Thursday, February 28, 2013

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန် ထားသည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။ 

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။ 
---
Illustration: Inspiration Mars. All Rights Reserved.

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာသူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
Thursday, February 28, 2013

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်
ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်
ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။

KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြား
ရှိလာကြောင်းကိုလည်း သိရသည်။

နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်  ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ 

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

 မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ 

ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး

ရေဘားလို အသုံးပြု ရမည့် USB TAP

ရေဘားလို အသုံးပြု ရမည့် USB TAP

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံး ဘယ်ပစ္စည်း မျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေ လိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်း ရမယ် ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲ လှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏ ကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထား တာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

Ref: enGadget
Aung Kham (TSJ team)
From : Techspace

http://bit.ly/YyTNqq

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ်ထဲ ထိုးလို့အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံးဘယ်ပစ္စည်း မျိုးကို မဆိုအားသွင်းလို့ရမှာ ဖြစ်ပါတယ်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

 http://www.news-eleven.com/
သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ် ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

Wednesday, February 27, 2013

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား

Photo: မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား
Wednesday, February 27, 2013

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

"ရဲတပ်ဖွဲ့တွေအနေနဲ့ ရာဘာဒုတ်နဲ့ ခုခံကာကွယ်ခဲ့ တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာ အများအပြား ရရှိခဲ့တယ်။ဒေသခံတွေက အရမ်း ကြမ်းလာတဲ့ အတွက် လက်နက်သုံးခဲ့တယ် ဆိုပေမယ့် ရာဘာကျည်
လေးတောင့်နဲ့ ခဲကျည် တစ်တောင့်သာ အသုံးပြု ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပစ်တဲ့ ခဲသီးက တစ်ယောက်ရဲ့ ပါးစပ်မှန်ပြီး နောက် တစ်ယောက် လက်မောင်းကို မှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြတယ်။ ဒေသခံများ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရင် ခြောက်လှန့် ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှ မပြုလုပ်ပါဘူး" ဟု ဦးထွန်းမင်းက ပြောပါသည်။

"ဒီဒေသခံတွေက ငါးကန်တွေကို ဖောက်ချတယ်။ ငါးတွေဖမ်းတယ်။ 
ကုမ္ပဏီ ၀န်ထမ်း တွေကို ရန်ရှာတဲ့ အတွက် ကုမ္ပဏီ ၀န်ထမ်းတွေ 
ထွက်ပြေး ကြရတယ်။ ဖေဖော်ဝါရီလ ၂၅ရက်နေ့က အရမ်း ကြမ်းလာတဲ့ အတွက် ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ တစ်နာရီမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရခြင်း ဖြစ်တယ်။ အဲဒီလို ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပေ မယ့်
ဒေသခံတွေက လိုက်နာခြင်း မရှိတဲ့အတွက် သက်မှတ်ထားတဲ့ နေရာက ဖယ်ပေးဖို့ နှစ်ကြိမ် သတိပေးခဲ့တယ်။ ဒေသခံရွာ သူ ရွာသား တွေကို လည်း ခေါ်ပြီး ညှိနှိုင်းခဲ့ပေမယ့် သူတို့ရဲ့ တောင်းဆိုချက်က လယ်မြေတွေကို ခုချက်ခြင်း ပြန်ပေးပါဆိုတဲ့အတွက် ဘယ်လိုမှ လိုက်လျော မပေးနိုင်တဲ့ အတွက်ကြောင့် ဒေသခံတွေက ဒုတ်တွေ ဓားတွေ နဲ့ ဂျင်ကလိတွေ ကိုင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ၀င်ရောက် အကြမ်းဖက်ခဲ့တယ်”ဟု ဦထွန်းမင်းက ဆိုပါသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက်
ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ 
နံနက် ၉ နာရီအချိန်က သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးရုံကို ရောက်လာတဲ့ လူနာအားလုံးကို ဆေးကုသ
ပေးပါတယ်။ အဲဒီဘက်မှာ ဖြစ်တဲ့ ကိစ္စတွေကို ကြားကတည်းက ဆေးရုံမှာ လူအင်အားစုပြီး တပ်လှန့်ထားပါတယ်။ ဓာတ်ခွဲခန်းတွေ ခွဲစိတ်ခန်းတွေ အဆင်သင့် ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေး အဖွဲ့တစ်ဖွဲ့နဲ့ အရေးပေါ် လူနာတင်ယာဉ် ကားတစ်စီးကိုလည်း အခင်းဖြစ်တဲ့ နေရာ
ကိုသွားပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်စေ ပါတယ်။
ဆေးရုံမှာရှိတဲ့ ဆရာဝန် ဆရာမ အင်အားတွေနဲ့ ကုသပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဦးခေါင်းခွံရိုး အက်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်” ဟု မအူပင်
ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီးက ပြောသည်။

လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသူများအနက် ပြင်ပ လူနာဌာနတွင် ကုသပေးပြီး ဆေးရုံမှ ပြန်လည်စေလွှတ်ခဲ့သူ ၁၆ဦး
ရှိခဲ့ပြီး ကျန်ရှိသူများမှာ ဒဏ်ရာမပြင်းထန်ကြောင်း မအူပင်ဆေးရုံအုပ်ကြီး
က ပြောကြားခဲ့သည်။

ယင်းပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူများအား ဆေးရုံသို့ရောက်ရှိ
လာရေးအ တွက် မအူပင်မြို့နယ်ရှိ လူမှုအဖွဲ့အစည်းများကလည်း အကူအညီများပေးခဲ့ကြောင်းနှင့် ကျေးရွာများတွင် ဖမ်းဆီးထိမ်းသိမ်း
ခံရမည်ကို ကြောက်ရွှံ့သောကြောင့် ဒဏ်ရာရရှိသော်လည်း
ရှောင်ပုန်းနေသူများလည်းရှိကြောင်း မအူပင်မြို့နယ်ရှိ ပျိုးခင်းသစ် လူမှုကူညီရေးအဖွဲ့မှ ကိုထိုက်ထိုက်က ပြောပြခဲ့သည်။

''ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ကုမ္ပဏီက ငါးကန် တာဘောင်ငါးခုကို ဖောက်ချလိုက်တယ်။ အဲဒါကို မဖောက်ချဖို့ မလက်တို ရွာသားတွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ပြောပေမယ့် လူစုမကွဲဘူး။ ညနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပြဿနာ
ဖြစ်တယ်။ နှစ်ဖက်စလုံး ဒဏ်ရာရတာတွေ့ရတယ်'' ဟု ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပက်သက်ပြီး Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီမှ ဦးငယ်လေးက ပြောပါသည်။

''လယ် သမားတွေက လယ်ပြန်ရဖို့ တောင်းဆိုတာ ခြောက်ရက်လောက် ရှိပါပြီ။ ဒီနေ့ နေ့လည်တစ်နာရီမှာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သိရတယ်။ လယ်သမားတွေကို လူစုခွဲခိုင်းတယ်။ လူစုက ကွဲမသွားဘူး။ ညနေခြောက်နာရီလောက်မှာ လယ်သမားတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ကြတယ်''ဟု ကိုထိုက်ထိုက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ပြောပါသည်။

လက်ရှိ အချိန်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားသည့် နေရာတွင် ဒေသခံများ ဆက်လက် ရှိနေပြီး ရပ်တပ်ဖွဲ့ဝင်များကလည်း လူစုခွဲရန်နှင့် လူစုမခွဲပါက အရေးယူ
မှုများဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဓာတ်ပုံ - မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေး
တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က
တွေ့ရစဉ်

Eleven Media Group

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo  Maythit Sar

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက်ကာရေဖွင့်ချ၍ ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန် ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာ ရှင်တို့ လေ့ လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုးတစ်ချက်ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက် အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။

မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိ

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်း ဝန်းကျင် တန်ဖိုးနည်း ဖုန်းများကို ရောင်းချပေး နိုင်ရန် စီစဉ် ထားသော်လည်း နိုင်ငံတော် သမ္မတမှ ယင်းဈေးနှုန်း ထက် လျော့နည်း သည့် နှုန်းထားဖြင့် ရောင်းချစေရန် ညွှန်ကြား ခဲ့သောကြောင့် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ရကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ရောင်းချမယ့် မိုဘိုင်းဖုန်းဈေး တွေကိုတော့ သတ်မှတ် ပြီးပါပြီ။ ဘယ်လောက် ဆိုတာတော့ ပြောခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ အများပြည် သူ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းတော့ ဖြစ်မှာပါ” ဟု ပြောသည်။

