Monday, December 31, 2012

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုး (ယောက်ျား/မိန်းမ)များအား အတင်းအဓမ္မ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲ များတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး

Photo: a rare historic photo of KIA fighters praying  before going to battlefield

 
တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါ သည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။ ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။ ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။ ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။ လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။ ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
မိုင်ကိ 
Ref: MNT
Health Updates Journal


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ် ရှင်ထူးချွ ဆုပေးပွဲ အခမ်းအနား ဆုရရှိသူ များစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ



 

၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
 
 
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

Wednesday, December 26, 2012

Chavez 'walking' after cancer surgery






Venezuelan officials have said Chavez might not return in time for his January 10 inauguration [Reuters]

Nicolas Maduro, Venezuela's vice president, has announced that President Hugo Chavez is up and walking two weeks after cancer surgery in Cuba, but the news did little to ease uncertainty surrounding the leader's condition.

Body found in home of US arsonist gunman




The gunfire initially kept firefighters from battling the blazes that burned down several houses [Reuters]

Police have found human remains in the burned-out home of the New York state ex-convict who killed two firefighters and believe the victim is the gunman's sister.

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်

 

တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ်

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး


 
 
အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။

Thursday, December 20, 2012

အမျိုးသမီးအိမ်ထဲ ခိုးဝင်ပြီး မတော်တရော်ပြုခဲ့သူအား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ပေး

စင်္ကာပူနိုင်ငံတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရှေ့နေသင်တန်းဆင်းနေသူ အမျိုးသမီး တစ်ဦး၏အိမ်ထဲသို့ ခိုးဝင်ခဲ့ပြီး အိမ်ရှိအမျိုးသမီးအား မတော်တရော် ကိုယ်ထိလက်ရောက် ပြုမူ ခဲ့သောကြောင့် ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် ကြိမ်ဒဏ်လေးချက် ကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

Photo: ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး  
Thursday, 20 December 2012

၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ 
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ဆုံ
ဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ
ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာ
ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြား
လာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက
ပြောကြားခဲ့သည်။

Eleven Media Group ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ

မီဒီယာတွေနှာစေးနေကြတယ် ဒါမျိုး


KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊

မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ

Photo: မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ
Wednesday, 19 December 2012

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည် အာရုံခံအဖြေထုတ်စက် GP Sports စက်ကို   Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အသင်းမှာ စမ်းသပ် အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ  ”ဟု Yangon UTD Fc  သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက်များအား  GP Sports မှ အသေးစိတ်
အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည် များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့
နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့
လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်းကိုလည်း သိရသည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံး
ကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ု
မြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်
အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroupဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည်အာရုံခံအဖြေထုတ်စက် GP Sports စက်ကို Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော

၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ် သည် ပြည်ထောင်စု ငြိမ်း ချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့

Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်

Photo: Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်
Wednesday, 19 December 2012

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။
မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။

Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။

သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)
TechSpace JournalNokia က ဆယ်စုနှစ်တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။

ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း

Photo: ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း
Wednesday, 19 December 2012

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေတယ်လို့ ဆိုပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပါတယ်။ ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေ ကို ပြေပျောက်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကျိုးပေးတယ်လို့ လေ့လာသိရှိနိုင် မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှု အား ကောင်းစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆုတ်အား စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေ မှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Ref: medic facts
International news for myanmar
လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ရရှိတဲ့ အကျိုးကျေးဇူး ကတော့ ပြောမကုန်အောင် များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensor

ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ

Photo: ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ
Wednesday, 19 December 2012

ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသများတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး
လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။

ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း
အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော
အိမ်များတွင် အချဉ်တည်သည့် အလုပ်အား လုပ်ကိုင်ကြရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ အချဉ်တည်သောအိမ်အများစုမှာ တရုတ်လူမျိုးများ၏ နေအိမ်များဖြစ်ကြောင်း နှင့်  တရုတ်လူမျိုးများ၏ အိမ်တိုင်းလိုလို မုန့်ညှင်းချဉ် အပါအ၀င် အချဉ်တည်ကြောင်းသိရသည်။

