Thursday, August 9, 2012

မြန်မာပြည်သားဆိုဒ်ကိုလာလည်ရင်း သတင်းလည်းအစုံဖတ်၊စိတ်ကြည်နူး ကုသိုလ်ထူးလေးတွေလဲရအောင်လို့




သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်အား ဖူးမြင်နိုင်ပါသည်။
အသမ္ဘိန္နဓါတ်တော် .၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။
(၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မြာ့ပည်၌ တစ်ဌာန၊
(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညပ်ရိုးတေ
ာ်ဓါတ် ၂-ဆူ
တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊
(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊
(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊
(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့ကဆို၏၊

ကောင်းတော့ကောင်းတယ်ဒါပေမဲ့ အနာဟောင်းကိုတော့ဒုတ်နဲ့ မဆွစေချင်

၈၈ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၏ မြစ်သားမြို့လူထူဆွေးနွေးပွဲကို ၄င်းမြို့ရှိ လုပ်အားကြေးမုံခန်းမတွင်ယနေ့နံနက်(၉)နာရီမှ စတင်ကာ ကျင်းပလျက်ရှိနေကြောင်း သိရသည်။ယင်းဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းအကြောင်း ဟောပြောခြင်း၊ မနီလာသိန်း၊ မမီးမီး၊ မယုယုလှိုင်၊ တို့မှလည်း ဟောပြောခြင်များပြုလုပ်မည်ဖြစ်ပြီး၊ ပြည်သူလူထုနှင့်ဆွေးနွေးခြင်း၊ အစီအစဉ်များလည်း ပြုလုပ်မည်ဖြစ်သည်။ ယင်းအခမ်းအနားတွင် စမာရေလွှဲဆည်ဖျက်သိမ်းပေးရန် ဆန္ဒပြုလတ်မှတ်ထိုးခြင်းကိုလည်း ပူးတွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။။ဦးမင်းကိုနိုင်နှင့်အဖွဲ့သည်မြစ်သားမြို့သို့ ယမန်နေ့ညနေ(၆)နာရီဝန်းကျင်ကရောက်ရှိခဲ့ပြီး ယင်းမြို့တွင်တညနားခဲ့သည်။ ယခုအခမ်းအနားပြီးလျှင် စစ်ကိုင်း၊မုံရွာမြို့များသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းအကြောင်း ဟောပြောနေစဉ်

၈၈ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၏ မြစ်သားမြို့
လူထူဆွေးနွေးပွဲကို ၄င်းမြို့ရှိ လုပ်အားကြေးမုံခန်းမတွင်ယနေ့နံန
က်
(၉)နာရီမှ စတင်ကာ ကျင်းပလျက်ရှိနေကြောင်း သိရသည်။ယင်းဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင

် ဦးမင်းကိုနိုင်မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းအကြောင်း ဟောပြောခြင်း၊ မနီလာသိန်း၊ မမီးမီး၊ မယုယုလှိုင်၊ တို့မှလည်း ဟောပြောခြင်များပြုလုပ်
မည်ဖြစ်ပြီး၊ ပြည်သူလူထုနှင့်ဆွေးနွေးခြင်း၊ အစီအစဉ်များလည်း ပြုလုပ်
မည်ဖြစ်သည်။ ယင်းအခမ်းအနားတွင် စမာရေလွှဲဆည်ဖျက်သိမ်းပေးရန် ဆန္ဒပြုလတ်မှတ်ထိုးခြင်းကိုလည်း ပူးတွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။။
ဦးမင်းကိုနိုင်နှင့်အဖွဲ့သည်မြ
စ်သားမြို့သို့ ယမန်နေ့ညနေ(၆)နာရီဝန်းကျင်က
ရောက်ရှိခဲ့ပြီး ယင်းမြို့တွင်တညနားခဲ့သည်။ ယခုအခမ်းအနားပြီးလျှင် စစ်ကိုင်း၊မုံရွာမြို့များသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


ပုရိသတွေ ဖျားသွားနိုင်တဲ့ Model Zar Zar Htet

 
Myanmar Hot Model Girl: Zar Zar Htet
Date of Birth: March 11, 1988
Modeling Agency: Stars and Model Agency
Started Modeling Career in 2009

Photographer: Min Khant Kyaw

AMS Photo Studio
No-7, Kyar Kwet Thit Road, Kyauk Myaung, Tarmwe Tsp, Yangon.