 ဧပြီ ၁ ရက်တွင် မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးတော့မည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကိုမူ အတိအကျ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရတနာပုံ တယ်လီပို့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “မိုဘိုင်းဖုန်း ရောင်းချဖို့ ကိုတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေပါတယ်။ ရောင်းချဖို့ နောက်ကျရတဲ့ အကြောင်းက ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ် နေရလို့ပါ။ ရောင်းမယ့်ဈေး ကိုတော့ ပြောခွင့် မရှိသေးပါဘူး” ဟု ပြောသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ ကျေးလက်နေ ပြည်သူများ အတွက် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ပေး နိုင်သည်နှင့် အမျှ နိုင်ငံတော ကဏ္ဍ အသီးသီး၏ တိုးတက် ဖွံ့ဖြိုးရေးတွင် အထောက် အကူ ဖြစ်လာ နိုင်သည်ဟု သိရသည်။

မိုဘိုင်းဖုန်း ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ပတ်သက်၍ Elite Tech မှ တာဝန်ရှိသူ တစ်ဦးက “အခုချပေးမယ့် လိုင်းတစ်သန်းကျော် ဆိုတာက များတဲ့ ပမာဏပါ။ ဖုန်းတွေကို အပြင်ဆိုင် တွေမှာပါ လွတ်လွတ် လပ်လပ် ဝယ်လို့ ရမှာပါ။ ဖြန့်ဖြူးမယ့် အပိုင်းကိုတော့ ကုမ္ပဏီ ၁၃ ခုက တာဝန် ယူထားတယ်” ဟု ပြောသည်။ မြန်မာ နိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လေးသန်းခန့်သာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် သုံးစွဲသူ နှစ်သိန်းကျော် ရှိကာ ၂၀၁၄-၁၅ ခုနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့် ရန် မျှော်မှန်း ထားကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon
လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင် ရန် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်းဖုန်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း 
ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း
Wednesday, February 27, 2013

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့
ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်
ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း
ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ
(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်း
ဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာ
Carlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊
ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်း
သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်း
အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊
ကျောက်မျက်များသည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်
ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ 
မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ 
ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေး
ခရီးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက်အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

7Day News Journal


မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်း ရန်ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသား လွှတ်တော် သတ္တုနှင့်သယံဇာတရေးရာ ကော် မတီနှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, February 26, 2013

အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်သစ် ဘယ်သူတွေဖြစ်လာလဲ

နိုင်ငံတော် သမ္မတရုံးက လစ်လပ်လျှက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးအဖွဲ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
=================================
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။

Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။

credit - Oppositeyes
-------------------------------------------------------------------
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီး ခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ
တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Monday, February 25, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေးအဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေအဖြစ် ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ
များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက
ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများမရှိဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal
လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြော


အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် တရုတ် ကူညီပေးနေ
=============================
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်က အဓိက အကူ အညီပေးနေကြောင်း သိရပါတယ်။

Monday, February 25, 2013

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Kachin Daily News
KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြား ရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက် တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေ

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန် ပစ္စည်းကန့်သတ်ထား

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန်
ပစ္စည်းကန့်သတ်ထား
Monday, February 25, 2013 

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ
တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစားများ
ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက်ကုန်
ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ်ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်များထံက သိရသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသည် ခရီးသည်တင် ယာဉ်ဖြစ်စေ၊ 
ကိုယ်ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ရှိသည်။ ယာဉ်ရပ်နား
စခန်း   တစ်ခုဖြစ်ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း  ရှိဈေးသည်အများစုကပြောကြား  ရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်းတာသိပ်မကြာသေးပါ ဘူး။ ဒီနေရာမှ အစတုန်းကဈေး သည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ရတာလည်း သိပ် မကြာသေးဘူး။ အခုလိုဒီနေရာ မှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူးအထက်အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန်
တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေးဆိုင်ငယ်တွေက မရောင်းရဘူး
ရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မတို့ ဆိုင်ငယ်တွေဆိုရင် ဟိုဟာ မရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထားတယ်။ သူတို့ဆိုင်ကြီးတွေက  ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရ
ဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့  သူတို့ကပိတ်ပင်ထားတယ်”ဟု
ပြောကြားခဲ့သည်။

အဆိုပါဈေးဆိုင်ငယ်များ သည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုး ထဲကိုသာရောင်းချခွင့်ရပြီး ထမင်း  နှင့် အခြားသော
အစားအသောက်များအား လုံးဝရောင်းချခွင့်မရကြောင်း ၎င်းတို့ကပြောသည်။

ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရသဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွားအချို့ကပြောသည်။

ဖြိုးအောင်
ွှThe Hot News

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစား များဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက် ကုန်ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ် ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည် များထံက သိရသည်။

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ
Monday, February 25, 2013 

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်
၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်း
အတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်
နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား
များ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေ
ကြောင်း ပြောကြားသည်။

Ref: Asiaone
The Myanma Age
စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

Saturday, February 23, 2013

လေယာဉ်မှူး သင်တန်းကို ပထမဆုံး အနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်

Photo: လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်
Saturday, 23 February 2013

အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊
လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူးများအတွက် လိုင်စင် ရရှိစေရန် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

သင်တန်းကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ခြောက်သောင်းခွဲ ကုန်ကျမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် တစ်နှစ် နှင့် ရှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါသင်တန်းကျော င်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Park Hotel ၌ ကျင်းပခဲ့သည်။

ခိုင်နွယ်ဦး
Popular Myanmar News Journalအရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာသံစဉ်သည် ခိုးကူးခွေတွေကြောင့် ပရိုဂျုဆာတွေ

Photo: မြန်မာသံစဉ်သည် ခိုးကူးခွေတွေကြောင့် ပရိုဂျုဆာတွေ
အားနည်းခဲ့သည်ဟု ဗညားဟန်ဆို
Saturday, 23 February 2013

မြန်မာ့ ဂီတလောကတွင် မြန်မာသံစဉ်မှာ ခိုးကူးခွေတွေကြောင့် ပရိုဂျူဆာတွေအားနည်းသွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုတော်
ဗညားဟန်က မြန်မာ့ခေတ်သို့ပြောကြားသည်။

"ပရိုကျုဆာတွေက အင်မတန် အားနည်းကုန်ကြပြီ ဘာကြောင့်
လဲဆိုတော့ ဒီ blackခွေတွေကြောင့်၊ ဒီသူခိုးခွေ ကူးတာတွေ မပျောက်တဲ့အတွက်ကြောင့် ပရိုဂျုဆာတွေက မလုပ်ချင်တော့ဘူး။
blackခွေတွေ ပျောက်မှပရိုဂျူဆာတွေ ထွက်ပေါ်လာမှာပါ။ မပျောက်မချင်းမပေါ်ပါဘူး" ဟုဗညားဟန်က ပြောသည်။

ယနေ့ခေတ်တွင် မြန်မာလူမျိုးများသည် မြန်မာသံစဉ်ကို
နားထောင်ရသည်မှာတောကျသည်ဟု အထင်သေးမှုများကြောင့်
မြန်မာသံစဉ် အားနည်းရခြင်းဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာရှိတဲ့ မြန်မာလူမျိုးတွေ ဂီတကို နားလည်ဖို့
လိုတယ်။မြန်မာသံစဉ်တွေ ဘာကြောင့်အားနည်းတယ် ဆိုတာ မြန်မာလူမျိုးတွေကအထင်မကြီးတော့တာလည်း ပါတယ်။ မြန်မာလူမျိုးတွေ ဖြစ်နေပြီတော့မြန်မာသံစဉ်ကို
နားထောင်ရတာ အထင်သေးတယ်။ တောကျတယ်ဆိုတဲ့
အထင်သေးမှုက မြန်မာပြည်မှာ လွမ်းမိုးနေတဲ့အတွက်ကြောင့်
မြန်မာသံစဉ်တွေ အားနည်းနေတာပါ" ဟု ဗညားဟန်က
ပြောကြားသည်။

အိအိ
The Myanma Age မြန်မာ့ ဂီတလောကတွင် မြန်မာသံစဉ်မှာ ခိုးကူးခွေတွေကြောင့် ပရို ဂျူဆာတွေ အားနည်းသွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုတော် ဗညားဟန် က မြန်မာ့ခေတ်သို့ပြောကြားသည်။

ဟေတီသဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးတွင် ပင်မလာ ပါဝင်ကူညီ

Photo: ဟေတီသဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးတွင် ပင်မလာ ပါဝင်ကူညီ
Saturday, 23 February 2013