အချဉ်တည်ရာတွင်အမျိုးသမီးများအားအဓိကအားထားနေရခြင်းမှာ မုန်ညင်းများအား အရွက်ဖျင်ခြင်း၊မုန်လာဥများအား လေးခြမ်းခွဲခြင်း စသည့် လုပ်ငန်းများ၌ အမျိုးသမီးများက ပို၍ ကျွမ်းကျင် သောကြောင့်ဖြစ်သည်ဟု အချဉ်တည်သည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လောဘကြီးတယ်တော့မဟုတ်ပါဘူး၊ ကျွန်မတို့လည်း ရှာနိုင်တဲ့အချိန်လေး ရှာထားရတာ၊ ယောက်ျား လုပ်စာတစ်ခုထဲနဲ့ဆို သိပ်မချောင်လည်ဘူး”ဟု အသက် ၄၀ အရွယ်ခန့်အချဉ်တည် အမျိုးသမီး လုပ်သား တစ်ဦးက
ပြောသည်။

၎င်းတို့၏ တစ်ရက်တာဝင်ငွေမှာ မနက်ပိုင်း နှစ်နာရီအတွက် တစ်ထောင်ကျပ်ရှိကြပြီး အချဉ်တည်သောအိမ်တွင် တစ်နေကုန်   လုပ်ခအတွက် နှစ်ထောင်ကျပ်ရရှိကြောင်းနှင့်  အချိန်ပိုဆင်းနေ့ဖြစ်လျှင် ကျပ်သုံးထောင် အထိရရှိ သောကြောင့် တစ်နေ့လျှင် သုံးထောင်မှ
လေးထောင်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါဒေသများ၌ အမျိုးသားများမှာ တစ်ရက်လျှင် မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ခြုံရှင်းမြေပေါက်၊ ရေလောင်းအစရှိသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ရပြီး လုပ်အားခမှာ သုံးထောင်မှ သုံးထောင့်ငါးရာကျပ်အထိ ရရှိကြောင်းကိုလည်း သိရသည်။

မုန်ညင်းချဉ်အနီတည်ရာတွင် မုန်ညင်းအား အရွက်ဖျင်ပြီးလျှင် အရိုးများအား နှစ်ရက်ခန့်နေလှန်းရပြီး၊အနည်းငယ် ဖန့်သွားသောအခါ အရိုးအား လှီးဖြတ်ခြင်း ရေဆေးခြင်းနှင့် ဆားအချိုမှုန့်၊ မဆလာ၊
ကြံသကာတို့ဖြင့် နယ်ရကာ တစ်ပါတ်ခန့်အိုးထဲတွင် အချဉ်တည်ထားပြီးလျှင်
ရောင်း၍ရသည့် အခြေအနေသို့ ရောက်ရှိကြောင်း နောင်ချိုမြို့မှ စားသောက်ကုန် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အဖြူမှာမူ အရွက်ဖျဉ်စရာမလိုပဲ တစ်ခါတည်းလှီး၍၊ ဆားနယ်ကာ၊ ထမင်းအနည်းငယ်ထည့်၍ အချဉ်တည်လျှင် တစ်ပါတ်ခန့်ကြာလျှင် စားး၍ရကြောင်းကိုလည်း သိရသည်။

“မုန့်ညှင်းချဉ်ကတော့ ခေါက်ဆွဲနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ဒီဒေသမှာတော့ ထုတ်လုပ်မှုက လောက်တယ် မရှိဘူး၊ အချဉ်တည်သမျှ ရောင်းရတယ်”ဟု ပြင်ဦးလွင်မှ မုန့်ညှင်းချဉ်
ထုတ်လုပ် ရောင်းချနေသည့် လူမျိုးခြားတစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အနီ(ရှမ်းချဉ်)နှင့် မုန်လာဥချဉ်တို့မှာ တစ်ပိဿာ
နှစ်ထောင်ကျပ် ဈေးရှိပြီး၊ မုန်ညင်းချဉ် အဖြူ (ဗမာချဉ်)မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ်ဝန်းကျင်ဈေးရှိကြောင်း ပြင်ဦးလွင် မြို့မဈေး အတွင်းက သိရသည်။

