Wednesday, September 12, 2012

Twitter account ၏ အချက် အလက်များ လွှဲအပ်ရန် တရားရုံးက စီရင်ချက်ချမှတ်


Twitter account ၏ အချက်အလက်များ လွှဲအပ်ရန် တရားရုံးက စီရင်ချက်ချမှတ်ယမန်နှစ်က နယူးယောက်ခ်တွင် ဖြစ်ပွားခဲ့သော Occupy Wall Street လှုပ်ရှားမှုအတွင်း ဆန္ဒပြခဲ့သူတစ်ဦး၏ Twitter posts (Tweets) များနှင့် ပတ်သက်၍ အချက်အလက်များကို Twitter Inc. အနေဖြင့် လွှဲပြောင်းပေးရန်နှင့် ထိုသို့လွှဲပြောင်းပေးခြင်းမရှိပါက ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း နယူးယောက်ခ်တရားရုံးချုပ်က ယနေ့ စီရင်ချက်ချမှတ်လိုက်သည်။

ယမန်နှစ်က နယူးယောက်ခ်တွင် ဖြစ်ပွားခဲ့သော Occupy Wall Street လှုပ်ရှားမှုအတွင်း ဆန္ဒပြခဲ့သူတစ်ဦး၏ Twitter posts (Tweets) များနှင့် ပတ်သက်၍ အချက်အလက်များကို Twitter Inc. အနေဖြင့် လွှဲပြောင်းပေးရန်နှင့် ထိုသို့လွှဲပြောင်းပေးခြင်းမရှိပါက ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း နယူးယောက်ခ်တရားရုံးချုပ်က ယနေ့ စီရင်ချက်ချမှတ်လိုက်သည်။ တရားရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း Harris ဆိုသူ၏ "@destructuremal" အမည်ရှိ Twitter account အသုံးပြု၍ တင်ခဲ့သော Tweets များ၊ အဆိုပါ account နှင့် ဆက်နွယ်သည့် အချက်အလက်များကို ပေးအပ်ရန် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကတည်းက ညွှန်ကြားထားခြင်း ဖြစ်သည်။



Harris မှာ ယမန်နှစ် အောက်တိုဘာ ၁ ရက်က Occupy Wall Street လှုပ်ရှားမှုတွင် ဆန္ဒပြသူ ၇၀၀ ခန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။ Twitter က account နှင့် ပတ်သက်သည့် အချက်အလက်များ ပေးအပ်ရမည့် တရားရုံးစီရင်ချက်ကို အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ယခုအခါ နယူးယောက်ခ် တရားရုံးချုပ်က လာမည့် စက်တင်ဘာ ၁၄ ရက်နောက်ဆုံးထား၍ အဆိုပါ အချက်အလက်များကို လွှဲပြောင်းပေးအပ်ရန်နှင့် ထိုသို့လွှဲပြောင်းပေးခြင်း မရှိပါက Twitter Inc. အား ဒဏ်ရိုက်သွားမည်ဟု စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။
From: Planet

No comments:

Post a Comment