Monday, August 27, 2012

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း Johns Hopkins University မှ ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ


 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည်Johns  Hopkins  University   မှ Prof. Dr. Karl  Jackson ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မြင့်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကိုကိုဦး၊ပညာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။
တွေ့ဆုံစဉ် နည်းပညာ ဖလှယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

No comments:

Post a Comment