မုန်ညှင်းချဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မပါမဖြစ်စားသုံးလေ့ရှိသည့် အရန်ဟင်းဖြစ်သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroupပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသ များတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ

မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား  တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
‎ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင် မှုများ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍

Photo: ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍
မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်  
Wednesday, 19 December 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press 
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါက
ပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံလာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက
ဝင်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာလည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင်လာရောက် လေ့လာခြင်းများ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်
လုပ်ကိုင် နေရသည်။

Eleven Media Groupဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် ဂျက်ကီချန်း

Photo: အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် 
ဂျက်ကီချန်း
Wednesday, December 19, 2012

ကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင် ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် CZ12 ရုပ်ရှင်ကား အရောင်း မြှင့်တင်ရန် အတွက် မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့သို့
ရောက်ရှိ နေကြောင်း သိရသည်။

ဂျက်ကီချန်းနှင့် အတူ တိုက်ကွမ်ဒို ကျွမ်းကျင်သည့် သရုပ်ဆောင် ကျန်းလန်ရှင်းနှင့် ရောင်ရှင်းတုန် တို့လည်း လိုက်ပါ လာကြောင်း သိရသည်။

ဂျက်ကီင်္ချန်းသည် ပြီးခဲ့သော အက်ရှင် ဇာတ်ကားများတွင် ကိုယ်တိုင် အနာခံကာ သရုပ်ဆောင် ခဲ့သော်လည်း နာကျင်မှုကို မခံနိုင်တော့သည့် အတွက် နောက် ပိုင်းတွင် ရိုက်ကူးမည့် ဇာတ်ကားများ၌ ကွန်ပျူတာ effects များကို အသုံးပြု သွားမည် ဖြစ်ကြောင်း CZ12 ရုပ်ရှင်ကားနှင့် စပ်လျဉ်း၍ ပြု လုပ်သည့် သတင်း စာ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့သည်။ ဂျက်ကီချန်းက အက်ရှင် ဇာတ်ကားများ အပြင် အချစ် ဇာတ်လမ်း တွဲများတွင်လည်း သရုပ်ဆောင် သွား မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

CZ12 ဇာတ်ကားအား ၇ နှစ်ကြာ အချိန်ယူ ရိုက်ကူးခဲ့ပြီး မလေးရင်းဂစ် သန်း ၁၅ဝ အကုန်အ ကျခံ ရိုက်ကူးထားကြောင်း သိရသည်။ အဆိုပါ ဇာတ်ကား တွင် ကိုရီးယား နိုင်ငံမှ ထိပ်တန်း မင်းသား တစ်လက် ဖြစ်သည့် ကွမ်ဆန်ဝူး ပါဝင် သရုပ်ဆောင် ထားသည်ဟု သိရသည်။

မြ၀တီကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင်ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် CZ12 ရုပ်ရှင်ကား အရောင်း မြှင့်တင်ရန် အတွက် မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့သို့ ရောက်ရှိ နေကြောင်း သိရသည်။

လွှတ်တော် ပြန်စတော့မည်

Photo: လွှတ်တော် ပြန်စတော့မည်
Wednesday, December 19, 2012

ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး များကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေး များကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လည်းကောင်း စတင် ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ် များထံသို့ ပေးပို့ထား ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ဖိတ်စာ လက်ခံ ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ) လွှတ်တော်ရုံးသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်ထက်မစော ၈ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ ကြရန်နှင့် ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင် လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး များ ကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

Photo: ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား  
Wednesday, 19 December 2012 

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား
ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့် ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်း
သိရှိရသည်။

