Wednesday, October 31, 2012

သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မည်

သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့ )  တွကို သက်တမ်း ၃ နှစ်ပေးနေ ရာကနေ နိုဝင်ဘာ ၁ ရက်နေ့ ကစပြီး သက်တမ်း ၅ နှစ်အထိ  တိုးမြှင့်ပေးတော့မယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးအဖွဲ့ မှူး တဦးက အတည်ပြုပြောဆိုပါတယ်။

ဆင်အိုင်းကျေးရွာတွင် ဘင်္ဂလီကုလားများ သေနပ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင်း ဆေးရုံးတင်ရ

၃၀.၁၀.၂၀၁၂ ရက် ညဥ့် ၈း၃၀ နာရီလောက်တွင် ရခိုင်ပြည်နယ်၊   ပေါက်တောမြို့နယ် ဆင်အိုးကျေးရွာမှ ဦးစိန်လှအောင်သည် မိမိပိုင် ကွမ်းခြံကို စောင့်ကြပ်နေရာဘင်္ဂလီများမှ လာရောက်ပြီး တူမီးလက်နက် များဖြင့် ပစ်ခတ်ရာ ၀မ်းဗိုက်တွင် တူမီးကျည်ဆံ (၁၃)ချက်တိပြီး စစ်တွေမြို့ ပြည့်သူဆေးရုံးသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်လျှက် ရှိပါသည်။

ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။ 

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု

နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အတွက်   စေ့စပ်ဆွေးနွေးပွဲမှာ  ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ်  ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦးတို့ မီဒီယာများရှေ့၊ တူရကီသံအမတ်ကြီးရှေ့၊
 မြန်မာအစိုးရခေါင်းဆောင်များရှေ့တွင် အပြန်အလှန်ပြောဆိုဖြစ်ခဲ့သော စကားများထဲမှ တစ်ခုသော ပြောဆိုချေပမှုတစ်ခုကိုရွှေမြန်မာမီဒီယာဂရုမှ
တင်ပြလိုက်ပါတယ်။

ကျောက်နီမော်ဖြစ်ရပ်

အောက်တိုဘာ ၃၀ ရက် ယနေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန်မှစတင်ကာ
 ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ရှိ ရခိုင်များသည် ရွာပြင်သို့ ထွက်ပြီး  စုရုံးမှုများဖြစ်ပေါ်ခဲ့ရာ ယင်းအချိန်တွင် ဘင်္ဂလီများနေထိုင်သည့်ေ ကျာက်ထရံကျေးရွာတွင် တပ်စဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက   သေနတ်ဖြင့်ပစ်ခတ် ခြင်းကြောင့် ရခိုင်လူမျိုးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိပါခဲ့ပါသည်။

သမ္မတအိုဘားမား မုန်တိုင်းသင့် ဒေသ သွားမည်

သမ္မတ အိုဘားမားက Sandy Hurricane  မုန်တိုင်းဒဏ် အထိနာခဲ့တဲ့ New Jersey  ပြည်နယ်ကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သွားရောက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အတူအရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေကို   ကျေးဇူးတင်စကား ပြောဆိုဖို့ ရှိပါတယ်။

ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွား
နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာ
သံရုံးရဲ့ သံရုံးယာယီ တာဝန်ခံကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။

Tuesday, October 30, 2012

သတင်းကျွတ်လပြည့်နေ့ မြင်ကွင်း တစ်ချို့

 ဘုရားဖူးများ စည်ကားနေသည့် ရင်ပြင်တော်

ဒီကနေ့ သတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်နဲ့တကွ မြင် ကွင်း တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

မြန်မာ့ ရုပ်မြင်သံကြားကလည်း ဒီကနေ့မှာ အများသူငါ ရုံးပိတ်ရက်လည်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော် အပါအ၀င် မြို့ကြီးတွေမှာသာမက နိုင်ငံ အ၀န်း ဘုရားစေတီပုထိုးတွေမှာ စည်းကားနေကြောင်းတွေလည်း တင်ဆက်သွားခဲ့ပါတယ်။ 

ရင်ပြည်တခုလုံး ဘုရားဖူးများနဲ့ ပြည့်နေတဲ့ ရွှေတိဂုံ စေတီတော်


ကိုကာကိုလာ စတုဒီသာ

 လူစည်ကားနေသည့် ပြည်သူ့ရင်ပြင် ကစားကွင်း



 သစ်သီးစေတီ

 ရေချမ်းကပ်လှူ ပူဇော်သူများနဲ့ ရွှေတိဂုံ

 စတုဒီသာ
Irrawaddy

စင်္ကာပူလေကြောင်းလိုင်း ရန်ကုန်ကို စတင်ပျံသန်း



စင်္ကာပူ လေကြောင်းလိုင်း(SIA) ဟာ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တနင်္ဂနွေနေ့က စတင် ပြေးဆွဲကြောင်း သိရပါတယ်။ 

