းရွန်နေးကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါက ရောင်းချသွားဖွယ် ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ် နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ်လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်နှင့် နီးစပ်သူများက ရွန်နေး၏ အပြောင်းအရွှေ့ ခန့်မှန်းချက်များနှင့် ပတ်သက်ပြီး ယင်းဖြစ်စဉ်များသည် ရှုပ်ထွေးစွာ ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြန်ရောက်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း အားကောင်းနေဆဲ ဖြစ်သည်။ မန်ယူအသင်းသည် ရာသီကုန်တွင် ဂျာမန်ချန်ပီယံ ဘိုရူးစီးယား ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်ထိပ်တန်း ကလပ်အသင်း PSGသည် ရွန်နေးကို ဝယ်ယူရန် ကြိုးပမ်းမည်ဟု သတင်းအချို့ ထွက်ပေါ်လာသေးသည်။ ယခုကိစ္စနှင့် ပတ်သက်၍ မန်ယူအသင်းကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
Source:ESPN
MyanmarDailyNews

ဇင်ယော်
https://www.facebook.com/ZinYawNews
မန်ချက်စတာယူနိုက်တက်အသင်းသည် အဓိကတိုက်စစ်မှူး ဝိန်းရွန်နေး ကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါ က ရောင်းချ သွားဖွယ်ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ်နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ် လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့

ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ


ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ
Friday, 08 March 2013 

ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့အနေဖြင့် သဘာဝလွန် ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစား
မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ဝန်ခံမှုများ ဖြစ်ပွားခဲ့သည်။

“လိင်ပိုင်းဆိုင်ရာ ပုံမှန်ပါ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပါမောက္ခ ဂျေး မက်ဒီဗစ်
ဦးဆောင်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကို ယေးလ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကျောင်းသား ၅၅ ဦးကို ဖုန်းများဖြင့် သူတို့၏ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို မေးမြန်းပြီး၊ တိုက်ရိုက်ထုတ်
လွှင့်ပြသခဲ့သည်။ ထိုမေးမြန်းချက်များကို ပြန်သုံးသပ်ကြည့်ရာမှ
ကျောင်းသူကျောင်းသားများတွင် ဖောက်ပြန်သည့် လိင်ပိုင်းဆိုင်ရာ
ပြဿနာများရှိနေ ကြောင်း သိရှိကြရခြင်းဖြစ်သည်။

ယေးလ်တက္ကသိုလ်ထုတ် နေ့စဉ်သတင်းစာတွင်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ ၉ ရာခိုင်နှုန်း သည် ပိုက်ဆံယူပြီး လိင်ဆက်ဆံမှုများ
ရှိနေကြောင်း၊ ၃ ရာခိုင်နှုန်းမှာ ဖောက်လွဲဖောက်ပြန်လိင်ဆက်ဆံမှုများ ပြုလုပ်
ခဲ့သည်ကို ဝန်ခံထားကြောင်း ရေးသားဖော်ပြထားသည်။

ဤဆွေးနွေးပွဲသည် ကျောင်းသား ကျောင်းသူများ၏သိက္ခာကိုချရန် ပြု
လုပ်ခြင်းမဟုတ်ကြောင်း၊ လိင်ပိုင်း ဆိုင်ရာ ကိစ္စရပ်များတွင် အစွန်း
မရောက်စေရေးအတွက် ထိန်းသိမ်းနိုင်ရန် ပွင့်လင်းစွာဖော်ထုတ်မှုဖြင့် 
စိတ်ကို ကုသပေးခြင်းဖြစ်ကြောင်း ပါမောက္ခ ဂျေးကပြောကြားသည်။ 

မောက္ခ

ဇင်ယော်
https://www.facebook.com/ZinYawNews

ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့ အနေဖြင့် သဘာဝလွန်ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံ မှုများ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်သမ္မတဥရောပခရီးစဉ်ကပြန်ရောက်ရှိသည်ကိုပြည်သူများကကြိုဆိုနေစဉ်