“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ် ဆိုပြီးတော့ ယေဘုယျ လာတင်ထားတဲ့ သဘောပါ၊၊ ဘာမှ အတိအကျ မလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး မပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား တည်ရှိနေကာ ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်၏
ရေအရောင်သည် အမျိုးမျိုး ကွဲပြားခြားနားကြောင်း၊ ရေမှာ အလွန်ကြည်လင်
ကာ  ရေအောက် ၁၀ ပေအနက်အထိ ထိုးဖောက်မြင်တွေ့နိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ နှစ် ဆန်းပိုင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ကောက်ယူခဲ့သော ကိုကိုးကျွန်းအား
လေ့လာမှု အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက် သဘာဝ အခြေခံနေရာ တစ်ခုဖြစ်ပြီး ယခင် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက ကိုကိုးကျွန်း ခရီးစဉ်ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း မကြာမီရပ်နားခဲ့သည်။

ကိုကိုးကျွန်းသည် အက်ဒမန် ကျွန်းစုနှင့် ဆက်စပ်လျက်ရှိပြီး ၁၇ ရာစု အစပိုင်း ရခိုင်ရာဇ၀င်အရ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာ လက်ထက် ၁၆၀၀-၁၆၁၃ တွင် ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီမှ ကူးသန်းရောင်းဝယ်
ရေးနှင့် သံတမန်ရေးရာ ကိစ္စများ ဆောင်ရွက်ရန် အက်ဒမန်ကျွန်းတွင် တစ်ထောက် နားခွင့်ပြုရန် တောင်းဆိုခဲ့ရာ ရခိုင်ဘုရင်မှ ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်တို့မှ အိန္ဒိယနိုင်ငံအား သိမ်းပိုက်စဉ် အက်ဒမန်
ကျွန်းအားလုံးမှာ အင်္ဂလိပ်လက်ထဲသို့ ကျရောက်ခဲ့ပြီး ၁၉၃၅ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် မြန်မာ- အိန္ဒိယ တွဲရေးခွဲရေး မဲခွဲဆုံးဖြတ်ခဲ့ရာ ခွဲရေးအနိုင်ရရှိသဖြင့် မြန်မာနိုင်ငံမှ ကျွန်းအား သီးခြားအုပ်ချုပ်ခွင့် ရရှိခဲ့သည်။

ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုကြောင်း လာရောက်တင်ပြသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ဟု
သိရသည်။

Eleven Media Group ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို

Photo: ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို
Wednesday, December 19, 2012

အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

မစ္စတာ ကီမူရာသည် ၁၈၉၇ ခုနှစ် ဧပြီ ၁၉ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန် ခဲ့သော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးထက် ၁၅ ရက်သာ ငယ်ကြောင်း သိရသည်။ ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အမေရိကန်
ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။

ကီမူရာသည် စာပို့လုလင်ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက် ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

မြ၀တီအမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီး သည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်

Photo: ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်
Wednesday, December 19, 2012

ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါMBA(Health Services Management) ဘာသာရပ်ကို သြစတြေးလျထိပ်တန်းတက္ကသိုလ် University of Ballaratမှ အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်း
ပြည့်မှီသူများအတွက် တစ်စိတ် တစ်ပိုင်းပညာ သင်ထောက်ပံ့ကြေး
အဖြစ် စင်္ကာပူဒေါ်လာ (၃၀၀၀)ပေးအပ်သွားမည်ဖြစ်သည်။

“ မြန်မာနိုင်ငံက MBBS, Pham ဘွဲ့ ရတွေအတွက် ပိုပြီးသင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

ဝင်ခွင့်လိုအပ်ချက်အနေဖြင့်ဘွဲ့တခုခုရရှိထားသူများ၊ သက်ဆိုင်ရာ
လုပ်ငန်းအတွေ့အကြုံ(၂)နှစ်ရှိထားသူများ လျှောက် ထားနိုင်ကြောင်းနှင့် အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့်IELTS 6 (သို့) TOEFL 550 ရှိထားရမည် ဖြစ်ပြီး ကျောင်းဝင် ခွင့်လမှာ မတ်၊ ဇူလိုင်နှင့်
နိုဝင်ဘာလတို့ ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပြီး
ကျောင်းလခ စင်ကာပူဒေါ်လာ (၂၂၈၀၀) ကုန်ကျမည်ဖြစ်သည်။

ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ကျမ်းမာရေးဝန်ဆောင်မှု MBA သင်တန်း အကြောင်း ယခုကဲ့သို့ ဆိုသည်။