  
 

 


 

 

 


 


Photos of MyanmarCelebrity.Com

လန်းတော့လန်းတယ်ဒါပေမဲ့ facebook ပေါ်မှာတော့ဒီလိုပြောထားတယ်


မပြောလို့ကလည်း မဖြစ်.. ပြောပြန်ရင်လည်း မကောင်း လျှာရှည်တတ်တဲ့..

အကျင့်ကလည်း မဖျောက်နိုင်ဆိုတော့..ပြောရဦးမှာပေါ့...

ဒီလိုဗျ.. ဒီနေ့ ကြယ်. မနက်က ရန်ကုန်ကနေ မန္တလေးကိုပြန်လာတယ်ပေါ့ဗျာ..

ကြယ့်ထိုင်ခုံရဲ့ရှေ့မှာ ထိုင်နေတာက နိုင်ငံခြားသားတွေ..

မန္ဆလေး တိုက်ရိုက် မဟုတ်ပဲ ညောင်ဦးဝင်ဦးမှာဆိုတော့

လေယာဉ် တစ်နာရီကျော် စီးရဦးမှာလေ..

ခဏနေတော့ .. ၀န်ထမ်းတွေက ဂျာနယ် ဖတ်မလား လိုက်မေးတယ်ပေါ့...

သူတို့ လက်ထဲမှာလည်း English လို မြန်မာလို ဂျာနယ်တွေ စုံလို့...

အဲ့မှာ ဘာတွေ့လဲဆိုတော့.. 8 Days Journal နာမည်ကလည်း English လို..

Journal cover မှာလည်း မော်ဒယ်တွေ ၀တ်ထားတာ လက်တစ်ထွာ...

ကြယ့်ရှေ့က နိုင်ငံခြားသားတွေက English ဂျာနယ် မှတ်လို့ ယူလိုက်ကြတာ..

လေယာဉ်မယ်ကလည်း ပြောတာပေါ့. မြန်မာဘာသာပေါ့..

အဲ့မှာ နိုင်ငံခြားသားတွေရဲ့ ဘာပြောသံကြားလိုက်လဲဆိုတော့.. " Myanmar lady !! "

ရှက်လွန်းလို့ သေတောင် သေပစ်လိုက်ချင်တော့တယ်...

ကြယ်လည်း ခေါင်းကို အသွင်သွင်ရမ်း သက်ပြင်းတခါခါ ချ ပြီး မျက်နှာလွဲနေလိုက်တော့တယ်...



ဒီနေ့ ရလာတဲ့ အတွေ့အကြုံပေါ့...

တကယ်လို့သာ အဲ့နေရာမှာ လက်တစ်ထွာ မဟုတ်ပဲ ဘောင်းဘီရှည်လောက်ဆိုရင်ကို

ကြယ်ဒီပို့စ်ကို မရေးပါဘူး..

လျှပ်ပေါ်လော်လီ မဟုတ်ဘူးဆိုရင် အဲ့လောက်လည်း သက်ပြင်းချမိမှာမဟုတ်ပါဘူး...

ပိုပြီးတော့ တွေးလိုက်မိတာက... အဲ့နေရာမှာသာ မြန်မာ့ရိုးရာ အ၀တ်အထည်တွေသာဆိုရင်

သူတို့ပြောလိုက်တဲ့ "Myanmar lady!!" ဆိုတာကို

ဂုဏ်ယူစွာ နားထောင်မိဦးမှာပါ... အခုတော့...................................

ကြယ်ပြောချင်တာက မ၀တ်နဲ့ မပြောပါဘူး.. ၀တ်လို့ရပါတယ်..

ခေတ်မှီလို့ ရပါတယ်.. ခေတ်လွန်သွားရင်တော့ အဲ့ဒါဟာ အန္တရာယ်ပါ.

ပြည်သူတွေရဲ့ လမ်းပြပုံစံဖြစ်နေတဲ့ အနုပညာသည်တွေက ပိုလို့တောင်

စည်းကမ်းရှိသင့်ပါတယ်.. သူတို့ကို နမူနာယူမယ့် ကလေးတွေ...