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ထဲတွင် စစ်သင်တန်းပြုလုပ်နေသော
 ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း(SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ

မြေပုံမြို့ဘင်္ဂလီခေါင်းဆောင်တို့က  ယနေ့နံနက်၈နာရီခွဲခန့်ကမြို့ မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင် များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက် ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။

ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို့လိုက်လျော

ယနေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း  စကုကျွန်းတို့မှ လူထုတောင်းဆိုချက် (၄)ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး တာဝန်ယူထားသော အာဏာပိုင်တို့မှ ယနေ့ညနေ (၄)နာရီအချိန်တွင် သဘောတူလိုက်လျောလိုက်ပြီဖြစ်သည်။

၎း၄၅ နာရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော်သတင်း

၃၀.၁၀.၂၀၁၂ ရက် နံနက် (၈)နာရီ လာက်မှ စတင်သော ရမ်းဗြဲမြို့နယ်
 ကျောက်နီမော်ကျေးရွာ ဆန္ဒဖော်ထုတ်မှုမှ ဆက်လက်ဖြစ်ပွါးလျှက် ရှိနေပါသည်။

ကော့သောင်း-ရနောင်းဒေသ လူနဲ့ကား အဖမ်းအဆီးသတင်း


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ဘက် ထိုင်းမော်တော်ကားတွေ မှောင်ခိုပို့နေတယ်လို့ ယူဆရသူတွေကို ဒီနေ့ ဖမ်းမိတယ် တဲ့။

ယနေ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် လူပေါင်း (၁) သောင်းကျော်လောက် တောင်းဆိုနေ (နောက်ဆုံးရသတင်း)

 

 ၉း၁၃ နာရီ ကျောက်နီမော်ကျေးရွာ
သတင်း
-------------------------
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ယခုအခါ ရခိုင် လူအယောက်
 ၄၀၀၀ မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟုသိရှိရပါသည်။ 

ပြည်နယ်အတွင်း သတင်းဖြစ်က ရခိုင်ကွန်ရက်က ဖြေကြားပေးမည်

  ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသာပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်
နယ် သမိုင်းကြောင်းနှင့်သတင်းအမှန်ပေါ် ထွက်လာစေရေးအတွက်   အောက်တိုဘာ (၂၈)ရက်နေ့၊ နေ့လည်(၁)နာရီဝန်းကျင် က ရွှေတိဂုံဘုရားအရှေ့မုဒ် ရခိုင်ဓမ္မာရုံ၌ ရခိုင်ကွန်ယက်အဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးထံက  သိရှိရသည်။

ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ

မိန်းကလေးများ တန်းတူပညာသင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေး အယူအဆကို လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ မိန်းကလေး
တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘာ့ နေရာအနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့် တက်ကြွ လှုပ်ရှားသည့် အဆိုပါ တောင်ကြားသူ နောက်ထပ် မိန်းကလေးတစ်ဦးကို
တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။

၉း၁၃ နာရီ ကျောက်နီမော်ကျေးရွာသတင်း

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေး ရွာတွင် ယခုအခါ ရခိုင်လူအယောက်
 ၄၀၀၀ မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော် သွားမည်ဟုသိရှိရပါသည်။

ရခိုင် ပဋိပက္ခကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားဟု ကုလသမဂ္ဂ ထုတ်ပြန်

ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့
အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့်
ငါးရာရှိသည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ခဲ့ကြောင်း   အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။

မောင်တောမြို့၊ ကြိမ်ချောင်းကျေးရွာအခြေအနေ

မောင်တောမြို့နယ် ၊ကြိမ်ချောင်းကျေးရွာအနီးတွင် ဘင်္ဂလီများအားနေရာ
 ချ ထားပေးမှု အတည်ဖြစ်မည်ဆိုပါက  မောင်တောမြောက်ပိုင်းမှ ရခိုင်တိုင်းရင်း သားကျေးရွာများသည် နေရာပြောင်းရွှေ့ သွားနိုင်ခြေရှိကြောင်း သိရသည်။