နိုင်ငံတော်သမ္မတဥရောပခရီးစဉ်ကပြန်ရောက်ရှိသည်ကိုပြည်သူများကကြိုဆိုနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊နိုင်ငံ
တကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်
နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များနည်းတူ အရည်အချင်းများ၊ အရည်
အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ခင်မျိုးသွယ်
မဇ္ဈိမ
မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။
“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေ ဒသုံး အနီအောက်ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ်စစ်ဆေးစက်နှင့် X-Ray စက်များတပ်ဆင်ပေးနိုင်ရန်

၂၀၁၃ Chevrolet COPO Camaro အစီးအရေ နည်းနည်းသာ ထုတ်

၂၀၁၃ Chevrolet COPO Camaro အစီးအရေ နည်းနည်းသာ ထုတ်

စုစုပေါင်း ၆၉ စီးသာ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Chevrolet Camaro ကနေခွဲထွက်တဲ့ COPO အမည်ပါ Muscle ကားများက GM ရဲ့  သီးခြား Brand တစ်ခု ဖြစ်ပါတယ်။

မြင်းကောင်ရေအား ၄၂၅ လောက်ထုတ်လုပ်နိုင်တဲ့ ဆလင်ဒါ ၈ လုံးပူး အင်ဂျင်ကို အသုံးပြုပြီး Performance ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ ရည်ရွယ်ချက်က ဒီဇိုင်းဆန်းဆန်း Camaro ကားသစ်တစ်စီး ထုတ်တယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အစီးရေ ၆၉ စီးသာ ရှိပေမယ့် ဈေးကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၉ သောင်းဝန်းကျင်ကနေ စတင်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကာဘွန်ဖိုက်ဘာ ဘော်ဒီသားနဲ့ တံခါး နှစ်ပေါက် နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပါတယ်။ ချီကာဂိုမော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက်များလျက် ရှိကြောင်း သိရပါတယ်။
--
Ref: autoblog

 ( ColayOnline:Automobile )
စုစုပေါင်း ၆၉ စီးသာ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Chevrolet Camaro ကနေခွဲထွက်တဲ့ COPO အမည်ပါ Muscle ကားများက GM ရဲ့  သီးခြား Brand တစ်ခု ဖြစ်ပါတယ်။

ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ

ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ

အမေရိကန်နိုင်ငံမှ Dr. Brian Berry ဆိုသူက ကင်ဆာရောဂါအသစ် တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီကင်ဆာကတော့ အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီး Silver Nitro Oxide ကြောင့်ဖြစ်ရတယ်လို့ သူကဆိုပါတယ်။

Silver Nitro Oxide နဲ့ အလွယ်တကူထိတွေ့နိုင်တဲ့အရာကတော့ အခုခေတ်မှာလူတော်တော်များများ ထိတွေ့သုံးစွဲနေတဲ့ ဖုန်းကြိုတင်ငွေဖြည့်ကဒ်များ ဖြစ်တယ်လို့ Dr. Brian Berry က ဆိုပါတယ်။

ဖုန်းကြိုတင်ငွေဖြည့်ကဒ်များမှာပါရှိတဲ့ ခဲခြစ်များမှာ Silver Nitro Oxide တွေပါဝင်နေတာကြောင့် ကြိုတင်ငွေဖြည့်ကဒ်တွေကို ခဲခြစ်မယ်ဆိုရင် လက်သည်းနဲ့မခြစ်ပဲ အရာဝတ္တုတစ်ခုခုနဲ့ခြစ်ဖို့ Dr. Brian Berry ကတိုက်တွန်းထားပါတယ်။

လက်သည်းနဲ့ခြစ်တာများရင် လက်သည်းကတစ်ဆင့် Silver Nitro Oxide များ အရေပြားကို ထိတွေ့နိုင်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုမိုများပြားလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းဟာ သတင်းမှန်ဟုတ်၊မဟုတ် အတည်ပြုချက်မရရှိပေမယ့် ကြိုတင်ဆင်ခြင်နိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါတယ်။

Posted From SeñorAye Thein

အေးချမ်းမွန်မှ ( Thit Htoo Lwin blog ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

အမေရိကန်နိုင်ငံမှ Dr. Brian Berry ဆိုသူက ကင်ဆာရောဂါအသစ် တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီကင်ဆာကတော့ အရေပြားကင်ဆာ တစ်မျိုးဖြစ်ပြီး Silver Nitro Oxide ကြောင့်ဖြစ်ရတယ်လို့ သူကဆို ပါတယ်။

မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို မြင့်မယ်



ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ

အသံထွက် ကျယ်တဲ့ Mini Hi-Fi စပီကာ

အသံထွက် ကျယ်တဲ့ Mini Hi-Fi စပီကာ


မန်းဈေးကွက်ကို အသံထွက် ကျယ်လောင် ကောင်းမွန်တဲ့ Mini Hi-Fi စပီကာငယ် တစ်မျိုး ဝင်ရောက်

လာပါတယ်။ Micro SD ကတ်စိုက်ကာ သီချင်းနား ထောင်နိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယို လိုင်းတွေကို ဖမ်းယူ နားဆင်နိုင်ပါတယ်။ FM ရေဒီယိုလိုင်း တွေကို လိုင်းကောင်းစွာ ဖမ်းယူနား ဆင်နိုင် မယ့် ဧရိယာတိုင်လည်း ထပ်မံ ပါဝင် လာပါတယ်။ Alarm Clock စနစ်၊ Calendar စနစ်တွေကို LED Display နဲ့ဖော်ပြပေးမှာ ဖြစ်ပါတယ်။ USB ပေါက်၊ Line in ပေါက်လည်း ပါဝင်လာတာကြောင့် ကွန်ပျူတာများ၊ တက်ပလက်များ၊ မိုဘိုင်းဖုန်း ဟန်းဆက်များ၊ MP 3, MP 4 များနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အသံအတိုး အချဲ့ ခလုတ်၊ သီချင်းပြောင်း ခလုတ်၊ Play, Mode ခလုတ်များလည်း ပါဝင်လာတာကြောင့် အသုံးပြုရ လွယ်ကူပါတယ်။ Rechargeable Lithium Battery ဖြစ်တာကြောင့် ပြန်လည်အားသွင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Hi-Rice အမှတ် တံဆိပ် ဖြစ်ပါတယ်။ ဒီအသံထွက်ကျယ်တဲ့ Mini Hi-Fi စပီကာမှာ အနီ၊ အပြာ၊ အနက်၊ ခဲရောင် ဆိုပြီး အရောင်စုံ ရှိတဲ့အတွက် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ် ဝယ်ယူနိုင်ပါ တယ်။ ဈေးနှုန်း ကတော့ ကျပ်ရှစ်ထောင်ဝန်းကျင် ဖြစ်ပြီး ယုဇနအီ လက်ထရောနစ် (မန္တလေး) ၈၄ လမ်း၊ ၃၄x၃၅၊ ဖုန်း- ၀၉-၉၁၀၀၆၃၅၉ သို့ ဆက်သွယ် စုံစမ်းကာ လက်လီလက်ကား ဝယ်ယူ နိုင် မယ်လို့ သိရပါတယ်။

ကောင်းမြတ်ထွန်း

From : Yatanarpon

ဇင်ယော်
https://www.facebook.com/ZinYawNews
မန်းဈေးကွက်ကို အသံထွက် ကျယ်လောင် ကောင်းမွန်တဲ့ Mini Hi-Fi စပီကာငယ်တစ်မျိုးဝင်ရောက်လာပါတယ်။ Micro SD ကတ်စိုက်ကာ သီချင်းနား ထောင်နိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယို လိုင်းတွေကို ဖမ်းယူ နားဆင်နိုင်ပါတယ်။ FM ရေဒီယိုလိုင်း တွေကို လိုင်းကောင်းစွာ ဖမ်းယူ