 “အရင်တုန်းက MBA ဆိုရင် စီးပွားရေးဘာသာရပ်အားလုံးကို General သဘောမျိုးသင်ယူရတာပါ။ အခုနောက်ပိုင်းMBA ဆိုရင် Marketing ၊ Accounting & Finance ၊ HR Management အစရှိတဲ့အထူးပြုမေဂျာတွေ ပါဝင်လာပါတယ်။ ဒီ MBA (Health Services Management) အထူးပြုကစီးပွားရေးစီမံခန့်ခွဲမူ့နဲ့ပတ်သက်တဲ့မော်ဂျူး(၈) ခု နဲ့ Health Service Management မော်ဂျုး(၄)ခု ပါဝင်တယ်။ Health Service Management အထူးပြု MBA ပို့ချတဲ့ ကျောင်း နိုင်ငံတကာမှာ အရေအတွက်နည်းနည်းပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ MBA သင်ယူသူများအနေဖြင့်  Social Responsibility ၊ Ethical နှင့် Sustainable Business နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်
နားလည်သဘောပေါက်နိုင်ကြောင်းကိုလည်း ၄င်းထံမှ သိရသည်။

Good Teaching ၊ Positive graduate outcome နှင့် Generic Skills တို့တွင်ကြယ်ငါးပွင့်ရရှိ၍ ACU ခေါ် Association of Common wealth Universityအဖွဲ့ဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် လက်တွေ့အသုံးတည့်သော ဘာသာရပ်များကို ပို့ချပေးနေသည့် တက္ကသိုလ်လည်းဖြစ်သည်။

MBA(Health Service Management) ဘာသာရပ်တွင် စုစုပေါင်းမော်ဂျူး
(၁၂)ခုကိုသင်ယူရမည်ဖြစ်ပြီး Accounting and Finance ၊ HR Management ၊ Marketing ၊ Business Economics  ၊ Contemporary Issures in Health Services Management ၊ Policy in Health Services Management Leadership in HSM နှင့် Evidence-based Practice in HSM တို့ကိုသင်ယူရမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် lectures ၊ tutorials ၊ workshops ၊ seminars နှင့်presentation ပုံစံတို့ဖြင့်သင်ယူနိုင်ပါသည်။

University of Ballarat ကို ၁၈၇၀တွင် တည်ထောင်ခဲ့ပြီးသြစတြေးလျ
အစိုးရ ရန်ပုံငွေကြေးထောက်ပံ့မူ့ ရရှိထားသော ကျောင်းသား
ကျောင်းသူပေါင်း (၂၅၀၀၀)ကျော် ပညာသင်ကြားနေသည့် တက္ကသိုလ်ဖြစ်သည်။

အသေးစိတ်သိလိုသူများအနေဖြင့်  CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့သို့ဆက်သွယ် စုံစမ်းနိုင်သည်။

မြစ်မခ
Myit Makha Mediagroup ကျန်းမာရေးစီမံခန့်ခွဲမှု အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ

Photo: A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံ
Wednesday, December 19, 2012

မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသောA.B.S.D.F ခေါင်းဆောင်အချို့
သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင် ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ ဖြစ်ကြသောကိုကိုကြီး၊ကိုမင်းဇေယျ၊ကိုဌေးကြွယ်၊
ကိုမြအေး၊ကိုပြုံးချိုတို့ကိုလာရောက်တွေ့ဆုံခဲ့ကြသည်။၊

A.B.S.D.F မှ ကိုသံခဲ၊ကိုဆလိုင်းယောအောင်နှင့်ကိုမြင့်စိုး၊ကိုဆန်နီ တို့ဦးဆောင်ကာအဖွဲ့ဝင်(၉)ဦးပါဝင်ကြောင်းသိရသည်။ 

သတင်းနှင့်ဓါတ်ပုံ- ၈၈မျိုးဆက်ကျောင်းသားများ
Popular Myanmar News Journal
မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသော A.B.S.D.F ခေါင်းဆောင် အချို့သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင်ရန်ကုန်မြို့ ၊ဝေဇယန္တာ လမ်းရှိ