သူတို့ပုံစံတွေ လိုက်တုလာရင် နောင်လာမယ့် မြန်မာနိုင်ငံအတွက်

မတွေးရဲစရာပဲ.. ဒီနေ့ပဲ ကြည့်လေ.. နိုင်ငံခြားသားတွေ တအံ့တသြ ဖြစ်သွားတဲ့လေသံ...

အဲ့လိုပုံစံမျိုး နိုင်ငံခြားသား ဘယ်နှယောက်လောက်များ ဖြစ်သွားပြီးပြီလဲ...

တကယ်ကို စိတ်မကောင်းစရာပါပဲ..

ကိုယ့်မြန်မာ ကိုယ့်ယဉ်ကျေးမှုကို. ကိုယ့်လူမျိုးဖျက်လို့

ပျက်တော့မယ့် သဘောကို ဆောင်နေပါတယ်...

အင်မတန် စိတ်မချမ်းမြေ့စရာပါပဲ.. အမြဲတမ်း ထဘီပဲ ၀တ်နေရမယ် မဆိုလိုပါဘူး.

သရုပ်ပျက် အ၀တ်အစား ၀တ်ပြီး ကိုယ့်လူမျိုး သိက္ခာ မချရင် တော်ပါပြီ..

မြန်မာနိုင်ငံကို သူများနိုင်ငံလို ခေတ်မှီအောင် အမှီလိုက်တယ်ဆိုတာ

ဒီလို သရုပ်ပျက် အ၀တ်အစားတွေ ၀တ်ပြီး လိုက်နေတာလားလို့တောင်

မေးလိုက်ချင်ရဲ့..

နည်းပညာ စာပေ ဂီတ စ တာတွေ အမှီမလိုက်ပဲ တလွဲ ဆံပင်ကောင်းနေတော့...

ပြောရင် ပြောတဲ့လူက ဘာတတ်နေလို့ ဘာသိနေလို့လဲ အမေးခံရဦးမယ်...း(

တိုးတက်မှုရှိရင် ဆုတ်ယုတ်မှုရှိမှာပဲလို့ ပြောတဲ့လူတွေရှိမှာပါပဲ..

အဲ့တော့ ကြယ်လည်း ဆက်ပြောပါရစေ...

ဘာတွေ တိုးတက်လဲ.. ၁၀ နှစ်အတွင်းကိုပဲ ကြည့်လိုက်ပါ..

တကယ် သိသိ သာသာ တိုးတက်လာတာ နည်းပညာလည်း မရှိပါဘူး..

စာပေ ဆိုတာလည်း သိပ်မရှိပါဘူး

ဂီတ အနုပညာလည်း မရှိပါဘူး... ဒါပေမယ့်

အဲ့လို သရုပ်ပျက် အ၀တ်အစားတွေကတော့ လိုက်မှီကြပါတယ်..

နိုင်ငံခြားက လူတွေထက်တောင် ၁၀ ဆ အဆ ၁၀၀ လောက်

အမှီဝတ် ပြကြပါလိမ့်မယ်... စိတ်မကောင်းစရာ အဖြစ်အပျက်တွေပေါ့....

စာပေလွတ်လပ်ခွင့်ပေးတယ်.. ဆင်ဆာ မရှိတော့ဘူး ဆိုတော့..

ဝတ်ချင်သလို ၀တ် ပြချင်သလို ပြလာတာတွေ အများကြီးတွေ့ရပါတယ်..

ဟိုတုန်းက မ၀တ်ခဲ့ရတာတွေကို အခုမှ အတိုးချဝတ်ရဖို့

လမ်းဖောက်ပေးလိုက်တယ်များ ထင်နေသလား မသိပါဘူး

တော်တော် အကျည်းတန် နှာခေါင်းရှုံ့စရာမြင်ကွင်းပါ...

ကိုကို ဦးဦး စတဲ့ ယောက်ျားလေးများကိုလည်း မေးချင်ပါတယ်.. အမှန်အတိုင်းဖြေပေါ့..

မိန်းကလေးတယောက် အဲ့လို ၀တ်စားထားတာကို အလွယ်ရရင် လိုချင်တာကလွဲရင်

ကိုယ့်အိမ်ရဲ့ ဧည့်ခန်းမှာ ထားဖို့ အလှပန်း အနေနဲ့ ဘယ်သူမှ မထားပါဘူး.. ဟုတ်တယ်ဟုတ် !!

မိန်းကလေးတိုင်း ခေတ်မှီလို့ ရပါတယ်.. ခေတ်လွန်လို့ မရပါဘူး..

အဲ့တော့ ကြယ့် အဓိက ပြောချင်တာကတော့...

မြန်မာ မိန်းကလေးများဖြစ်တဲ့ မမတွေ ညီမလေးတွေကို မ၀တ်နဲ့လို့ မတားမြစ်ပါဘူး..

သူ့နေရာနဲ့သူ ၀တ်တတ် စား တတ် ပြီး အများအမြင်မှာ ခေတ်မှီ လှပတဲ့

မြန်မာ မိန်းကလေးတွေ အဖြစ် ဂုဏ်ယူဝင့်ကြွားစေချင်ပါတယ်...
credit t0-- MTKyal

အချစ်ကုန်စေခဲ့တဲ့ မြစ်ဆုံကိစ္စ အဆုံးသတ်သွားပြီလား



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း(ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် အဖွဲ့ဝင်များဖြစ်သော ဦးဇော်မင်း(ပြည်ထောင်စုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန)၊ ဦးလှထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထား၍ မည်သည့်အချိန်တွင် ပြန်လည်စတင်လုပ်ဆောင်ရမည်ကို မသိရှိရသောကြောင့် ထိုသို့ ပြန်လည်ပို့ဆောင်ခြင်

းဖြစ်ကြောင်းလည်း သိရသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ MOU ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် လုပ်ငန်း စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လီယိုနာဒိုဒါဗင်ချီ၏ မပြီးဆုံး ခဲ့သည့် နောက်ဆုံးလက် ရာပန်းချီကား ရှာဖွေတွေ့ရှိ



ဂလက်စဂို သြဂုတ် ၉

ကမ္ဘာကျော် အီတလီပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ၏ မပြီးဆုံးသေးသော နောက်ဆုံးလက်ရာ ပန်းချီကားဟု ယူဆရသည့် ပန်းချီကားကို စကော့တလန်ရှိ အမျိုးသမီးတစ်ဦး၏နေအိမ်တွင်ရှာေ
ဖွ တွေ့ရှိခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။

အင်ဒိုနီးရှားလွှတ်တော်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန်ရှိ(ဘယ်သူတွေဖွတာလဲ?)


အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ Marzuki Alie က Houseသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ထိခိုက်ပျက်စီးအောင် လုပ် ဆောင်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကြည့်ရှုရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်ဟာ House က နိုင်ငံခြားရေးရာ ကော်မရှင်နဲ့ ဒီကိစ္စစကားပြောဖို့ ရှိပါ တယ်” ဟု Marzuki က ပြောကြားခဲ့မှုအား tribunnews.com က ကိုးကားဖော်ပြခဲ့သည်။


Marzuki ကပြောကြားရာတွင် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိသည့် နိုင်ငံဖြစ်သည်နှင့်အညီ ရိုဟင်ဂျာကိစ္စကို တိုက်ပွဲဝင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“မွတ်ဆလင် အသိုင်းအဝိုင်း အနေနဲ့ သူတို့အတွက် တိုက်ပွဲဝင် ပေးရပါမယ်။ ဒါမှသာ ကမ္ဘာပေါ်က အဖွဲ့အစည်းတွေ ဝင်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

တရုတ်သံအမတ်ကျိုင်းတုံသို့ရောက် စိုင်းနော်ခမ်းတပည့်အား ထပ်မံစစ်ဆေး(Shan သတင်း)

NK_member
စိုင်းနော်ခမ်းတပည့်များ တာချီလိတ်မြို့၌လက်နက်ချစဉ်



မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်အား တရုတ်လက်သို့ လွှဲပေးရန် မြန်မာအစိုးရငြင်းဆိုပြီး နောက်ပိုင်း ယမန်နေ့က တရုတ်သံအမတ်ကြီးဩးဆောင်သည့်အဖွှဲ့က ကျိုင်းတုံသို့ရောက်ရှိကာ တရုတ် ၁၃ ဩး သေဆုံး မှုအား ထပ်မံစစ်ဆေးခဲ့သည်ဟု စရဖ အသိုင်းအ၀ိုင်းကပြောပါသည်။