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို တုန့်ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန် အခုလို သတိပေး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခွင့်ကို အသုံးချပြီး ကျူးကျော်သူတွေရဲ့ ဌာနချုပ်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်သွားမယ် လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု က နျူကလီးယား စစ်ပွဲဖြစ်ပွားအောင် ရန်စနေတဲ့ အတွက် သူတို့အနေနဲ့ လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးခင်လေးကပဲ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယား ထိပ်ဖူးပါတဲ့ တာဝေးပစ်ဒုံးကျည်ကိုတော့ ပစ်လွတ်နိုင်ခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်တိုင်း မြောက်ကိုရီးယားက အခုလို ခြိမ်းချောက်တဲ့ ကြေငြာချက်တွေ ပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။
VOA

ဇင်ယော်
https://www.facebook.com/ZinYawNews
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူ ကလီးယား စမ်းသပ်ဖောက်ခွဲမှုကို တုန့်ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ

USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည်

USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည် 

March.8,2013

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပြုလုပ်တဲ့ ကျန်းမာရေးဆွေးနွေးပွဲမှာ အဖွဲ့ရဲ့အကြီးအကဲ ဒေါက်တာ Rajiv Shah က “အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက မိခင်နဲ့ ကလေးငယ်တွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ပြောင်းလဲတိုးတက်လာအောင် အဓိကထား အကူအညီပေးသွားမယ်လို့” ပြောခဲ့တာပါ။

ဒီလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း USAID အနေနဲ့ အခုနှစ်မတ်လကစလို့ မြန်မာနိုင်ငံမှာ ဒေသအလိုက် မွေး၊ သေနှုန်းနဲ့ ကျန်းမာရေး လေ့လာမှုစစ်တမ်း ကောက်ယူရေးလုပ်ငန်းတွေကို ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ပထမဆုံးအကြိမ် အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် လာမယ့် ၅ နှစ်တာအတွင်း မိခင်နဲ့ကလေး မီးဖွားသေဆုံးမှုနှုန်း လျော့ချရေးလုပ်ငန်းနဲ့ ရောဂါကြီး ၃ မျိုးဖြစ်တဲ့ HIV/AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း USAID အဖွဲ့က တိုးမြှင့်အကူအညီပေးသွားဖို့ ရှိတယ်လို့လည်း USAID အဖွဲ့ အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂက ချမှတ်ဆောင်ရွက်နေတဲ့ ထောင်စုနှစ်ရည်မှန်းချက်အရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၂၀၀၀၀ (နှစ်သောင်း) ခန့် နှစ်စဉ် သေဆုံးနေမှုကို လာမယ့် ၃ နှစ်နီးပါးကာလအတွင်း လျော့နည်းလာအောင် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
RFA

ဇင်ယော်
https://www.facebook.com/ZinYawNews
မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွား မယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မိုဘိုင်းဖုန်းနဲ့ တခြားကဏ္ဍများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု


မိုဘိုင်းဖုန်းနဲ့ တခြားကဏ္ဍများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၉၀ နီးပါး ရှိတယ် လို့ ဖိုင်နယ်ရှယ်တိုင်းမ် အင်တာနက် စာမျက်နှာမှာ မနေ့က ရေးထားပါတယ်။

မြန်မာပြည်မှာ လက်ကိုင်ဖုန်း မသုံးသေး မ၀ယ်သေးတဲ့သူတွေ အများကြီး ရှိနေပါတယ်။
အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ဖိတ်ခေါ်အပြီးမှာ ဒီလို ဧရာမ ဈေးကွက်ကြီးအတွက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီပေါင်း ၉၀ လောက် အစိုးရကို ချည်းကပ်ထားပါတယ်။
ဘယ်ကုမ္ပဏီ လုပ်ပိုင်ခွင့် ရမယ် ဆိုတာ မသိသေးပါ။

