Monday, August 20, 2012

မန်စီးတီးတိုက်စစ်မှူး အဂွေရို ဒူးဒဏ်ရာရရှိ


မန်စီးတီးတိုက်စစ်မှူး အဂွေရို ဒူးဒဏ်ရာရရှိတနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲသည့် မန်စီးတီးနှင့် ဆောက်သမ်တန်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိသွားသည့် မန်စီးတီးတိုက်စစ်မှူး အဂွေရိုသည် ၎င်း၏ဒဏ်ရာ အခြေအနေအား ဓာတ်မှန်ရိုက်၍ သေချာစွာစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း BBC Sport က ပြောကြားသည်။ အသက် ၂၄ နှစ်အရွယ် အဂွေရိုသည် ဆောက်သမ်တန် ကစားသမား နသန်နီရယ်နှင့် ထိခိုက်မိပြီးနောက် ဒူးဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ပွဲကစားချိန် ၁၄ မိနစ်တွင် ဒီဇီကိုနှင့် လူစားလဲခဲ့ရသည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲသည့် မန်စီးတီးနှင့် ဆောက်သမ်တန်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိသွားသည့် မန်စီးတီးတိုက်စစ်မှူး အဂွေရိုသည် ၎င်း၏ဒဏ်ရာ အခြေအနေအား ဓာတ်မှန်ရိုက်၍ သေချာစွာစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း BBC Sport က ပြောကြားသည်။ အသက် ၂၄ နှစ်အရွယ် အဂွေရိုသည် ဆောက်သမ်တန် ကစားသမား နသန်နီရယ်နှင့် ထိခိုက်မိပြီးနောက် ဒူးဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ပွဲကစားချိန် ၁၄ မိနစ်တွင် ဒီဇီကိုနှင့် လူစားလဲခဲ့ရသည်။

aguero

(ဒူးဒဏ်ရာရရှိသွားသည့် အဂွေရို)

အဆိုပါပွဲစဉ်တွင် မန်စီးတီးက ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် အိမ်ကွင်း ၃ မှတ်အပြည့်ရရှိသွားသည်။ မန်စီးတီးအသင်းသည် ပွဲကစားချိန် ၁၄ မိနစ်တွင် ပင်နယ်တီကန်ခွင့်ရရှိသော်လည်း ဆေးလ်ဗား၏ ကန်သွင်းမှုကို ဆောက်သမ်တန်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့သဖြင့် မန်စီးတီးတို့ ဦးဆောင်ဂိုးနှင့် လွဲခဲ့ရသည်။ မန်စီးတီးအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး တီဗက်ဇ်က ပွဲကစားချိန် မိနစ် ၄၀ တွင် သွင်းယူခဲ့ကာ ပထမပိုင်အပြီးတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

aguero

(အဂွေရိုအား ကွင်းအတွင်းမှ သယ်ထုတ်သွားစဉ်)

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၅၉ မိနစ်တွင် ဆောက်သမ်တန် ကစားသမား လမ်ဘတ်က ချေပဂိုသွင်းယူခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၆၈ မိနစ်တွင် ဆောက်သမ်တန် ကစားသမား ဒါဗစ်က ဂိုးသွင်းယူခဲ့ပြီး ဆောက်သမ်တန်တို့ ၂-၁ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ပွဲကစားချိန် ၇၂ မိနစ်တွင် ဒီဇီကိုက မန်စီးတီးအတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ မန်စီးတီးအတွက် အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၈၀ တွင် ဆမ်မီ နာဆရီက သွင်းယူခဲ့ခြင်း ဖြစ်သည်။

aguero

(အဂွေရိုအား ဆောက်သမ်တန်ကစားသမား နသန်နီရယ်၏ လျောထိုးဖျက်ထုတ်မှု)

အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ဝီဂန်နှင့် ချဲလ်ဆီးတို့ပွဲစဉ်တွင် ချဲလ်ဆီးက အိုင်ဗန်နိုဗစ်၊ လမ်းပတ်တို့၏ သွင်းဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရရှိကာ အဝေးကွင်း ၃ မှတ်အပြည့်ရယူသွားခဲ့သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော အဲဗာတန်နှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် သြဂုတ် ၂၁ ရက် (အင်္ဂါနေ့) နံနက် ၁း၃၀ တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

No comments:

Post a Comment