ဈတရုတ်သံအမတ်ကြီး ဩးဆောင်တဲ့ ၆ ယောက်ပါအဖွှဲ့က စိုင်းအောင်မြတ် နဲ့ စိုင်းထွှန်းကုလားကို မနေ့ကတနေ ကုန်စစ်တယ်။ သံအမတ်ကြီးကတော့ တာချီလိတ်ကနေ လာအိုဘက်ခြမ်းကို ကူးသွှားပြီ။ ဒီနေ့လဲ ထပ်စစ်ဩးမယ်။ အခု ဆစ်ဆောင်ပန်းနားက တရုတ်ရဲမှူးကြီးတဩး ဩးဆောင်တဲ့အဖွှဲ့ သုံးယောက်က စိုင်းအောင်မြတ်တို့နှစ်ယောက်ကို ထပ်စစ်နေတယ်‘ - ဟု အဆိုပါ ပုဂ⍀ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ဪဂတ်စ် ၇ ရက် အင်⍀ဂါနေ့ က လာအို(လောဝ်)နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ် ချုပ်ခွှင့် ရဒေသ ရဲမှူးကြီးဩးဆောင်သော ၆ ယောက်ပါ အဖွှဲ့က နေပြည်တော်မှ ကျိုင်းတုံသို့ရောက်ရှိ၍ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်ဖြစ်သူ လက်နက်ချ စိုင်းအောင်မြတ်အား တာချီလိတ်မြို့၌ လက်နက်ချစဉ် ရိုက်ထားသည့် ဓါတ်ပုံ အားပြ၍ တရုတ် ၁၃ ဩး သတ်ရာ၌ ပါဝင်သူများရှိမရှိ မေးမြန်းခဲ့ကြောင်း၊ စိုင်းအောင်မြတ်က တယောက်မှမပါဟုဖြေ ကြောင်း၊ လူသတ်မှု လက်သည်ကို ဆက်လက်မေးမြန်းရာ စိုင်းအောင်မြတ်က တိုက်ရိုက်မဖြေဘဲ ၂၀၀၉ - ၂၀၁၁ အထိ မဲခေါင်မြစ်အတွှင်း တရုတ်သင်⍀ဘောပေါ် ဖမ်းမိသည့် မူးယစ်ဆေးဝါးစာရင်းသာပြောပြခဲ့သောကြောင့် တရုတ်အရာရှိအဖွှဲ့ စိတ်ပျက်ခဲ့ကြကြောင်း မိသားစုနှင့် နီးစပ်သူတဩးက ပြောပါသည်။

ဈတရုတ်ရဲမှူးကြီးကို စိုင်းအောင်မြတ်က လိသျှမ်းစကားနဲ့ဘဲဖြေတယ်။ တရုတ်သင်⍀ဘောပေါ်မှာ ရာဘ  ဘယ်နှစ်သန်း၊ အိုက်စ်ဘယ်နှစ်ကီလို စတာတွှေဘဲဖြေတယ်။ လူသတ်မှုမှာ သူမသိဘူးဘဲပြောတယ်။ မြန်မာအာဏ္ဍာပိုင်ဘက်ကလဲ ၀င်မပြောဘူး၊ သူတို့လဲ တရုတ်တွှေ ခဏ္ဍခဏ္ဍ လာစစ်နေတာကို  သိပ်မကြည်ချင်တော့ဘူး။ ဘာဘဲဖြစ်ဖြစ် စိုင်းအောင် မြတ်က လက်နက်ချပြီးတဲ့သူဘဲ‘ - ဟု တာချီလိတ်မြို့နေ စိုင်းအောင်မြတ်မိသားစုနှင့်ရင်းနှီးပြီး ဗျူဟာအသိုင်းအ၀ိုင်း အတွှင်း ၀င်ဆန့်သူတဩးက ပြောပါသည်။

