တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲသည့်
မန်စီးတီးနှင့် ဆောက်သမ်တန်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင်
ဒူးဒဏ်ရာရရှိသွားသည့် မန်စီးတီးတိုက်စစ်မှူး အဂွေရိုသည် ၎င်း၏ဒဏ်ရာ အခြေအနေအား
ဓာတ်မှန်ရိုက်၍ သေချာစွာစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း BBC Sport က
ပြောကြားသည်။
အသက် ၂၄ နှစ်အရွယ် အဂွေရိုသည် ဆောက်သမ်တန် ကစားသမား နသန်နီရယ်နှင့်
ထိခိုက်မိပြီးနောက် ဒူးဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ပွဲကစားချိန် ၁၄
မိနစ်တွင် ဒီဇီကိုနှင့် လူစားလဲခဲ့ရသည်။













