Monday, August 27, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး Facebook စာမျက်နှာ စတင်လွှင့်တင်





နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး က Facebook စာမျက်နှာ (http://www.facebook.com/constitutional.tribunal) ကို သြဂုတ်လ၂၅ရက်နေ့က စတင်လွှင့်တင်ထားကြောင်း အဆိုပါ စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ကို ၃၀-၃-၂၀၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် ၂၀၁၁/၁၁ ဖြင့်ဦးသိန်းစိုး ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ခုံရုံး ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတော် သမ္မတရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် ၁၁/၂၀၁၁ ဖြင့်-

(က) ဒေါက်တာတင်အောင်အေး

(ခ) ဒေါ်ခင်လှမြင့်

(ဂ) ဦးထွန်းကြည်

(ဃ) ဦးစိုးသိန်း

(င) ဦးခင်ထွန်း

(စ) ဦးဆန်းမြင့်

(ဆ) ဦးမြင့်ကြိုင်

(ဇ) ဒေါ်မိမိရီ
တို့ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ခုံရုံး၊ အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့သည်။


No comments:

Post a Comment