ဟောလီးဝုဒ် မင်းသမီး ပင်မလာ အန်ဒါဆန်သည် ဟေတီနိုင်ငံသို့
ရောက်ရှိနေပြီးနောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ကဏ္ဍတွင် ပါဝင် ကူညီ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်ကတည်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီ တစ်ဦးအဖြစ် နာမည်ကြီးသော ပင်မလာသည် ဟေတီရှိ NGOအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လယ်မြေတိုးချဲ့ခြင်းကြောင့် သစ်တောများကို မီးရှို့ခြင်းအား ကာကွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Baywatch ဇာတ်လမ်းတွဲများမှ မင်းသမီးဟောင်းသည် INGA Foundationနှင့် ပူပေါင်းကာ လယ်မြေ စိုက်ပျိုးခြင်းအတွက်
တောမီးရှို့ခြင်းများမှ ကာကွယ်ရန် နည်းလမ်းများကို ဖြန့်ဝေသွားနိုင်ရန် ကြိုးစားနေသည်။

ထိုအစီအစဉ်တွင် ဟွန်ဒူးရပ်စ်နိုင်ငံမှ NGO အဖွဲ့များကလည်း ပါဝင် 
ကူညီရန် ကမ်းလှမ်းထားသည်။ ပင်မလာသည် ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဆန့်ကျင်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးစားသူ တစ်ဦးဖြစ်ပြီး သစ်တောများ ပြုန်းတီးမှုတွင် လယ်ယာစိုက်ပျိုးရေး နည်းစနစ်ကို ပြောင်းလဲခြင်းသည် အဓိက သော့ချက် အဖြေတစ်ခုဟု ယူဆထားသည်။

ဟေတီသည် အနောက်ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး (၂၀၁၀)ပြည့်နှစ်က ဖြစ်ပွားသည့် ကမ္ဘာကျော် ငလျင်ကြီးကြောင့် ပိုမို ချွတ်ခြုံကျလာခဲ့သည်။

ပင်မလာက "ကျွန်မ ဟေတီကို သွားခဲ့တဲ့ အဓိက ရည်ရွယ်ချက်က INGA Foundaitonနဲ့အတူ လယ်ယာ စိုက်ပျိုးရေးနဲ့ သစ်တောတွေ ပြန်လည် ထိန်းသိမ်း ဖြည့်ဆည်းရေး လုပ်ငန်းကို အဲဒီနိုင်ငံမှာ ဦးစားပေး လုပ်ဆောင်စေချင်လို့ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ လုံလောက်ဖူလုံဖို့ရော၊ သစ်တောတွေ ထိန်းသိမ်းဖို့ကိုပါ ယှဉ်တွဲ လုပ်ဆောင်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။

Planet Myanmar Network ဟောလီးဝုဒ် မင်းသမီးပင်မလာ အန်ဒါဆန်သည် ဟေတီနိုင်ငံ သို့ ရောက် ရှိနေပြီးနောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ကဏ္ဍတွင် ပါဝင် ကူညီ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာဘဏ် ၄ ခုနဲ့ US လုပ်ငန်းရှင်တွေ ဘဏ္ဍာရေး ဆောင်ရွက်ခွင့်ရ

Photo: မြန်မာဘဏ် ၄ ခုနဲ့ US လုပ်ငန်းရှင်တွေ ဘဏ္ဍာရေး ဆောင်ရွက်ခွင့်ရ
Saturday, February 23, 2013

မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေကို
ငွေကြေးဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ခွင့်ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာက ယမန်နေ့က ခွင့်ပြုလိုက်ပါတယ်။ 

အမေရိကန် လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု
လိုင်စင်ထုတ်ပေးလိုက်တဲ့ ဘဏ်တွေ ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စီးပွားရေးသမားကြီး ဦးတေဇပိုင်တဲ့ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် AGD ၊ မက်စ် ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဧရာဝတီ ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ဘဏ် MICB၊ မြန်မာ့ စီးပွားရေးဘဏ်ဆိုတဲ့ ဘဏ် တွေဖြစ်တယ်ဆိုတာ အေအဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြ ထားပါတယ်။ 

အမေရိကန်အနေနဲ့ အဆိုပါ ဘဏ်လုပ်ငန်းရှင် မြန်မာစီးပွားရေး သမားတွေအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ဆက်လက် ရှိနေအုံးမှာဖြစ်ပြီး ယခုလို ဘဏ်လုပ်ငန်း ပူးပေါင်လုပ်ဆောင်ခွင့်
ပေးလိုက်ခြင်းဟာ သီးခြားစီဖြစ်တယ်လို့ နိုင်ငံခြား ပိုင်ဆိုင်မှု 
ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က ဗွီအိုအေကိုလည်း ပြောထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်
ပိတ်ဆို့မှုတွေ ဖြေလျှော့ပေး လာပြီး နောက်ပိုင်း ဒါက တော့
နောက်ဆုံး ဖြစ်ထွန်းမှု တခုပါ။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး
မစ္စတာ David Cohen က အေအက်ဖ်ပီကို ပြောရာမှာ ယခုလို ခွင့်ပြုပေးလိုက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေး၊
နိုင်ငံခြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နိုင်ငံတကာ NGO တွေအနေနဲ့ ငွေ ကြေး လည်ပတ်ရာမှာ အဆင်ပြေစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ လှုပ်ရှားသူတွေကို တစုံတရာ လွတ်လပ် ခွင့်တွေ ပေးခဲ့ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေကိုလည်း ပါလီမန်တွင်း ၀င်ရောက်
ခွင့်ပြုတာ၊ သတင်း မီဒီယာ ကဏ္ဍမှာ ထိုက်သင့်တဲ့ လွတ် လပ်မှုတွေ ရှိလာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ စသဖြင့် ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ လုပ် လာပြီးနောက်ပိုင်း အမေရိကန် မြန်မာ ၂ နိုင်ငံ လည်း ပုံမှန်ဆက်ဆံရေးတွေ ရှိလာတာဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ဘဏ္ဍာဆိုင်ရာ ပူးပေါင်း လုပ်ပိုင်ခွင့် လိုင်စင်တွေ ချပေး လိုက်ပြီးတဆက်တည်းမှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်
အုပ်စုတခုကလည်း ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လုပ် ကြမလဲဆိုတာလေ့လာဖို့ မြန်မာနိုင်ငံကို နောက်တပတ်လောက်မှာ သွားရောက်ဖို့လည်း ရှိတယ်လို့ ရိုက်တာ သတင်း တပုဒ်က ဆိုပါတယ်။ 


ဓာတ်ပုံ - AGD Booth At Barcamp Yangon 2013
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

ဧရာဝတီ မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေကို
ငွေကြေးဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ခွင့်ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာက ယမန်နေ့က ခွင့်ပြုလိုက်ပါတယ်။

မှော်ဘီ-သီရိမင်္ဂလာဈေး ကားမှောက် ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

Photo: မှော်ဘီမှ သီရိမင်္ဂလာဈေးသို့ ပြေးဆွဲသော ခြင်္သေ့ယာဉ်လိုင်းမှ ခရီးသည်တင် ဟိုင်းလတ်ယာဉ်တစ်စီးသည် လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အရှိန်လွန် တိမ်းမှောက်သွားရာ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကြိုးမဲ၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ "မှတ်တိုင်မှာ ကားရပ်ဖို့ အရှိန်သတ်တာမှာ မနိုင်ဘဲ တုံးလုံးလဲကျသွားတယ်လို့ သိထားရတယ်။ ဒဏ်ရာရတဲ့ ၁၅ ဦးထဲမှ အမျိုးသားတစ်ဦးက အခုပဲ ဆုံးသွားတယ်။ သူ့နာမည်ကို မသိရသေးဘူး။ ဖြစ်ကတည်းက သတိမေ့နေလို့ မမေးလိုက်ရတာကြောင့် စုံစမ်းနေဆဲပဲ။ အမှုကတော့ ဆက်စုံစမ်းနေဆဲပဲ။ ယာဉ်မောင်းက ထွက်ပြေးသွားတယ်"ဟု လှိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေပြီး အမှုကို တာဝန်ယူ ဆောင်ရွက်နေသော ရဲအုပ်က ပြောသည်။ ဒဏ်ရာရရှိသော ကျန်လူနာ ၁၄ ဦးကို ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာနတွင် ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

7Day News Journalမှော်ဘီမှ သီရိမင်္ဂလာဈေးသို့ ပြေးဆွဲသော ခြင်္သေ့ယာဉ်လိုင်းမှ ခရီး သည်တင် ဟိုင်းလတ်ယာဉ်တစ်စီးသည် လှိုင်မြို့နယ် သံလမ်းမှတ်တိုင် အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အရှိန်လွန် တိမ်းမှောက်သွားရာ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကြိုးမဲ၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 

ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံ လာမည်

Photo: ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံလာမည် 
Saturday, 23 February 2013

တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ 

သင်္ဘောပေါ်မှာ အမေရိကန်ပြည်ထောင်စုတက္ကသိုလ်တွေက ပါမောက္ခတွေနဲ့အတူ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး 
Desmond Tutu ဟာ ကထိကတာဝန်နဲ့ ပါလာမှာဖြစ်ပါတယ်။
 
Semester At Sea အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပညာသင်သင်္ဘောကြီး ၂၀၀၆ ခုနှစ်မတိုင်ခင်က လာခဲ့ဖူးပေမဲ့ အဲဒီနောက်ပိုင်းမှာ ဘုန်းတော်ကြီး Desmond Tutu ရဲ့ ပန်ကြား ချက်ကြောင့် မြန်မာနိုင်ငံကို သွားတာကို ရပ်ခဲ့ပြီး အခုမှ ပြန်သွားတာဖြစ်တယ်လို့ Semester At Sea အစီအစဉ်ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ Michael Zoll က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ဘုတ်အဖွဲ့ဝင်တယောက်လည်းဖြစ်၊ မိတ်ဆွေကောင်း တယောက်လည်းဖြစ်တဲ့ တောင် အာဖရိက-က ဘုန်းတော်ကြီး Desmond Tutu က ကျနော်တို့ ပြန်သွားသင့်လောက်တဲ့ အထိ မြန်မာနိုင်ငံမှာ သိသိသာသာ ပြောင်းလဲနေပြီလို့ ခံစားရတဲ့အကြောင်း ပြောတာကြောင့်ရော၊ သမ္မတ Barack Obama နဲ့ နိုင်ငံခြားရေး ဌာန တို့ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကိုသွားနေတဲ့ အခြေအနေတွေ တိုးတက်နေပြီဆိုတဲ့
ပြောကြားချက်တွေ ကြောင့်ရော၊ နောက် ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကြောင့် ပြန်သွားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကောင်းဘက် ဦးတည်နေတဲ့ အခြေအနေတွေကို ကျနော်တို့အနေနဲ့ တနည်း တလမ်း အထောက်အကူပြုနိုင်လိမ့်
မယ်လို့ မျှော်လင့်ပါတယ်လို့ Semester At Sea အစီအစဉ် ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ Michael Zoll ကပြောခဲ့တာ
ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေ စဉ်အတွင်း သင်္ဘောပေါ်မှာပါလာတဲ့ ဆရာတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ဟာ ရန်ကုန်မြို့အပြင် မန္တလေး၊ စစ်ကိုင်း၊ မေမြို့၊ ကလော၊ အင်းလေး၊ ပုဂံ၊ ပင်းဒယ၊ ငွေဆောင်၊ တွံတေး စတဲ့မြို့တွေ ကိုလည်း သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
 
Semester at Sea အစီအစဉ်နဲ့ ကမ္ဘာပတ် ပညာသင်နေတဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ
မြို့ပေါင်း ၁၆ မြို့ကို လှည့်လည်ပြီး ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ စင်္ကာပူကနေ မြန်မာနိုင်ငံကို ရောက်လာမဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးသွားရင် အိန္ဒိယနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။

ဗွီအိုအေ တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန် Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သား အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါ တယ်။

အစိုးရနှင့် ကေအိုင်အိုထပ်မံတွေ့ဆုံဆွေးနွေးရန် မတ်လ ပထမပတ်တွင်ဖြစ်ဖွယ်ရှိ

Photo: အစိုးရနှင့် ကေအိုင်အိုထပ်မံတွေ့ဆုံဆွေးနွေးရန် မတ်လ ပထမပတ်တွင်ဖြစ်ဖွယ်ရှိ
Saturday, 23 February 2013   

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့်ထပ်မံတွေ့ဆုံ
ဆွေးနွေးရန်မှာမတ်လပထမပတ်အတွင်းတွင်ဖြစ်နိုင်လိမ့်မည်ဟု
ခန့်မှန်းကြောင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ပြောကြားလိုက်သည်။

တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားပြီးနောက် ပထမအကြိမ်ပြန်လည်တွေ့ဆုံခြင်းကို တရုတ်အစိုးရ၏ကြားဝင်ကူညီမှု့ဖြင့် ဖေဖ၀ါရီ ၄ရက်က တရုတ်နိုင်ငံ
ရွှေလီမြို့ တွင်တွေ့ဆုံခဲ့ပြီး ဖေဖ၀ါရီလမကုန်မီ ဒုတိယအကြိမ်
ပြန်လည်တွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။
    “ရွှေလီ(အစည်းအဝေး)ကရက်ချိန်းတောင်းနေတုန်း။ရက်ချိန်းရရင်သွားကြမှာ။မတ်လပထမပတ်လောက်ဖြစ်မလားမသိဘူး။ တွက်ကြည့်တာပေါ့။ ”ဟု ၀န်ကြီး ဦးအောင်မင်းက ယနေ့မြန်မာငြိမ်းချမ်းရေးစင်တာ တွင် ပြုလုပ်သော အလုပ် သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ ၏အမေး ကို ဖြေကြားသည်။

ယခုထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲတွင် တပ်များနေရာချထားရေး ကိစ္စကို ဆွေးနွေး သွားနိုင်ဖွယ်ရှိကြောင်းလည်း သတင်းထောက်များ
၏မေးမြန်း မှု့ကို ၀န်ကြီးကဖြေကြားခဲ့သည်။ ဒီတစ်ခေါက်တော့ သူတို့တပ်နေရာတွေပေးမယ်ထင်တာပေါ့။တစ်ထိုင်တည်း ဆုံးဖြတ်ဖို့ကတော့ မဖြစ်နိုင်သေးဘူးထင်တယ်” ဟုပြောကြားသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ညီညွှတ်သောတိုင်းရင်းသားများ
ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ပထမအကြိမ်နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့် Framework meeting ကို ပြီးခဲ့သော ဖေဖ၀ါရီလ ၂၀ရက်က ပြုလုပ်ခဲ့ပြီး ထပ်မံတွေ့ဆုံ
ဆွေးနွေးရန် သဘောတူညီချက်ရရှိခဲ့ကာ ထိုအစည်းအဝေးရလဒ်
ကိုလည်း အားရကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

7Day News Journalအစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့်ထပ်မံတွေ့ဆုံ
ဆွေးနွေးရန်မှာမတ်လပထမပတ် အတွင်းတွင်ဖြစ်နိုင်လိမ့်မည်ဟု ခန့်မှန်းကြောင်းပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ပြောကြားလိုက်သည်။

ကော်ဖီနဲ့ ကား အမြန်မောင်းလို့ ဂင်းနစ် စံချိန်တင်

Photo: ကော်ဖီနဲ့ ကားအမြန်မောင်းလို့ ဂင်းနစ် စံချိန်တင်
Saturday, 23 February 2013

ကော်ဖီနဲ့ ကားမောင်းတယ်ဆိုတော့ တော်တော်လေး စဉ်းစားစရာ ဖြစ် သွားပါတယ်။ အခြားမဟုတ်ပါဘူး။ ကော်ဖီကနေ ဓာတ်ငွေ့ ထုတ်လို့ ကားမောင်းတယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့အတိုင်း ကားစက်ဖုံးရှေ့ မှာ ကော်ဖီကို အပူလိုက်ပေးမယ့် အိုးရှိပါမယ်။ ဒီမှာတော့ အခြားလောင်စာတစ်ခုခု (ဥပမာ- လျှပ်စစ်ဓာတ်အား) ကို အသုံးပြုရပါမယ်။ ယင်း ကနေမှ ဟိုက်ဒရိုဂျင်နဲ့ ကာဘွန်မိုနောက်ဆိုဒ်ကို ထုတ်လုပ်ပါမယ်။ ရလာတဲ့ ဓာတ်ငွေ့နှစ်မျိုးကို အအေးခံလို့ ရေစစ်ထုတ်ပါမယ်။ ပြီးတော့ ကားအင်ဂျင် ဆီကိုပဲ လောင်ကျွမ်းပေးစေမယ့် လောင်စာအဖြစ် ပြန်လည်ပို့ပေးလို့ အင်ဂျင်ကို အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

ကော်ဖီက ရတဲ့ ဓာတ်ငွေ့တွေက စွမ်းပါတယ်။ ကားကို တစ်နာရီ ၆၅ မိုင် လောက်ထိ မောင်းနှင်ပေးခဲ့ပြီး စံချိန်တင်သွားပါတယ်။ ၃ မိုင်ကို ကော်ဖီ ၁ ကီလို ကုန်တယ်လို့ဆိုပါတယ်။ ဒီတော့ ကော်ဖီဖိုးနဲ့ မွဲမလားဆိုတာ စဉ်းစားရမယ့် တစ်ချက် ဝင်လာပါတယ်။ သို့ပေမယ့် သောက်သုံးလို့ မရတဲ့ စွန့်ပစ်ကော်ဖီစေ့နဲ့ အမှုန့်များနဲ့ မောင်းနှင်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုတောင် သက်သာအုံးမယ့် အခြေအနေ ဖြစ်ပါတယ်။ ဆီတွေထက်လည်း သာမန် ကော်ဖီလောက်ကတော့ ဈေးသက်သာတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံက ပညာရှင်များ သရုပ်ပြ မောင်းနှင်ခဲ့လို့ ဂင်းနစ် စံချိန် တင်သွားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/blog-post_22.html

--
TechSpace Journalကော်ဖီနဲ့ ကားမောင်းတယ်ဆိုတော့ တော်တော်လေး စဉ်းစားစရာ ဖြစ် သွားပါတယ်။ အခြားမဟုတ်ပါဘူး။ ကော်ဖီကနေ ဓာတ်ငွေ့ ထုတ်လို့ ကားမောင်းတယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

ခရီးသည် ၁၂ သန်း တစ်ပြိုင်နက် အသုံးပြုနိုင်မည့် ဟံသာဝတီလေ ဆိပ်ကို ၂၀၁၃ ဇူလိုင် ၁ ရက်မှ သုံးနှစ်ခွဲ အတွင်း အပြီး တည်ဆောက် ရမည်

Photo: ခရီးသည် ၁၂ သန်း တစ်ပြိုင်နက် အသုံးပြုနိုင်မည့် ဟံသာဝတီလေဆိပ်ကို ၂၀၁၃ ဇူလိုင် ၁ ရက်မှ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်ရမည်
Friday, 22 February 2013
   
ဟံသာဝတီလေဆိပ် တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း တစ်ပြိုင်နက် ၀င်ထွက်အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံဖြင့် လာမည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင် လ ၁ ရက်မှ သုံးနှစ်ခွဲ ကာလအတွင်း အပြီး
တည်ဆောက်ရမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ဟံသာဝတီလေဆိပ် တည်ဆောက်ခွင့်ရတဲ့ ကုမ္ပဏီက ခရီးသည် ၁၂ သန်း အသုံးပြုနိုင်တဲ့ ဒီဇိုင်းပုံစံကို သတ်မှတ်ကာလ သုံးနှစ်ခွဲအတွင်း အပြီး
တည်ဆောက်ရမှာ ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့ ပထမအဆင့်မှာ ခရီးသည် လက်ခံဆောင်ရွက်တဲ့ အဆောက်အုံ အပါအ၀င် အခြား
သတ်မှတ်ထားတဲ့ လေဆိပ် Facilities တွေပါ ထည့်သွင်းတည်ဆောက် ရမှာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း တည်ဆောက်
ရန်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူနိုင်ရန် အကြိုအရည်အချင်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်ဆေးမှု
အောင်မြင်သည့် ကုမ္ပဏီ ခုနစ်ခုအား လေဆိပ်တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်သည်။

အဆိုပါ ကုမ္ပဏီ ခုနစ်ခုမှာ နိုင်ငံအသီးသီးမှ ကုမ္ပဏီများ ပူးပေါင်းဖွဲ့စည်း
ထားသော Consortium အဖွဲ့အစည်း ခုနစ်ခု ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းကပင် “အကြိုအရည်အချင်း စစ်ဆေးမှု အောင်မြင်ထားတဲ့ ကုမ္ပဏီ ခုနစ်ခုစလုံးက သတ်မှတ် လိုအပ်ချက်တွေနဲ့ ပြည့်စုံပြီးသား ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် တင်ဒါတင်ပြတဲ့ ဒီဇိုင်းပုံစံနဲ့ ကုန်ကျစရိတ် တွက်ချက်တင်ပြမှုတွေကို အခြေခံပြီး စိစစ်ရွေးချယ်သွားမှာပါ” ဟု ပြောသည်။

အဆိုပါ ကုမ္ပဏီ ခုနစ်ခုအနက် နောက်ဆုံးအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်၍ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်သည်။

ယင်းသို့ တည်ဆောက်ခွင့် ပြုရာတွင် လေဆိပ်တည်ဆောက်ခွင့် ရရှိသည့် ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ အကြား 
BOT စနစ်၊ Joint Venture စနစ်များဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမည် မဟုတ်ဘဲ PPP (Public, Privite, Partnership) စနစ်ဖြင့် လုပ်ကိုင်သွားမည်ဟု သိရသည်။

ယခု ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက် စတင် ရမည်ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်တွင် အပြီးသတ် တည်ဆောက်ကာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် စတင်အသုံးပြုမည် ဖြစ်သည်။

လက်ရှိ အသုံးပြုနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လာမည့် သုံးနှစ်အကြာတွင် ခရီးသည် ၀င်ထွက်မှု ရှစ်သန်းအထိ တိုးတက်လာချိန်တွင် ယခု ဟံသာဝတီ လေဆိပ်ကို စတင် အသုံးပြုနိုင်ရန် တည်ဆောက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရာတွင် အဆင့် ၃ ဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမ အဆင့်တွင် ပေ ၁၂၀၀၀ ရှိပြေးလမ်း တစ်ခုနှင့် ခရီးသည် ၁၂ သန်း အသုံးပြုနိုင်မည့် လေဆိပ် အဆောက်
အအုံနှင့် လေဆိပ် Facilities များ၊ ဒုတိယ အဆင့်တွင် ခရီးသည် ၁၅ သန်း အသုံးပြုနိုင်မည့် လေဆိပ်အဆောက် အအုံနှင့် လေဆိပ် Facilities များ၊ တတိယအဆင့် နောက်ထပ် ၁၀ နှစ်ကြာမြင့်ချိန်တွင် ခရီးသည် ၀င်ထွက်မှု ၂၅ သန်း အထိ တိုးတက်လာခဲ့ပါက ပြေးလမ်းနှင့် လေဆိပ် အဆောက်
အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခု ဟံသာဝတီလေဆိပ်သစ် တည်ဆောက်မည့် မြေနေရာသည် ရန်ကုန်မြို့မှ မိုင် ၅၀ ခန့်ကွာဝေးပြီး ပဲခူးမြို့၏ အနောက်ဘက် ၂ မိုင် အကွာတွင် တည်ရှိသည်။

ယင်းမြေနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့်လေယာဉ်
ကွင်းဟောင်း နေရာတစ်ခု ဖြစ်ပြီး မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီ
တစ်ခုမှ လုပ်ငန်း လုပ်ကိုင်နိုင်မှု အခြေအနေရှိ-မရှိ လေ့လာ ဆန်းစစ်
ကာ ရွေးချယ်အတည်ပြု ပေးခဲ့သည့်နေရာ တစ်ခုလည်း ဖြစ်သည်။

ယခုနေရာတွင် ကိုရီးယားနိုင်ငံ Archon & Interregional Inv estment Limited မှ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် လေဆိပ်
တည်ဆောက်ရန် ၁၉၉၄ ခုနှစ် မတ် ၂၁ ရက်နေ့က လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။

Eleven Media Groupဟံသာဝတီလေဆိပ် တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း တစ်ပြိုင်နက် ၀င်ထွက်အသုံးပြုနိုင်မည့် ဒီဇိုင်း ပုံစံဖြင့် လာမည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင် လ ၁ ရက်မှ သုံးနှစ်ခွဲ ကာလ အတွင်း အပြီးတည်ဆောက်ရမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အိမ်မွေးခွေးတစ်ကောင်ကြောင့် တစ်မိသားစုလုံး မီးဘေးမှ ကင်းလွတ်ခဲ့

အိမ်မက်ခွေးကြောင့် တစ်မိသားစုလုံး မီးဘေးမှ ကင်းလွတ်ခဲ့
အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ်၊ ဝင်စတန်မြို့နေအိမ် တစ်အိမ်တွင် အဝတ်ခြောက်စက်မှတစ်ဆင့်မီး လောင်ကျွမ်း မှု ဖြစ် ပွားခဲ့ရာ နေအိမ်တွင် မွေးမြူထားသော ၁၀ နှစ်သားအရွယ် ခွေး

၂၇ ထပ်အမြင့်ရှိ Kabar Aye Executive Residence အဆောက်အအုံကို ဦးဆုံးခွင့်ပြုမှုအဖြစ် ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ဆောက်လုပ်ခွင့်ပြု

Photo: ၂၇ ထပ်အမြင့်ရှိ Kabar Aye Executive Residence အဆောက်အအုံကို ဦးဆုံးခွင့်ပြုမှုအဖြစ် ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ဆောက်လုပ်ခွင့်ပြု
Friday, 22 February 2013
    
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့် အဆောက်အအုံကြီးများအနက် ပထမဆုံးအဖြစ် ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ၂၇ ထပ် အမြင့်ရှိ (Kabar Aye Executive Residence) အား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ
ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး
အဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်
အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြထားသော အထပ်မြင့် အဆောက်အအုံကြီး 
၁၅ လုံးခန့်ရှိရာ ၄၄ ထပ်၊ ၃၈ ထပ်၊ ၂၇ ထပ် စသည်တို့ ပါဝင်ပြီး အဆိုပါ အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။

ယင်းအဆောက်အအုံများ အနက် ကမ္ဘာအေးစေတီပေါ်တွင် ၂၇ ထပ်ရှိ (Kabar Aye Executive Residence) အဆောက်အအုံကို ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ ယခုလို ဆောက်လုပ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

၂၇ ထပ် အမြင့်ရှိ (Kabar Aye Executive Residence) ကို Ever Seiko Co.Ltd မှ ကမ္ဘာအေး စေတီလမ်း၊ အမှတ် (၆၅) ဘီတွင် ဆောက်လုပ်
မည်ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံမှာ မြေပေါ် ၂၇ ထပ်
အပြင် မြေအောက် Basement သုံးထပ်လည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် အဆောက်အအုံ၏ အမြင့်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၆ ပေရှိမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်၏ အမြင့်ထက် ကျော်လွန်ခြင်း မရှိစေရန် စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အဆောက်အအုံ
တွင် ယာဉ်ရပ်နားသည့် နေရာကိုလည်း အလုံအလောက် တင်ပြ
လာကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အထပ်မြင့် အဆောက်အအုံများအား စစ်ဆေးကြီးကြပ်နိုင်ရန် ပြီးခဲ့သည့် 
၂၀၁၂ ခုနှစ် အောက်တိုဘာလက အထပ်မြင့် အဆောက်
အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယင်းသို့ ဖွဲ့စည်းပြီးနောက်ပိုင်း အဖွဲ့သို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့် အဆောက် အအုံများအနက် ယခု (Kabar Aye Executive Residence) မှာ ဦးဆုံး ခွင့်ပြုခဲ့သည့် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်
အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “(Kabar Aye Executive Residence) က ကျွန်တော်တို့ အထပ်မြင့် အဆောက်အအုံ စစ်ဆေးကြီးကြပ်ရေး ကော်မတီကို တင်ပြလာတဲ့ အထပ်မြင့် အဆောက်အုံတွေအနက် ပထမဆုံး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခြား တင်ပြထားတဲ့ အဆောက်အအုံတွေကိုလည်း အမြင့်ပေ ကန့်သတ်ချက်၊ ကားပါကင် လုံလောက်မှု ရှိမရှိ စိစစ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ကုက္ကိုင်းအနီးတွင် ၂၇ ထပ် အမြင့် အဆောက်အအုံတွင် လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊ နားနေခန်းများအပြင် ကားပါကင်များလည်း ပါဝင်သည့် Diamond Valley Rises-Business Centre ကိုလည်း နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် Aye Family ကုမ္ပဏီ လိမိတက်မှ ဆောက်လုပ်မည်ဖြစ်ပြီး အဆိုပါ အခန်းများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ဒုတိယပတ်မှ စတင်ရောင်းချ ပေးလျက်ရှိသည်။

Photo : A Mandalay Golden Wings Construction employee stands next to a model of the company’s Diamond Inya Palace development last week, October 2012. 
(Ko Taik / The Myanmar Times)

Eleven Media Group ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့်အဆောက်အအုံကြီးများအနက် ပထမဆုံး အဖြစ် ကမ္ဘာအေးစေတီလမ်းပေါ်တွင် ၂၇ ထပ် အမြင့်ရှိ (Kabar Aye Executive Residence) အား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အားပေးကြပါ

Photo: “ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အားပေးကြပါ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ဘင်္ဂလားဒေ့ရှ်ရှိ -
လူနည်းစုဗုဒ္ဓဘာသာဝင်တို့ရဲ့
ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်
ဘာသာတရားကို လေးစားပါ။ ”
ဟူသော စာတမ်းကို ကိုင်ဆောင်လျက်
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော
သမီးငယ်လေးပါ။
သူတို့ဘ၀တွေက မေ့လျော့ခံဖြစ်လို့
မရအောင် အန္တရာယ်ကြီးလှပါတယ်..။
ကရုဏာစိတ်ရှိသော၊ စာနာစိတ်
ရှိသော၊ ညှာတာစိတ်ရှိသော
လူသားများ၊ လောကသားများ -
ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ
နှင့် မြန်မာအစိုးရတို့သိအောင် မျှဝေ
“ Share ” ပေးကြပါ ..။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

► https://www.facebook.com/youngbuddhistassociation.mm ◄

Young Buddhist's Association“ ဘင်္ဂလားဒေ့ရှ်ရှိ - လူနည်းစုဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှု  ဓလေ့ ထုံးတမ်းနှင့် ဘာသာတရားကိုလေးစားပါ။ ” ဟူသော စာတမ်းကို ကိုင်ဆောင်လျက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော သမီးငယ်လေးပါ။
သူတို့ဘ၀တွေက မေ့လျော့ခံဖြစ်လို့ မရအောင် အန္တရာယ်ကြီးလှ ပါ တယ်..။

ခိုလှုံ ဝင်ရောက် ရန် ကြိုးစား လာသော ဘင်္ဂါလီ များကို လက်ခံ သွားမည် မဟုတ်ကြောင်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

Photo: ခိုလှုံဝင်ရောက်ရန် ကြိုးစားလာသော ဘင်္ဂါလီများကို လက်ခံသွားမည်မဟုတ်ကြောင်း သြစတေးလျ နိုင်ငံခြားရေး
ဝန်ကြီး ပြောကြား
Friday, 22 February 2013

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက သြစတေးလျသည် မြန်မာပြည်တွင်း ပဋိပက္ခများကြောင့်
နေရာရွှေ့ပြောင်းနေထိုင်ရသူ များအတွက် ဒေါ်လာာ ၂
ဒဿမ ၅ သန်းထောက်ပံ့သွားမည်ဖြစ်သော်လည်း ၎င်းတို့ထံ
ခိုဝင်ရန် ကြိုးစားလာသော ဘင်္ဂါလီ များကို လက်ခံသွား မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။

ဝန်ကြီး ကားက ဘန်ကောက်တွင် သတင်းထောက်များနှင့်
တွေ့ ဆုံရာ၌ “ထိုင်းကိုလာရောက်ကြတဲ့ တွေကို
သူတို့အနေနဲ့ သြစတေး လျကို ပြောင်းရွှေ့ အခြေချနိုင်တယ်
ဆိုတဲ့ အမြင်မျိုးကျွန်တော်တို့ မပေးချင်ပါဘူး။ ဒီနေရာရွှေ့ ပြောင်း ကြသူတွေဟာ ရခိုင်ပြည်နယ်တွင်း ပေါ်လစီပြောင်းလဲမှုတွေ
ကြောင့် သက်ရောက်မှုခံရတာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထိုင်းတွင် ယခုအခါ ယမန်နှစ်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသ
တွင်း ပဋိပက္ခများကြောင့် ခိုးဝင်လာသူ ဘင်္ဂါလီ
၂၀၀၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်။

ဝန်ကြီးဘော့ဘ်ကားက ထိုင်းနှင့် သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် ဘင်္ဂါလီများအား ပြန်လည်နေရာ
ချထားရေးမှာ ရခိုင်ပြည်နယ်အတွင်း၌သာ ဖြစ်သင့်ကြောင်းနှင့် ၎င်းတို့အား နိုင်ငံသားအဆင့်အတန်းပေးရေး၊ ပြန်လည်အခြေချ
စေရေး၊ စီးပွားရေးအရ ပေါင်းစည်းမှု ရှိစေရေးတို့မှာလည်း
ဖြစ်သင့်ကြောင်း ဆွေးနွေးသဘောတူခဲ့ကြသည်ဟု ဆိုသည်။