ဆင်မ်ကတ်တခု ကျပ်ငါးထောင် ဆိုတဲ့ ကုမ္ပဏီတခုက တွက်ချက်ပြ၊ သိပ်မကြာခင်မှာ ကျပ်သောင်းဂဏန်းဖြစ်မယ် ဆိုပြီး ပြောနေကြတဲ့ မြန်မာနိုင်ငံမှာ
ဆင်မ်ကတ်ဈေး အမှန်တကယ် ပြုတ်ကျရင်တော့ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ မိုဘိုင်းဖုန်း ကိုင်ကြတော့မှာပါ။
အဲဒီအခြေအနေရောက်ရင် ဈေးကွက်မှာ မိုဘိုင်းဖုန်းတွေ လက်ရှိ အခြေအနေထက် အဆပေါင်းများစွာ အရောင်းသွက်မှာပါ။
ဘယ်တော့ ဒီအခြေအနေ ရောက်မယ် ဆိုတာတော့ ခန့်မှန်းရ ခက်နေကြပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာပြည်မိုဘိုင်းတယ်လီဖုန်းဈေးကွက်အတွက် အလုအယက် ဖြစ်နေကြပေမယ့် တခြားဈေးကွက် တခြား ကဏ္ဍများမှာ ဘယ်လို ရှိပါသလဲ။

အစိုးရ ဖိတ်ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုအခြေအနေ ရှိပါသလဲ - ဖိတ်ခေါ်နေပေမယ့် မြန်မာနိုင်ငံရဲ့ မြေဈေးနှုန်း၊ လျှပ်စစ်မီးရရှိမှု အခြေအနေတွေကြောင့် ထင်သလောက် ၀င်မလာကြဘူးလို့ ပြည်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

“နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေ အသီးသီး မြန်မာနိုင်ငံရဲ့ အခြေအနေကို လာရောက်လေ့လာကြတယ်။ 
ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ သူတို့ သိချင်တာက မြန်မာနိုင်ငံရဲ့ ဈေးကွက် အခြေအနေ၊ လျှပ်စစ်မီး ရရှိမှု အခြေ အနေတွေ မေးကြတယ်။
ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်သေးလို့ ဒါကို စောင့်ကြတယ်ပေါ့။ 
ဥပဒေတွေ နည်း ဥပဒေတွေ ထွက်တော့လည်း ထူးထူးခြားခြား ရင်း နှီးမြှုပ်နှံမှုတွေ အများကြီး ၀င်မလာကြသေးဘူး။ 
စီးပွားရေး လုပ်ကိုင်သူတွေကတော့ သူ တို့ရဲ့ အကျိုးမြတ်တွေကို တွက်ကြမှာပေါ့။ အခုက လာရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာ နိုင်ငံက မြေဈေးတွေကြီးတာ၊ ငှားရမ်းခတွေ ဈေးတက် တာ တွေ ကြောင့် အရဲမစွန့်ရဲ ကြဘူးဖြစ်နေတယ်” လို့ စက်မှု လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ဆိုင်တယ်လို့ သိရပါတယ်။

“စီမံကိန်း တစ်ခုခု လုပ်မယ်ဆိုရင် အဲဒီအကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒဖော်ထုတ်မှု၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်တတ်လို့ မြန်မာနိုင်ငံကို လာရင်းနှီးမြှုပ်နှံဖို့ လန့်နေကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ရော ဖိတ်ခေါ်သူတွေ အနေနဲ့ရော အခြေအနေတွေကို သေချာ လေ့လာပြီးမှ ဖိတ်ခေါ်ဖို့ လိုပါတယ်။
ဒီလိုမျိုးတွေ မကြာခဏ ဖြစ်နေရင်တော့ နိုင်ငံအပေါ်လည်း ယုံကြည်မှု ပျက်ပြားနိုင်ပါတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေကို ဖိတ်ခေါ်မှ နိုင်ငံခြား ၀င်ငွေ ရရှိစေမှာ ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ပြီး နည်းပညာ တွေ တိုးတက်စေကြောင်း၊ 
နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှု ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကို မထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးကို ကြိုဆိုသင့်ကြောင်း ပြည်တွင်း စီးပွားရေး ပညာ ရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ပြုပြင်ပြောင်းလဲရေးက စလုံးရေစပဲ ရှိသေးတဲ့အတွက် မျှော်လင့်တဲ့နေရာရောက်ဖို့
တော်တော်လေး ကြိုးစားဖို့ လိုပါသေးတယ်လို့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