မသမာသူတစုက ပြည်တွင်းသတင်းဋ္ဌာနတခုကို ပုံတူကူး၍ Facebook တွင်တင်ပြနေ

မသမာသူတစုက ရခိုင်ရေးရာ လက်ရှိအခြေအနေများကိုဖေါ်ပြ၍ နာမည်ကြီးလာသော  Rakhine Straight View [RSV] အမည်ရှိပြည်တွင်းသတင်းဋ္ဌာန

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့က လူသတ်မှု တရားခံများ ဖမ်းမိ

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင် အနီးတွင် အောက်တိုဘာ ၂၃ ရက် ည  ၁၁ နာရီခန့်က လူငယ်ကိုးဦးနှင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦး အချင်းဖြစ်ပွားကြရာ၌

ကမ္ဘောဇလေကြောင်းလိုင်းရဲ့ ပြင်သစ်လုပ် လေယာဉ်တစင်း ရောက်


 ကမ္ဘောဇလေကြောင်းလိုင်းက ၀ယ်ယူခဲ့တဲ့ ပြင်သစ်လုပ် ATR72-500 လေယာဉ်အမျိုးအစား
 
ကမ္ဘောဇ လေကြောင်းလိုင်းက ပြည်တွင်း လေကြောင်းလိုင်း ပြေးဆွဲဖို့ ပြင်သစ်နိုင်ငံက လေယာဉ်တစီးကို ထပ်မံဖြည့်တင်းဖို့အတွက် ၀ယ်လိုက်ပါတယ်။ 

Sandy ဟာရီကိန်း မွှေနှောက်တိုက်ခိုက်နေ

 Sandy ဟာရီကိန်းကို ဂြိုလ်တုမှမြင်ရပုံ၊ ဓာတ်ပုံများ- Hurricane Sandy 
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့နဲ့ တ၀ိုက်ကို နာမည်ကျော် စန္ဒီ ( Sandy ) ဟာရီကိန်း မုန်းတိုင်းဟာ တနာရီကို မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းဟာ ဒီထက် လေတိုက်အားပြင်းထန်တယ်လို့ သိရပါတယ်။ 

Monday, October 29, 2012

ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့  တိုက်ခိုက်


ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦးရပ်ကွက်က ဒါရ်ဂါဗလီကို    အောက်တိုဘာ ၂၈ ရက်နေ့ က အမည်မသိ ဆိုင်ကယ်စီးသမား  ၂ ဦးက လက်ပစ်ဗုံးနဲ့  ပစ်ခတ်တိုက်ခိုက်တယ်လို့  သိရပါတယ်။

မြောက်ဦးမြို့နယ်တွင် ရခိုင်(၁)ဦးတိုက်ခိုက်ခံရ

အောက်တိုဘာလ(၂၇)ရက်နေ့  ညနေ(၈)နာရီအချိန်တွင် မြောက်ဦးမြို့ နယ်ရှိ ကျွဲတဲရွာ အလယ်ဈေးအုပ်စုနေ ဦးမောင်ကြီးမှာ သူ၏ မိတ်ဆွေတစ်ချို့နှင့် ကွမ်းခြံတွင်

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများ အနှောက်အယှက်ဖြစ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်အေးနန္ဒာ အဆင့် မြင့်အိမ်ရာစီမံကိန်း အပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။

ဖုတ်ဖရမြို့ကားမှောက်မှု မြန်မာ ၃ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ


မဲဆောက်ဆေးရုံတွင် ကုသမှုခံယူနေသည့် ဦးမဲလုံး
ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင် သွားရောက်မည့် ကားတစီး လမ်းဘေး ထိုးကျသွားရာ အလုပ်သမား ၃ ဦး သေဆုံးပြီး  ၂၀ ကျော် ဒဏ်ရာ ရသွားသည်။

တာလီဘန်တို့ ပစ်ခတ်ခြင်း ခံရသူ မာလာလာ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာပြီ


ယခုလ အစောပိုင်းက တာလီဘန်  တို့ ၏ ပစ်ခတ်မှုကို ခံခဲ့ရသော အသက် ၁၄ နှစ် အရွယ်ရှိ ပါကစ္စတန်  မိန်းကလေးငယ် မာလာလာ ယူဆက်ဖ်ဇာအီ သည် ပါကစ္စတန် နိုင်ငံနှင့် ဗြိတိန် နိုင်ငံ တို့တွင် ဆေးကုသမ ခံယူခဲ့ရာ ယခုအခါ သူမ၏ အခြေအနေမှာ တိုးတက် ကောင်းမွန်လာ ကြောင်း ဗြိတိသျှ ဆရာဝန်များက ပြောကြား ခဲ့သည်။