၎င်းက သြစတေးလျသည် ရခိုင်သို့ ထောက်ပံ့ရေးအပါအဝင် ကချင်ပြည်နယ်အရှေ့ ပိုင်းတွင် သောက်သုံးရေရရှိရေးအတွက်
ဒေါ်လာ ၇၅၀, ၀၀၀ ၊ မြန်မာအရှေ့တောင်ပိုင်းဒေသတွင် မိုင်း ရှင်းလင်းရေးအတွက် ဒေါ်လာငါးသိန်းတို့ကို လှူဒါန်းသွားမည် ဟုလည်း ပြောကြားသည်။

Ref: theaustralian.com
The Myanma Ageသြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက သြစတေးလျ သည် မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် နေရာရွှေ့ပြောင်းနေထိုင်ရ သူများအတွက် ဒေါ်လာာ ၂ ဒဿမ ၅ သန်းထောက်ပံ့ သွား မည်ဖြစ်သော်လည်း ၎င်းတို့ထံ ခိုဝင်ရန် ကြိုးစားလာသော ဘင်္ဂါလီ များကိုလက်ခံသွား မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက် သည်။

Friday, February 22, 2013

ဂျိုးဖြူ ပိုက်လုံး ၏ လုံခြုံရေး ဧရိယာ အတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံး ထားပြောင်းရွှေ့ ရမည်ဟု သက်ဆိုင်ရာ မှ ထပ်မံထုတ်ပြန်

Photo: ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော
ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက်
နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်
Friday, 22 February 2013

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော
ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ 
၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။

ထောက်ကြန့်မြို့ ရတနာဈေး အနီး (အရပ်အခေါ်) ပိုက်လုံးတန်း ပျံကျဈေးသည် ရန်ကုန်မြို့တော်သို့ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာ ပေ ၄၀ အတွင်းကျ ရောက်နေပြီး ပိုက်လုံးပေါက်ကွဲမည် ကိုစိုးရိမ်ရ၍ ယခုလို ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးကပင် “ပထမတော့ ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၆ နာရီ နောက်ဆုံးထား ပြောင်းခိုင်းခဲ့တယ်၊ ဒါပေမယ့် သူတို့က အဲဒီနေ့ညတွင်းချင်း သက်ဆိုင်ရာကို ၂၈ ရက် နောက်ဆုံးထားပေးဖို့ စာတင်တယ်။ အခု ကျွန်တော်တို့က ၂၄ ရက် မွန်းလွဲ ၂ နာရီ သတ်မှတ်ပေးခဲ့တယ်။ တကယ်လို့ ဂျိုးဖြူပိုက်လုံး ပေါက်ကွဲခဲ့မယ် ဆိုရင်
ပေ ၆၀ လောက် လွင့်စင်ပေါက်ကွဲပြီး လူတွေ အထိအခိုက် ရှိလာမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က ပိုက်လုံးတန်း ပျံကျဈေး အခြေအနေကို ဈေးသည်တစ်ဦးက “မနက်မိုးလင်းကတည်းက စည်ပင်သာယာ ကားသုံးစီးနဲ့ အင်အား ၅၀ ကျော်လောက်
ဈေးရှေ့ ရောက်နေတယ်။ အခုထိတော့ ဘာမှမဖြစ် သေးပါဘူး။
အေးအေးဆေးဆေး ရောင်းရပါတယ်။ အခု ဒီဈေးလေးမှာ အပေါက်နှစ်ပေါက် ရှိပေမယ့် စည်ပင်က နောက်ပေါက်ကို ပိတ်ထားတယ်။ ၀ယ်သူတွေက ကွေ့ဝိုက်ပြီး အရှေ့ပေါက်က လာရတော့ သိပ်ပြီး အရောင်းအ၀ယ် မတွင်ကျယ်ဘူး” ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က စည်ပင်သာယာ တာဝန်ရှိသူများ ယခုလို ရောက်ရှိနေခြင်းသည် ပျံကျဈေးကို ယခုလ ၂၁ ရက် တွင်
ပြောင်းရွှေ့ခိုင်းထား၍ သန့်ရှင်းရေး ပြုလုပ်ရန် လာရောက်ခြင်းသာ
ဖြစ်ကြောင်း လက်ထောက် ဌာနမှူး အောင်ဒင်ဦးက ဆက်လက် ရှင်းပြသည်။

ပျံကျဈေးသူ ဈေးသားများကိုယ်စား ဦးထင်ကျော်ကမူ “တကယ်လို့ ပိုက်လုံးဘေးကနေ ဖယ်ပေးရမယ်ဆိုလည်း လုံခြုံရေး ဧရိယာ ပေ ၄၀ ကို နောက်ဆုတ်ပြီး ဈေးနေရာက ဖယ်ပေးမယ်။ ပြီးရင် ကျောက်တိုင်စိုက်ပြီး အဲဒီနေရာကနေ ကိုယ်ထူကိုယ်ထ ခြံစည်းရိုးခတ်ပြီး ဆက်လက် ရောင်းချခွင့် ရမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးမှ ဈေးသည်အချို့ အဆိုပါ ဈေးသစ်တွင် နေရာယူ ရောင်းချနေပြီလည်း ဖြစ်သည်။

ဈေးနေရာသစ်ဖြစ်သော သီရိရတနာဈေး (ခေါ်) ကျောက်တိုင်ဈေးမှာ ဧရိယာ ၃ ဒသမ ၅ ဧက ကျယ် ၀န်းပြီး သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းတို့ အဓိကရောင်းချပြီး အဆိုပါဈေးသစ်သည် ထောက်ကြန့် 
မြို့ရှောင်လမ်းနှင့် ရန်ကုန်-ပဲခူး လမ်းမကြီး၏ထောင့်တွင် တည်ရှိသည်။

ဓာတ်ပုံ - ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကို
ဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်

Eleven Media Groupဂျိုးဖြူပိုက်လုံး၏လုံခြုံရေးဧရိယာအတွင်း ကျရောက်နေသော ထောက် ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက် က ပြောကြားသည်။

မော်လမြိုင်စက်မှုဇုန် ကားထုတ်လုပ်ရေးမရှိတော့၍ ခြောက်ကပ်နေ

Photo: မော်လမြိုင်စက်မှုဇုန် ကားထုတ်လုပ်ရေးမရှိတော့၍ ခြောက်ကပ်နေ
Friday, February 22, 2013

မော်လမြိုင်စက်မှုဇုန်တွင် သံရည်ကျိုလုပ်ငန်းသာရှိပြီး မော်တော်ကား
ထုတ်လုပ်ရေးလုပ်ငန်း မရှိတော့သောကြောင့် ခြောက်ကပ်နေကြောင်း ၎င်းစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးစိန်မြင့်က ပြောသည်။

အမှတ် (၁) စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လာရောက် စဉ်က မော်လမြိုင်စက်မှုဇုန် ကြီး ကြပ်ရေးကော်မတီဒုဥက္ကဋ္ဌ ဦးစိန် မြင့်က မော်လမြိုင် စက်မှုဇုန်တွင် သံ/သံရည်ကျိုလုပ်ငန်း၊ 
တွင်ခုံလုပ် ငန်း၊ ကားဝပ်ရှော့လုပ်ငန်း အမှုန့် ကြိတ်လုပ်ငန်းများ
သာရှိပြီး မော် တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း မှာလည်းမရှိတော့၍ စက်မှုဇုန်သည် စည်ကားမှုမရှိဘဲ ခြောက်ကပ်လျက် ရှိကြောင်း
တင်ပြထားကြောင်း သိရ သည်။ေ

မော်လမြိုင် စက်မှုဇုန်ကို ၂ဝဝ၁ ခုနှစ်ကတည်းက စတင် တည်ထောင်
ခဲ့သော်လည်း ယနေ့ အထိ ဖွံ့ဖြိုးတိုးတက်မှု မရှိသေး ကြောင်း မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။မော်လမြိုင်စက်မှုဇုန်ကို မွန် ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မော်လ မြိုင်-ဘားအံ အဝေးပြေးလမ်းမ ကြီးဘေး (အတ္ထရံတံတားအနီး) မြေဧက ၁၇၁ ဧကပေါ်တွင် (၁ဝဝx၁ဝဝ) ပေအကွက်ပေါင်း ၃၇ဝ ကွက်ဖော်ထုတ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်များတွင် အကြီးစားလုပ်ငန်း ၁၃ ခု၊ အလတ် စားလုပ်ငန်း ၇ဝ ခုနှင့် အငယ်စား လုပ်ငန်း ၃၃ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၆ ခုသာ
စာရင်းရှိကြောင်း သိရ သည်။