(ဝန်ကြီးပြောကြားချက်သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ irrawaddy.org/archives/27569 မှာ ဖတ်ပါ)

“ဘတ်ဂျက်စာရင်း ထင်သာမြင်သာ ရှိဖို့၊ ထိပ်တန်းအစိုးရအရာရှိများရဲ့ပိုင်ဆိုင်မှု ကြေညာဖို့” အစရှိတာတွေ လိုအပ်နေသေးတယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။

ဧရာဝတီ 

ဇင်ယော်
https://www.facebook.com/ZinYawNews

မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွက် လုပ်ငန်း လိုင်စင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၉၀ နီးပါး ရှိတယ် လို့ ဖိုင်နယ်ရှယ်တိုင်းမ် အင်တာနက် စာမျက်နှာမှာ မနေ့က ရေးထား ပါတယ်။

Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ

Photo: Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ
Thursday, March 7, 2013

ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှုများထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။

Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင်
ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများကတော့ စာလုံးနည်းနည်းနဲ့ 
ရောက်အောင်ရေးလို့ ပို့ပါတယ်။

ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ရေးသားပေးပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။

ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ်
မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/03/text-message.html

--
TechSpace Journal
ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှုများထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက်ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အချက် ပဲ ဖြစ်ပါတယ်။ အဖြစ်ကဒီလိုပါ။
Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင်ရေးလို့ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေ မယ့် တော်တော်များများ ကတော့ စာလုံးနည်းနည်းနဲ့ရောက်အောင်ရေးလို့ ပို့ပါတယ်။

ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ

Photo: ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ
Thursday, March 7, 2013

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို 
မ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နေက်ဆုံးအပတ်ကတည်းက အဆိုပါ 
KNU/KNLA တပ်အဖွဲ့ဝင်များသည် စီဒီခွေတစ်ခွေလျှင် ၃,၀၀၀ကျပ်နှုန်းဖြင့် ကားသမားတစ်ဦးလျှင် ၃ခွေ မ၀ယ်မနေရစနစ်ဖြင့် ရောင်းနေခြင်း
ဖြစ်သည်ဟု ခရီးသည်တင်ကားသ မားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကားသမားတွေကို သူတို့ရဲ့ ရှိုးပွဲစီဒီခွေတွေ အတင်းဝယ်ခိုင်းတယ်ဗျာ။ ကျနော်က ဒီအခွေကို တခါဝယ်ပြီးပြီ။ အခုတခါ လည်း ရောင်းတာ မ၀ယ်တော့ဘူးဆိုတော့ သေနတ်ထုတ်ပြတယ်လေ။ ဒီတော့ မ၀ယ်ချင်လည်း ၀ယ်ရတာပေါ့။”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ စီဒီခွေရောင်းနေသည့် အဆိုပါ KNU/KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၁၅ဦးခန့်ရှိပြီး စစ်ယူနီဖောင်း၊ လက်နက်အ ပြည့်အစုံနှင့်
အတူ မြ၀တီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းရှိ တံတားကျိုးဂိတ်
အလွန် လမ်းတနေရာ၌ ကားများကိုတား ကာ ၀ယ်ယူခိုင်းခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ၀ယ်ယူခိုင်းခြင်း မရှိကြောင်း သိရသည်။

KIC (Karen Information Center)

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်” အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကိုမ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။