Saturday, February 23, 2013

မြန်မာဘဏ် ၄ ခုနဲ့ US လုပ်ငန်းရှင်တွေ ဘဏ္ဍာရေး ဆောင်ရွက်ခွင့်ရ

Photo: မြန်မာဘဏ် ၄ ခုနဲ့ US လုပ်ငန်းရှင်တွေ ဘဏ္ဍာရေး ဆောင်ရွက်ခွင့်ရ
Saturday, February 23, 2013

မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေကို
ငွေကြေးဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ခွင့်ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာက ယမန်နေ့က ခွင့်ပြုလိုက်ပါတယ်။ 

အမေရိကန် လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု
လိုင်စင်ထုတ်ပေးလိုက်တဲ့ ဘဏ်တွေ ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စီးပွားရေးသမားကြီး ဦးတေဇပိုင်တဲ့ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် AGD ၊ မက်စ် ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဧရာဝတီ ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ဘဏ် MICB၊ မြန်မာ့ စီးပွားရေးဘဏ်ဆိုတဲ့ ဘဏ် တွေဖြစ်တယ်ဆိုတာ အေအဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြ ထားပါတယ်။ 

အမေရိကန်အနေနဲ့ အဆိုပါ ဘဏ်လုပ်ငန်းရှင် မြန်မာစီးပွားရေး သမားတွေအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ဆက်လက် ရှိနေအုံးမှာဖြစ်ပြီး ယခုလို ဘဏ်လုပ်ငန်း ပူးပေါင်လုပ်ဆောင်ခွင့်
ပေးလိုက်ခြင်းဟာ သီးခြားစီဖြစ်တယ်လို့ နိုင်ငံခြား ပိုင်ဆိုင်မှု 
ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က ဗွီအိုအေကိုလည်း ပြောထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်
ပိတ်ဆို့မှုတွေ ဖြေလျှော့ပေး လာပြီး နောက်ပိုင်း ဒါက တော့
နောက်ဆုံး ဖြစ်ထွန်းမှု တခုပါ။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး
မစ္စတာ David Cohen က အေအက်ဖ်ပီကို ပြောရာမှာ ယခုလို ခွင့်ပြုပေးလိုက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေး၊
နိုင်ငံခြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နိုင်ငံတကာ NGO တွေအနေနဲ့ ငွေ ကြေး လည်ပတ်ရာမှာ အဆင်ပြေစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ လှုပ်ရှားသူတွေကို တစုံတရာ လွတ်လပ် ခွင့်တွေ ပေးခဲ့ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေကိုလည်း ပါလီမန်တွင်း ၀င်ရောက်
ခွင့်ပြုတာ၊ သတင်း မီဒီယာ ကဏ္ဍမှာ ထိုက်သင့်တဲ့ လွတ် လပ်မှုတွေ ရှိလာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ စသဖြင့် ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ လုပ် လာပြီးနောက်ပိုင်း အမေရိကန် မြန်မာ ၂ နိုင်ငံ လည်း ပုံမှန်ဆက်ဆံရေးတွေ ရှိလာတာဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ဘဏ္ဍာဆိုင်ရာ ပူးပေါင်း လုပ်ပိုင်ခွင့် လိုင်စင်တွေ ချပေး လိုက်ပြီးတဆက်တည်းမှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်
အုပ်စုတခုကလည်း ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လုပ် ကြမလဲဆိုတာလေ့လာဖို့ မြန်မာနိုင်ငံကို နောက်တပတ်လောက်မှာ သွားရောက်ဖို့လည်း ရှိတယ်လို့ ရိုက်တာ သတင်း တပုဒ်က ဆိုပါတယ်။ 


ဓာတ်ပုံ - AGD Booth At Barcamp Yangon 2013
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

ဧရာဝတီ မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေကို
ငွေကြေးဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ခွင့်ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာက ယမန်နေ့က ခွင့်ပြုလိုက်ပါတယ်။အမေရိကန် လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လိုင်စင် ထုတ်ပေးလိုက်တဲ့ဘဏ်တွေကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စီးပွားရေးသမားကြီး ဦးတေဇပိုင်တဲ့ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် AGD၊ မက်စ် ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ ဧရာဝတီဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ဘဏ် MICB၊ မြန်မာ့စီးပွားရေး ဘဏ် ဆိုတဲ့ ဘဏ် တွေဖြစ်တယ်ဆိုတာ အေအဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြ ထားပါတယ်။

အမေရိကန်အနေနဲ့ အဆိုပါ ဘဏ်လုပ်ငန်းရှင် မြန်မာစီးပွားရေး သမားတွေအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ဆက်လက် ရှိနေအုံးမှာဖြစ်ပြီး ယခုလို ဘဏ်လုပ်ငန်း ပူးပေါင်လုပ်ဆောင်ခွင့် ပေးလိုက်ခြင်းဟာ သီးခြားစီဖြစ်တယ်လို့ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က ဗွီအိုအေကိုလည်း ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေး လာပြီး နောက်ပိုင်း ဒါကတော့ နောက်ဆုံး ဖြစ်ထွန်းမှုတခုပါ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာ David Cohen က အေအက်ဖ်ပီကို ပြောရာမှာ ယခုလို ခွင့်ပြုပေးလိုက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေး၊
နိုင်ငံခြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နိုင်ငံတကာ NGO တွေအနေနဲ့ ငွေ ကြေး လည်ပတ်ရာမှာ အဆင်ပြေစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ လှုပ်ရှားသူတွေကို တစုံတရာ လွတ်လပ် ခွင့်တွေပေးခဲ့ပြီး အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း ပါလီမန်တွင်းဝင်ရောက်ခွင့်ပြုတာ၊ သတင်း မီဒီယာကဏ္ဍမှာ ထိုက်သင့်တဲ့လွတ်လပ်မှုတွေရှိလာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ စသဖြင့် ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေလုပ်လာပြီးနောက်ပိုင်း အမေရိကန် မြန်မာ ၂ နိုင်ငံလည်း ပုံမှန် ဆက်ဆံရေးတွေ ရှိလာတာဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံက ဘဏ် ၄ ခုနဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ဘဏ္ဍာဆိုင်ရာ ပူးပေါင်း လုပ်ပိုင်ခွင့် လိုင်စင်တွေ ချပေး လိုက်ပြီးတဆက်တည်းမှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အုပ်စုတခုကလည်း ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လုပ် ကြမလဲဆိုတာလေ့လာဖို့ မြန်မာနိုင်ငံကို နောက်တပတ်လောက်မှာ သွားရောက်ဖို့လည်း ရှိတယ်လို့ ရိုက်တာ သတင်း တပုဒ်က ဆိုပါတယ်။


ဓာတ်ပုံ - AGD Booth At Barcamp Yangon 2013
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

ဧရာဝတီ

No comments:

Post a Comment