ဂျူလိုင်လ နှောင်းပိုင်းမှ ယနေ့အထိ မြန်မာအာဏ္ဍာပိုင်တို့ စိုင်းအောင်မြတ်အား ရိုက်နှက်စစ်ဆေးခြင်း မရှိတော့ဘဲ ကျိုင်းတုံမြို့ စရဖ ရုံး၌သာ ထိန်းသိမ်းထားကြောင်း၊ မိသားစုဝင်များလည်း စိုင်းအောင်မြတ်အား ၀င်ထွှက်တွှေ့ခွှင့်ပြု လာကြောင်း မိသားစုအသိုင်းအ၀ိုင်းကလည်းပြောပါသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွှဲ မိုင်းလင်းကျေးရွှာအုပ်စု နမ့်ခင်း(မ်း) ရွှာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွှယ် စိုင်းအောင်မြတ် ခေါ်  ဇိန်းဟုန် သည် တရုတ် ၁၃ ဩး အသတ်ခံရမှုတွှင် ကိုယ်တိုင်ပါဝင်ဩးဆောင်သူဖြစ်သည်ဟုသတင်း ထွှက်နေ၏။

၎င်းင်း၏ ခေါင်းဆောင် စိုင်းနော်ခမ်းမှာမူ လာအိုနိုင်ငံမြောက်ပိုင်း၌ အဖမ်းခံရပြီး တရုတ်နိုင်ငံသို့ လာအိုအစိုးရက လွှဲ အပ်ပေးပြီးနောက်ပိုင်း တရုတ် ၁၃ ဩး သတ်ဖြတ်မှုလည်း ၎င်းင်း၏လက်ချက်ဖြစ်ကြောင်း ၀န်ခံပြီးဖြစ်သည်ဟု တရုတ် နှင့် ထိုင်း သတင်းစာများက ရေးသားပါသည်။

ကွန်ကရစ်လမ်းကို နိုင်လွန်ကတ္တရာထင်လို့တဲ့

 
 
 
ဝ၁၂ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်တိုင် ၃၁၁ / ၄ Meikhtila အနီး အမှတ်မထင် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားကာ၊ မိုင်တိုင် ၃ ၁၁ ကို ဝင်တိုက်ပြီး ၃ ပတ်လောက်ဂျွမ်းပြန် အောက်သို့ ကျသွားခြင်းဖြစ်ကြောင်း မျက်မြင် တွေ့ဆုံခဲ့သူ တစ်ဦးက သတင်းပေးပို့သည်။ ယင်းဖြစ်ရပ်အား အဆိုပါ မျက်မြင်တွေ့ဆုံသူက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့ ဖုန်းဆက်ကာ Meikhtila ခရိုင်ရဲတပ်ဖွဲ့ သို့ အကြောင်းကြားနိုင်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် ရဲကားတစ်စီးနှင့် လူနာတင်ယာဉ် ရောက် ရှိလာပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားကြကြောင်း ယင်းကပြောသည်။ "အမြန်လမ်းပေါ် သတ်မှတ် မိုင် ၆ဝ ထက် ပိုမမောင်းရန် သတိပေး တားမြစ်နေပေမယ့် ကားတွေ တစ်နာရီ မိုင် ရဝ - ၈ဝ အထက်မှာမောင်းနေကြတုန်းပါပဲ။ ခါးပတ်ပတ်တဲ့ အကျင့်လည်းမရှိကြပါ။ ကျနော့်ရှေ့ တွင်ဖြစ်တာမို့ တော်တော်တုန်လှုပ်ပါတယ်။ ကား ၃ စီးကိုတားတော့ ရပ်ပေးလို့  သူတို့ အကူအညီ၊ ဘေးမှာ ယာလုပ်နေတဲ့ ရွာသား ၄-၅ ဦး၊ ပေါင်း ဂ ဦးလောက်နဲ့  ကားထဲညပ်နေတဲ့ လူတစ်ယောက် ကိုတော့ ကယ်ထုတ်နိုင်ခဲ့ ပါတယ်။ အားလုံး သတိနဲ့ မောင်းကြဖို့ ရည်ရွယ်ပြီး ဓါတ်ပုံတွေရိုက်ပြီး ပို့ပေးတာ ဖြစ်ပါတယ် " ဟု အဆိုပါ မျက်မြင်တွေ့ရှိလာသူက ပြောသည်။

ရုရှားတောင်ပိုင်း စစ်ရေးလေ့ကျင့်မှုတွင် Iskander ဒုံးကျည်များ ပစ်ခတ်လေ့ကျင့်သွားမည်



