Monday, August 20, 2012

လွှတ်တော်ေ က်ာမတီ ကော်မရှင်းများသည် ပြည်ထော င်စုအဆင့်ဟြုေ ပာပြချက်သည် ကလော င်ချွန် ရေးသားထားခြင်း ဟု ဦးသိန်ုးစိုးပြောကြား


လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြားလိုက်ကြောင်းသိရှိရပါသည်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ခုံရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊ ၎င်းအချက် ၅ ချက်မှာ၁) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှု
၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု
၃) အကျင့်သိက္ခာပျက်ပြားခြင်း
၎) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း
၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း ၊
ယခုကဲ့သို့ အချက် ၅ ချက်နှင့် ခုံရုံးအနေဖြင့် ငြိစွန်းခြင်း ရှိမရှိကို စွပ်စွဲသူများထံ ပြန်မေးရန်လိုကြောင်း၊ ယခုကဲ့သို့ လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment