Monday, October 29, 2012

ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့  တိုက်ခိုက်


ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦးရပ်ကွက်က ဒါရ်ဂါဗလီကို    အောက်တိုဘာ ၂၈ ရက်နေ့ က အမည်မသိ ဆိုင်ကယ်စီးသမား  ၂ ဦးက လက်ပစ်ဗုံးနဲ့  ပစ်ခတ်တိုက်ခိုက်တယ်လို့  သိရပါတယ်။

ည ၁၂ နာရီကျော်မှာ အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးကေန ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ  ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့  ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့  ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီကိုပြောပါတယ်။

“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတာ့ အဝတ်အစားတွေ ဘာဝတ်လဲ သေချာမြမင်ရဘူး။ ဒီကလူတွေကေတာ့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ကလူတွေပြောတာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။

 အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကေပါက်တယ်၊ အတွင်းက မပေါက်ဘူး။”အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ကတော့ မရရှိပါဘူး။

 လက်ပစ်ဗုံးအမျိုးအစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ်တယ်လို့  ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့ က သိမ်းဆည်းသွား တယ်လို့  သိရပါတယ်။

ကော့ကရိတ်မြို့ နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။ဒါရ်ဂါဗလီကို ရေနံဆီ ကုန်းဗလီလို့  ကော့ကရိတ်မြို့ နယ်မှာ လူသိများပြီး မြို့ ရဲ့ ဒုတိယအကြီးဆုံး ဗလီလည်းဖြစ်ပါတယ်။

DVB( မြန်မာပိုင်း)

No comments:

Post a Comment