 
 
 
 
 
 
 
 
 
 
 
 
ရုရှားနိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာလအတွင်း ကျင်းပမည့် kavkaz-2012 စစ်ရေးလေ့ကျင့်မှုတွင်
Iskander ဒုံးကျည်များကို ပစ်ခတ်လေ့ကျင့် သွားမည်ဖြစ်ကြောင်း ရုရှား စစ်ဘက်အရာရှိကြီးတစ်ဦးက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။

ဗကပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက် (RFA)

 
ဗကပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ၁၉၈၈ အရေးတော်ပုံမှာ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီက ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုကို ပြန်ကြည့်တဲ့အခါ အားနည်းချက် အားသာချက်တွေရှိပြီး ဘယ်တုန်းကနဲ့မှ မတူအောင် လူတန်းစားပေါင်းစုံ ညီညွတ်တဲ့ အုံကြွ လှုပ်ရှားမှု ဖြစ်ခဲ့တာ တွေ့ရမှာဖြစ်ကြောင်း ပြောဆိုရင်း ရှစ်လေးလုံးမှာ ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဒေါက်တာလှကျော်ဇောနဲ့ RFA ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မဲဘုန်း(လ်) ကရင့် ချည်ဖြူဖွဲ့ပွဲ လာမယ့် စနေနေ့တွင် ကျင်းပပြုလုပ်မည်





လွန်ခဲ့သည့်နှစ်က မဲဘုန်း(လ်)ချည်ဖြူဖွဲ့ပွဲတော်ထောင်နဲ့ချီသော ကရင်
လူမျိုးအများအပြား ရောက်ရှိနေထိုင်ရာ သြစတြေးလျားနိုင်ငံ မဲဘုန်းလ်မြို့ ကရင်ချည်ဖြူဖွဲ့ပွဲကို လာမယ့် စနေနေ့ (သြဂုတ်လ ၁၁ရက်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ကျင်းပပြုလုပ်သည့် နေရာ - Wyndham Leisure& Event Centre
80-82 Derriut Road
Hoppers Crossing, 3029, VIC Map 307, E6
Email: akovictoria@live.com.au
အချိန်- နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ
ကျင်းပပြုလုပ်သည့် အဖွဲ့-AKO

အဆိုပါ အခမ်းအနားကို အပိုင်း ၂ပိုင်း ခွဲကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပထမပိုင်းတွင် ချည်ဖြူဖွဲပအခမ်းအနားနှင့် ရိုးရာအကများကို ပြုလုပ်မည်
ဖြစ်ကာ ဒုတိယပိုင်း အနေဖြင့် တေးဂီတနှင့် အစားအသောက် ဧည့်ခံ
ကျွေးမွေးရေး အစီအစဉ်ကိုခွဲပြီး ကျင်းပသွားမည် ဖြစ်သည်။


မြန်မာတွင် ဂျပန် NHK World ရုပ်သံ ထုတ်လွှင့်





ဂျပန်နိုင်ငံရဲ့ မီဒီယာကြီးတခုဖြစ်တဲ့ NHK World အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့ပါတယ်။

ပြည်တွင်း ရုပ်သံကုမ္ပဏီ တခုဖြစ်တဲ့ Skynet ရဲ့ ကမ်းလှမ်းမှုနဲ့ အခုလို ထုတ်လွှင့်ပြသတာဖြစ်ပြီး ရက်သတ္တ တပတ်လုံး အချိန်ပြည် ၀န်ဆောင်မှုပေးဖို့လည်း ရှိပါတယ်တဲ့။ Skynet က ဂျပန်ပညာရှင်တွေကို အားထားတဲ့ သဘောနဲ့ NHK World ကို အခုလို ကမ်းလှမ်းပူးပေါင်းလုပ်ဆောင်တာလ
ည်းဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပြင်ပကမ္ဘာအနေနဲ့ မတွေးမိလောက်အောင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲ လုပ်ဆောင်ချက် တွေကြောင့် အမေရိကန်နဲ့ နီးကပ်လာတယ်လို့ ထင်ရတဲ့ မြန်မာအစိုးရဟာ တကယ်တော့ ဂျပန်နဲ့ ပိုမိုနွေးထွေးတဲ့ ဆက်ဆံ ရေးက တလျှောက်လုံးရှိနေခဲ့တာပါလို့ news@variety.com မှာ ဖော်ပြ ထားပါတယ်။