ဝါလကင်းလွတ် သီတင်းကျွတ်


 မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် မိမိကိုယ်စားထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော်အကျဉ်းချုပ်ကို တချိန် တည်းမှာ  

ရခိုင် ဆူပူ အကြမ်းဖက်မူ နိုင်ငံခြားမှ အဖွဲ့တချို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ပြော



ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် တကျော့ပြန် ဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မူကို နိုင်ငံခြား အဖွဲ့အစည်းတချို့မှ နောက်ကွယ်က  ကြိုးကိုင် လူပ်ရှားခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကသူ၏ ကျေညာချက် ထဲ မှတ ဆင့် ထုတ်ဖေါ် စွပ်စွဲ ပြောကြား လိုက်သည်။

ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ် အဖွဲ့ ခြိမ်းခြောက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicW23aFGeTSHv-Ib6Nft-z7Ije5dswp3vN1dXAv1VwWt1co6UBIezh1BwQ4YrryWLfpJefJ1-_eTq3Uh3v40UW4GZeenNdWCXZOOp38-P4GoAiFUkzXIj9rSPcc58S-PCrNJ_-rhKU-WV0/s1600/www.myanmarexpress.net+00121.jpg
ဗြိတိသျှ အစိုးရသည် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူဟမ်ဇ အယ်လ်မာဆီအား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးခဲ့ မှုကြောင့် ဗြိတိန် နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု ဆိုမာလီယာ

"ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား"


ယမန်နေ.ည(၁၀)နာရီအချိန်က ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ် ကားမှတ်တိုင်အနီးတွင် ယာဉ်လေးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။  သိမ်ဖြူလမ်း အတိုင်း အနောက်မှအရှေ့သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTTodKyGFjvNtuzT6Hcx1VTe1rpSJT1w0nOn1oCeaoTy6blyWOGtaoDKsjyWyXJMfNj_1aiCLWMycF1fscB-FutYI9TkmACIE29YgIKa6_HyswHVCWxc3nb-fBz8bfTXzocWl4Fh3ft4/s1600/shwe+myanmar+group.png

အောက်တိုဘာ(၂၆)ရက်နေ့ နံနက် ပိုင်းကထိုင်းနိုင်ငံချင်းရိုင်းခရိုင်မယ် ကျန့် မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူး ယစ်ဆေး ၀ါးများကို သယ်ဆောင်လာ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေး ၀ါးများနဲ့အတူ ဖမ်းဆီးရမိကြောင်းထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး

၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် တခြားမြို့နယ်များ တွင်လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီး ဓား၊

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်သူ အရေအတွက်တိုး (နောက်ဆုံးရသတင်း)


http://gdb.voanews.eu/D0A869E8-4C64-496E-ACF5-29989C874CCD_w268_r1.jpg

ရခိုင်ပြည်နယ်တွင်း သီတင်းတပတ်ကြာ အကြမ်းဖက်မှုတွေကြောင့် သေ ဆုံး သူ အနည်း ဆုံး ၆၀ ကျော် ရှိသွားပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့ က မြန်မာအစိုးရက ကြေညာခဲ့သလို လူပေါင်း ၂ သောင်းကျော် အိုးအိမ်မဲ့ အတိ ဒုက္ခရောက်နေ ကြတဲ့အကြောင်းကုလသမဂ္ဂကလည်း ပြော ဆို ထား

သမ္မတဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းဆန္ဒထုတ်ဖော်



အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက်

ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀၊နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ်ရင်း ၅၁ရင်းတို့ဖြင့် လုံခြုံရေးအင်အား ဖြန့်ကျက်ထားကြောင်း သိရ



ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀၊ န.စ.က တပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့ အား ဖြန့်ကျက်ထားပြီး ဆူပူအကြမ်းဖက်မှုများ ဖြိုခွဲနှိမ်နင်းရာ တွင် အသုံးပြုသည့် မျက်ရည်ယို ဗုံးအပါအ၀င် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကရိယာများ လုံလောက်

Wednesday, October 24, 2012

ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြီ


http://www.narinjara.com/burmese/wp-content/uploads/2012/10/Kyauk-pru-600-x-400.jpg

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့်
 တစ်ဘက် အကြီးအကျယ် မီးရှို့ နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။

ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gHuPP7-HBkRXw_QkMSi8Jx2iGdmeQFP76dleqzFULkTnxUXcM-ehkUuPJnK86KPZZtxuiUxdpamp2KZJtZuOGicE3tR7gMhu9UhcCbyU04uTDTlv99TqC5Eh_tgRLz4xJyGTX5N5EPs/s1600/Budjet_news.jpg

