Edit This Menu
Saturday, February 23, 2013
မှော်ဘီ-သီရိမင်္ဂလာဈေး ကားမှောက် ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ
မှော်ဘီမှ
သီရိမင်္ဂလာဈေးသို့ ပြေးဆွဲသော ခြင်္သေ့ယာဉ်လိုင်းမှ ခရီး သည်တင်
ဟိုင်းလတ်ယာဉ်တစ်စီးသည် လှိုင်မြို့နယ် သံလမ်းမှတ်တိုင် အနီးတွင် ယနေ့
(ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အရှိန်လွန်
တိမ်းမှောက်သွားရာ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိပြီး
တစ်ဦးသေဆုံးခဲ့ကြောင်း ကြိုးမဲ၊ ကြေးနန်းနှင့်
ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံ လာမည်
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond
Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန် Center
မှာ စကားပြောဖို့ရှိပါတယ်။
အရပ်သား အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ
လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea
လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ကို
တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါ တယ်။
၂၇ ထပ်အမြင့်ရှိ Kabar Aye Executive Residence အဆောက်အအုံကို ဦးဆုံးခွင့်ပြုမှုအဖြစ် ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ဆောက်လုပ်ခွင့်ပြု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့်အဆောက်အအုံကြီးများအနက်
ပထမဆုံး အဖြစ် ကမ္ဘာအေးစေတီလမ်းပေါ်တွင် ၂၇ ထပ် အမြင့်ရှိ (Kabar Aye
Executive Residence) အား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းရရှိသည်။
Subscribe to:
Posts (Atom)