စက်မှုဇုန်ကမြေတွေကို ဝယ် ယူထားပြီး ဒီကနေ့အထိ စက်မှုလုပ် ငန်းတွေမလုပ်တဲ့ မြေကွက်တွေကို ပြန်လည်သိမ်းယူပြီး အမှန်တကယ် လုပ်မယ့်သူတွေကို ပြန်လည်ရောင်း ချပေးသင့်တယ်။ အနည်းဆုံးတော့ လူကုန်ကူးမှုတွေ ပပျောက်သွားနိုင် တယ်” ဟု မြို့ခံလူငယ်တစ်ဦးက သုံးသပ်သည်။ 

စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ၊ ခေတ်ပညာတတ် လူငယ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ပါကြောင်း၊ စက်မှုဇုန် ရှိလုပ် ငန်းလုပ်ကိုင်
နိုင်သောမြေများ ဝယ်ယူရာတွင် စက်မှုဇုန်မြေများအား မြေဝယ်ရောင်း
သူများကြောင့် စက် ရုံ တည်ထောင်လိုသူများ သည် မတည် ရင်းနှီးငွေ၏ သုံးပုံတစ်ပုံမှာ မြေကွက်ဝယ်ယူရာတွင် ကုန်ကျ မည်ဖြစ်ပါသောကြောင့် လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် များစွာ အခက်အခဲရှိကြောင်း ဦးစိန်မြင့်က ထပ်လောင်း ပြောသည်။

ထူးထူး (မော်လမြိုင်)
Popular Myanmar News Journalမော်လမြိုင်စက်မှုဇုန်တွင် သံရည်ကျိုလုပ်ငန်းသာရှိပြီး မော်တော်ကား
ထုတ်လုပ်ရေးလုပ်ငန်း မရှိတော့သောကြောင့် ခြောက်ကပ်နေကြောင်း ၎င်းစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးစိန်မြင့်က ပြောသည်။

ထိုင်းနှင့် မလေးသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမား တစ်ရာကျော် တရားဝင် လက်မှတ်ရေး ထိုးပွဲ ကျင်းပမည်

Photo: ထိုင်းနှင့်မလေးသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမား
တစ်ရာကျော် တရားဝင် လက်မှတ်ရေးထိုးပွဲ
ကျင်းပမည်
Friday, February 22, 2013

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက်အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ
ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်မလေးသို့ သွားရောက်မည့်
လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကို
လည်း တရားဝင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ပ အလုပ်
အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

ထိုအခမ်းအနား ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ တဖက်နိုင်ငံသို့
သွားရောက် အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် စိတ်ချလက်ချ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"ပထမကတော့ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး
ခေါင်းစဉ်နဲ့ လုပ်မလို့။ ဒါပေမယ့်အလုပ်သမားဝန်ကြီးက ပြည်ပ
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလည်းရှိတော့ ခေါင်းစဉ်ကို
ပြည်တွင်းပြည်ပဆိုပြီး ပေးလိုက်ပါဆိုတာနဲ့ လုပ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ကြီးအချို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရတနာ လုပ်ငန်းတစ်ခု မှ 
အလုပ်သမား တစ်ဦး

TMA
The Myanma Ageရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက် အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ အား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးသို့ သွားရောက်မည့် လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကိုလည်း တရားဝင် ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

SSA မြောက်ပိုင်း အဖွဲ့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက် များကို မလိုက်နာ သဖြင့် မြန်မာ စစ်တပ်နှင့် တိုက်ပွဲဖြစ် စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့ တပ်မတော်မှ အရာရှိကြီး တစ်ဦးပြောကြား

Photo: SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ
ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား
Friday, 22 February 2013

ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီး
ဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

“ SSA မြောက်ပိုင်းအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကထဲက တပ်တွေရှိရမဲ့ နေရာတွေကို သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။ သူတို့အဖွဲ့တွေက သတ်မှတ်ပေးထားတဲ့နေရာမှာတင်မနေဘဲ နယ်မြေ
ကျူးကျော်ပြီး စခန်းဆောက်တာတွေ လုပ်လာတယ်။ အဲဒီလိုကျူးကျော်ပြီး စခန်းတွေဆောက်လာတာကို တပ်က ဖယ်ပေးဖို့ တရားဝင်ပြောကြားတဲ့
အချိန်မှာလုံးဝ ဖယ်မပေးဘူး၊ အဲ့ဒါအပြင် နယ်မြေရှင်းလင်းရေးတာဝန်
ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေကို မိုင်းထောင် တိုက်တာတွေ၊ ခြုံခိုတိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားလာတယ်။ ဒါ့ကြောင့် ပစ်ခတ်မှုတွေအပြန် အလှန်ဖြစ်နေတာပါ။ ကချင်ပြီးလို့ ရှမ်းဘက်မှာ ထိုးစစ်ဆင်တယ်ဆိုတာ မဟုတ်ပါ ဘူး။ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်နေတာ မရှိပါဘူး ” ဟု ပြောဆိုသွားသည်။

တန့်ယန်းမြို့နယ်ရှိ မုံဟင်ကျေးရွာနေ ပြည်သူတစ်ဦးမှ SSA မြောက်ပိုင်း
အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် အကုန်ပိုင်း မှစပြီး တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်မြို့အကြား လွယ်လန်းတောင်ကြောတစ်လျောက် စခန်းများ လာရောက် ဆောက်နေကြောင်း ၄င်းစခန်းများမှာ ယခင်ကမရှိကြောင်း ယခုနှစ်ဦးပိုင်းမှသာ လာရောက် စခန်း တည်ဆောက်နေကြခြင်းဖြစ်ကြောင်း၊ ၄င်းကဲ့သို့ ကျူးကျော်စခန်းဆောက်လုပ်ခြင်း မပြုရန် မြန်မာစစ်တပ်မှ တားဖြစ်သော်လည်း ဆက်လက် ဆောက်လုပ်နေသဖြင့် တိုက်ပွဲများ
ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း Telephone မှ တစ်ဆင့် ပြောကြားသွားသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်
စဲရေး သဘောတူညီချက်ရယူထား သော်လည်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င်သစ်/သတ္တုလုပ်ငန်းများ ဆောင်ရွက်
ခြင်း၊လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ လူသစ်စုဆောင်းခြင်း များပြုလုပ်လျက်ရှိရာ ၂၀၁၂ ခုနှစ်
အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ တာပန်းကုန်းကျေးရွာ အနီးမှ လူသစ်စုဆောင်းခြင်းခံရသူ (၄၈)ဦးအား အစိုးရစစ်ကြောင်းနှင့်
ပြည်သူ့စစ်အဖွဲ့များမှ တွေ့ရှိခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံပေးနိုင်
ခဲ့သည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်
လည်း နမ္မတူမြို့၊ ငွေရတနာမန်း ကားဂိတ်(၃)ဂိတ်အား ဆက်ကြေးကောက်ခံ
သွားခဲ့ပြီး ငွေမပေး ပါက ခရီးသည်တင်ယာဉ်များအား ပစ်ခတ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမဖြစ်မီ(၁)ပတ်အလို၌ လားရှိုးတိုင်းမှူးမှ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လားရှိုးတာဝန်ခံ စိုင်းအောင်လတ် အား ခေါ်ယူပြီး လွယ်လန်း ဒေသတစ်လျှောက်တွင် စစ်စခန်းတိုးချဲ့တည်ဆောက်မှုများ ရှိနေ ကြောင်းနှင့် မိမိတို့စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရာတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် လွယ်လန်း တောင်မှတပ်များဖယ်ပေးရန်
ပြောဆိုအသိပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့အား အစိုးရမှ တရားဝင်သတ်မှတ်ပေး
ခဲ့သည့်နယ်မြေမှာ ၀မ်ဟိုင်းတွင်သာဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများသို့ နယ်မြေကျူးကျော် ၀င်ရောက်လာခဲ့ကြပြီး ယခုလွယ်လန်းတောင်ကြောတစ်လျှောက်တွင် အင်အား(၁၀၀)ကျော်ခန့်နှင့် လူနေတဲများ၊ ပစ်ကျင်း များ တူးဖော် ဆောက်လုပ်နေပြီး အခြေချစစ်စခန်း
များပြုလုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အစိုးရမှ သက်ဆိုင်ရာဆက်ဆံရေးရုံးများသို့ တရားဝင်အကြောင်းကြား အသိပေးထားသော်လည်း ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ လိုက်နာခြင်းမရှိသည့်အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
များကို ဖောက်ဖျက်ကျူးလွန်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်ကြောင်းများအား စောင့်ကြိုတိုက်ခိုက် နေသည့်အတွက် ယခုကဲ့သို့ လွယ်လန်းတောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း တန့်ယန်းမြို့ ဒေသခံများထံမှ သိရှိရသည်။

အမေ့အိမ်ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်း များအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။