(၁) ပြည်ပ မီဒီယာများက မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူ တစ်ဦး တစ်ယောက် ကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့် ပုဒ်မနှင့် အရေးယူမည်ကို သိရှိလိုခြင်း မေးခွန်း။

ယနေ့  ကျောက်နီမော်မှကုလားများ မော်တော်ဘုတ်စက်လှေများဖြင့် ကျောက်ဖြူမြို့ သို့  လာနေသဖြင့် ရေတပ်မှတားနေရ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUA2U_2jWxeCZwmN0Q9XOyjrwTy0k2Xe1SfGFUD8nonS3-IflQrI_szEaS-Ip3rYhWlAAFqxlry_ix3RySCh2iIhpXKoVOmUHv1NjAjMcYN5LMXnnac3aCvLIrZ-lnjxIR91_TqVUm20/s1600/Kyuk-Pru.jpg

ယနေ့ မနက် ၁၀း၀၀ နာရီဖုန်းသတင်း အရ ကျောက်ဖြူမြို့ ထဲ အရာရှိရပ်ကွက် အား ကြက်သားရောင်းကုလားအမျိုးသမီး မှမီးစတင်ရှို့ ရာအိမ်ခြေ၂၀ ကျော်လောက် ပျက်စီးဟုသတင်းရရှိသည်။

စစ်တွေတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh97v3hTD4aDGg-eJLw2H3KDjcH5IqQJK-Pq8q7-7RaP9gZuiPQYU_Csx2tGDo1bVpKeDwc85xb0vyFrh62MBDtcGkjycrbYYA82_jZkDKhYHsAeoWR3TLjg_qXsrVAO4aRhWM6d7cMVrI/s1600/224447_470517642971759_750446959_n.jpg

အောက်တိုဘာလ ၂၄ရက် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို  ပြုလုပ်မည်သတင်းရရှိသည်။ရခိုင်ကျောင်းသား မဂ္ဂမှ အောက်တိုဘာလ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက်၅ချက်အားအကောင်အထည် မဖော်ပေးသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း ၈ဦးသေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zQtrR6rfEvmUxcTYg9SJnec8mvkKW75D3fKWvA9zwUMxZh1YRS-inuiKOBRQMMgRlH4XYrluQH3VpDkLdWakF1EsBAjUPreKzpHZOYObguUoBBOve_nOHv2UIK37EJKfgnb53kFIrbk/s1600/MraukOo_crisis.jpg

မင်းပြားနှင့်မြောက်ဦးမြို့နယ်အတွင်း  လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ဖြစ် ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ယနေ့အ ထိ သေဆုံးသူဦးရေ ၈ ဦးရှိပြီဖြစ်ပြီး၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိနေကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းမေးမြန်းချက်အရ သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDyS9ZUZnaK7r73xlG3G_NvkOB8CB7h_70_ygMy_INECF_UuzTyLAKCMz3XoJdjDFnTtEshN1ris0Y5V7vmoYnrWTihYoCdKVTf9FwRgkbdEmcLnn3g2ONF9nWTIglUgu615Tuc-cDxM/s1600/burmese-01.png

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်နေကြသူများအနက် အလုပ်လုပ်ခွင့် လက်မှတ်(work permit) မရှိသည့် အလုပ်သမားများအား ယခုနှစ်ကုန်ပိုင်း တွင် ဖမ်းဆီးတော့မည်ဖြစ်၍ အလုပ်လုပ် ခွင့် လက်မှတ် အမြန်ဆုံးပြုလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထား ကြောင်း သိရသည်။

Tuesday, October 23, 2012

မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB9qZJYxCsAGFrL6PvPr9qNi8BJnTWAe0xQyKbqr-_P6IeRh0RgEjSRSRgklvql0f9H-bqHI_94YvGJDeBQNyRKtqWp8uF07QxQ8mWDVKOEHqobWLcJNPpKWvKj2e4Pc_ds_eA8SvmiRU/s1600/fireRakhine.jpg

ရခိုင်ပြည် မင်းပြား-မြောက်ဦးမြို့နယ် အတွင်းတွင် အောက်တိုဘာလ ၂၁ ရက် ကစတင်၍ ဘင်္ဂလီများ သောင်းကျန်းနေမှု အပေါ်မှာ ယင်းတို့ မိမိနေအိမ်များကို မိမိ ကိုယ်ကို မီးရှို့သည့်အပြင် ခိုးဝင်လာသူများဖြစ်ေ ကြာင်း ဥက္ကဌ ဦးလှသိန်းက မနေ့က ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆို လိုက်သည်။