ကော်ဖီနဲ့ ကားမောင်းတယ်ဆိုတော့ တော်တော်လေး စဉ်းစားစရာ ဖြစ် သွားပါတယ်။
အခြားမဟုတ်ပါဘူး။ ကော်ဖီကနေ ဓာတ်ငွေ့ ထုတ်လို့ ကားမောင်းတယ်လို့
အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ပုံမှာ
ပြထားတဲ့အတိုင်း ကားစက်ဖုံးရှေ့ မှာ ကော်ဖီကို အပူလိုက်ပေး မယ့်
အိုးရှိပါမယ်။ ဒီမှာတော့ အခြားလောင်စာတစ်ခုခု (ဥပမာ- လျှပ်စစ်ဓာတ်အား) ကို
အသုံးပြုရပါမယ်။ ယင်း ကနေမှ ဟိုက်ဒရိုဂျင်နဲ့ ကာဘွန်မိုနောက်ဆိုဒ်ကို
ထုတ်လုပ်ပါမယ်။ ရလာတဲ့ ဓာတ်ငွေ့နှစ်မျိုးကို အအေးခံလို့ ရေစစ်ထုတ်ပါ မယ်။
ပြီးတော့ ကားအင်ဂျင်ဆီကိုပဲ လောင်ကျွမ်းပေးစေမယ့် လောင်စာအဖြစ်
ပြန်လည်ပို့ပေးလို့ အင်ဂျင် ကို အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ကော်ဖီက ရတဲ့ ဓာတ်ငွေ့တွေက စွမ်းပါတယ်။ ကားကို တစ်နာရီ ၆၅ မိုင် လောက်ထိ မောင်းနှင်ပေးခဲ့ပြီး စံချိန်တင်သွားပါတယ်။ ၃ မိုင်ကို ကော်ဖီ ၁ ကီလို ကုန်တယ်လို့ဆိုပါတယ်။ ဒီတော့ ကော်ဖီဖိုးနဲ့ မွဲမလားဆိုတာ စဉ်းစားရမယ့်တစ်ချက်ဝင်လာပါတယ်။ သို့ပေမယ့် သောက်သုံးလို့မရတဲ့ စွန့်ပစ်ကော်ဖီစေ့နဲ့ အမှုန့်များနဲ့ မောင်းနှင်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုတောင်သက်သာအုံးမယ့် အခြေအနေ ဖြစ်ပါတယ်။ ဆီတွေထက်လည်း သာမန် ကော်ဖီလောက်ကတော့ ဈေးသက်သာတယ်လို့ ဆိုပါတယ်။
အင်္ဂလန်နိုင်ငံက ပညာရှင်များ သရုပ်ပြ မောင်းနှင်ခဲ့လို့ ဂင်းနစ် စံချိန် တင်သွားကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/02/blog-post_22.html
TechSpace Journal
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/02/blog-post_22.html
TechSpace Journal
No comments:
Post a Comment