Wednesday, September 12, 2012

iPhone 5 ထွက်တော့မည်



Apple ကုမ္ပဏီ အမှတ်တံဆိပ်

Apple ကုမ္ပဏီက ထုတ်မယ့် iPhone အသစ် အမျိုးအစား iPhone 5 ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G လို့ အများက သိကြတဲ့ စတုတ္ထမျိုးဆက် 4th Generation လက်ကိုင်ဖုန်းအဖြစ်နဲ့  အသုံးပြုသွားရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။ SAMSUNG  Galaxy S III မှာ ရှိတဲ့ စွမ်းရည်များစွာဟာ လည်း iPhone 5 မှာ ပါရှိလာလိမ့်မယ်လို့  အများက မျှော်လင့်ထားကြပါတယ်။

iPhone 5 အသစ်ဟာ အရွယ်အစား ပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စပြီး အများစုကို ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။


No comments:

Post a Comment