ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှာကြောင်းဝန်ခံ
ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်း ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့ အနေဖြင့် သဘာဝလွန်ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံ မှုများ ဖြစ်ပွားခဲ့သည်။
“လိင်ပိုင်းဆိုင်ရာ ပုံမှန်ပါ” ဆိုသည့်ခေါင်းစဉ်ဖြင့် ပါမောက္ခ ဂျေး မက်ဒီဗစ်ဦးဆောင်ပြီး အလုပ်ရုံဆွေးနွေး ပွဲတစ်ခု ကို ယေးလ်တက္ကသိုလ်တွင်
ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကျောင်းသား ၅၅ ဦးကို ဖုန်းများဖြင့်
သူတို့၏ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို မေးမြန်းပြီး၊ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ထိုမေးမြန်း ချက် များကို ပြန်သုံးသပ်ကြည့်ရာမှကျောင်းသူကျောင်းသားများတွင် ဖောက်ပြန်သည့် လိင်ပိုင်း ဆိုင်ရာပြဿနာ များရှိနေ ကြောင်း သိရှိကြရခြင်းဖြစ်သည်။
ယေးလ်တက္ကသိုလ်ထုတ် နေ့စဉ်သတင်းစာတွင်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ ၉ ရာခိုင်နှုန်း သည် ပိုက်ဆံယူပြီး လိင်ဆက်ဆံမှုများရှိနေကြောင်း၊ ၃ ရာခိုင်နှုန်းမှာ ဖောက်လွဲဖောက်ပြန်လိင်ဆက်ဆံမှုများ ပြု လုပ်ခဲ့သည်ကို ဝန်ခံထားကြောင်း ရေးသားဖော်ပြထားသည်။
ဤဆွေးနွေးပွဲသည် ကျောင်းသား ကျောင်းသူများ၏သိက္ခာကိုချရန် ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ လိင်ပိုင်း ဆိုင်ရာ ကိစ္စရပ်များတွင် အစွန်းမရောက်စေရေးအတွက် ထိန်းသိမ်းနိုင်ရန် ပွင့်လင်းစွာဖော်ထုတ်မှုဖြင့်စိတ်ကို ကုသပေးခြင်းဖြစ်ကြောင်း ပါမောက္ခ ဂျေးကပြောကြားသည်။
မောက္ခ
No comments:
Post a Comment