Monday, December 31, 2012

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုး (ယောက်ျား/မိန်းမ)များအား အတင်းအဓမ္မ
လူသစ်စုဆောင်းခြင်း၊ စစ်ပညာသင်မပေးဘဲ တိုက်ပွဲဝင်စေခြင်း၊ တပ်စခန်းများတွင် စစ်သည်အမည်ခံ ကချင်တိုင်းရင်းသူလေးများအား လက်နက်အားကိုးဖြင့် အတင်းအဓမ္မ နိုင့်ထက်စီးနင်းပြုကျင့်ခြင်း၊ ပြည်သူ့ ရဲစခန်း၊ စာသင်ကျောင်း၊ ဆရာမများ၊ ပြည်သူ့ဝန်ထမ်းများအား အနိုင်ကျင့်တိုက်ခိုက်ခြင်း စတာတွေကို ပြုကျင့် လာခဲ့သည်မှာ အခုချိန်ဆိုလျှင် တစ်နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

        ဒေသခံတိုင်းရင်းသားများ၏ အေးအေးချမ်းချမ်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်နေခြင်း တို့အား ဆက်ကြေးကောက်ခံခြင်း၊ ခရီးသွားကားများအား ဓါးပြတိုက်ပိုက်ဆံတောင်းခံခြင်း၊ မီးရထားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ တိုင်းရင်းသားများ၏ ကျေးရွာများအနီးတဝိုက်တွင် စည်းကမ်းမဲ့မိုင်းများထောင်ခြင်း၊ အပြစ်မဲ့ရွာသားများအား ဒုက္ခိတဘဝ ရောက်ရှိစေခြင်းတို့ကြောင့် KIA သောင်းကျန်းသူများ အနေဖြင့် တိုင်းပြည်၏ အကျိုးစီးပွား၊ အရင်းအမြစ်များကို ပျက်စီးအောင် လုပ်ဆောင်နေရုံမျှမက ကချင်လူမျိုးတို့၏ အကျိုးစီးပွားကိုပါ ပျက်ပြားအောင် လုပ်ကိုင်လျက်ရှိနေပါတယ်။
          ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများအချင်းချင်းကြားတွင်လည်း ကချင်လူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများအား လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြင်းဆက်ဆံမှုများ ပြုလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ပြောင်ပြောင်တင်းတင်းဆောင်ရွက်လျက်ရှိပါတယ်။
 
ယခုအချိန်တွင် KIA နှင့် အစိုးရစစ်တပ်တို့ကြားတွင် တိုက်ပွဲများအပြင်းထန်ဆုံးကာလသို့ ရောက်ရှိလာသောအခါ KIA ခေါင်းဆောင်ကြီးများက ကချင်ပြည်နယ်အ တွင်းရှိ ဒုက္ခသည်စခန်းများအား ၎င်းတို့၏ဌာနချုပ်ရှိရာ လိုင်ဇာပတ်ပတ်လည်တွင် အတင်းပြောင်းရွှေ့နေ ရာချထားခြင်းဖြင့် လိုင်ဇာအား လူသားတံတိုင်းကာရံခုခံနိုင်ရန်အတွက် လူမဆန်စွာဆုံးဖြတ်လုပ်ကိုင် လျက်ရှိနေပါတယ်။
          ဒါကြောင့်မို့ လူ့အခွင်းအရေးချိုးဖောက် လူသားတံတိုင်းကာရံခုခံဖို့ကြံစည်နေတဲ့ အကြမ်းဖက်သောင်း ကျန်းသူ အဖွဲ့အစည်းဖြစ်တဲ့ KIA ခေါင်းဆောင်ကြီးများကို နိုင်ငံတကာစစ်ခုံရုံးဖွဲ့ပြီး အရေးယူအပြစ်ပေးနိုင်ဖို့ ကုလသမဂ္ဂကို တိုင်ကြားဖို့စီစဉ်နေပြီလို့ လိုင်ဇာအနီးပြောင်းရွှေ့လာခဲ့ရတဲ့ ဖားကန့် ကျောက်မှော်မှ ဒုက္ခသည်တစ်ဦးမှ ပြောပြပါတယ်။

From: MMN

No comments:

Post a Comment