လစ်ဗျားနိုင်ငံ
ဘန်ဂါဇီမြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း
လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့်
သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက
ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင်
အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း
သေဆုံးခဲ့ခြင်း ဖြစ်သည်။
(အမေရိကန်သံအမတ် ခရစ္စတိုဖာ (ဝဲအစွန်) အား လစ်ဗျား အာဏာလွှဲပြောင်းရေးကောင်စီ ဥက္ကဋ္ဌ
မူစတာဖာ အက်ဘ်ဒဲနှင့်အတူ ဇွန် ၇ ရက်က တွေ့ရစဉ်)
သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC ကဆိုသည်။ အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးချေ။ ABC သတင်းဌာနနှင့် Aljiazeera သတင်းဌာတို့က ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် အမေရိကန်သံအမတ် သေဆုံး
သွားကြောင်း အတည်ပြု ထုတ်လွင့်ခဲ့သည်။

No comments:
Post a Comment