NHK World ရုပ်မြင်သံကြား ထုတ်လွှင့်မှုဟာ အဓိက ဂျပန်နဲ့ အာရှဒေသတွင်းက သတင်းတွေကို အဓိက ထားသလို ယဉ်ကျေးမှု၊ လူနေမှု ဘ၀နဲ့ အခြားအစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကမ္ဘာတလွှား ဒေသများက နိုင်ငံပေါင်း ၁၃၀ နီးပါးက NHK World ကို ကြည့်နိုင်ပါတယ်။

မြန်မာအပွင့်မှာ ကမ္ဘာ့ မီဒီယာကုမ္ပဏီကြီးတွေက ခြေသွက်လက်သွက် ပြည်တွင်းဈေးကွက်ကို ၀င်ရောက် လာတဲ့ လက္ခဏာ လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မြန်မာဆင်ဆာအဖွဲ့ကို ဖြတ်ရမယ်၊ မဖြတ်ရမယ် ဆိုတာတော့ သတင်းတွေမှာ သဲသဲ ကွဲကွဲမရှိပါဘူး။

Wireless Network ခေါ် Bluetooth ဆိုတာ

bluetooth ဆိုသည်မှာ Personal Area Network (PANS) တွင်သုံးတဲ့ power အသုံးပြုမှု နည်းသည့် Short Range အကွာဝေး Wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က Swedish Telecom မှဖြစ်ပါတယ်။ Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။
Bluetooth Network
Bluetooth Network များသည် 2.45GHz ရှိသောRadio Frequencyကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone, Microwave Oven များတွင်အသုံးပြုသော Frequency နှင့်ဆ တူပင်ဖြစ်ပါ တယ်။ Bluetooth ပစ္စည်းများကိုမီတာ (၃၂ပေ) အတွင်း တွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။
နံရံများကိုပါ ကျော်ဖြတ်သွားနိုင်သောကြောင့် မိမိပို့ချင်သော Device ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်း တစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။
ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headset ကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှ ဓါတ်ပုံကို Bluetoothနှင့်ထုတ်ရန် Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ ထိုနည်းတူ Smart Phone , PDA, Camera, Computer များတွင် ဖိုင်အချင်းချင်း ဖလှယ်ကြသော အခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။ Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကိုအလိုအလျော
က် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ်တကူ သယ်ယူ သွားနိုင်သောWireless Network တစ်ခုပင်ဖြစ်သည်။ Bluetoothပစ္စည်းများသည် တစ်ခုနှင့် တစ်ခု Bridge လုပ်ကာ ချိတ်ဆက်တက်ကြပါတယ်။Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetooth သုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာ data ဖလှယ်သည့်အခါ ခွင့်တောင်းသည့် သဘောဖြစ်ပါတယ်။ ဥပမာ-Bluetooth ဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည် (Authentication) ပင်ဖြစ်သည်။ Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့ Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သော pairing ပါ လိုအပ်လာပါတယ်။
pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN ( Personal Identification Number) ကို ရိုက်ထည့်ပေးရသည်။
ထိုအခါ တခြားဘက်မှလက်ခံရရှိပြီး PIN မှန်လျှင်၎င်းပစ္စည်း (2)ခု pairဖြစ်သွားမည်ဖြစ်သည်။
Bluetooth Network လုံခြုံရေး
Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင့်နှောက်ယှက်မှု များဖြစ် တက်ပါတယ်။
ထိုအပြင် mobile virus အချို့သည်လည်း Bluetooth Network မှတဆင့် ပျံ့နှံ့တက်ကြပါတယ်။ ထိုသို့ဖြစ် ရခြင်း အကြောင်းကတော့ Bluetooth Network ထဲမှနီးရာ ပစ္စည်းများကို Detect လုပ်ကာ Virus များ ၀င်ရောက် ပျံ့နှံ့ခြင်း ဖြစ်ပါတယ။် ၄င်း Virus များသည် Data ကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော် လည်းကောင်း ဖျက်ဆီး တတ်ကြပါတယ်။
ဒါကြောင့် Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန်လိုအပ်ပါတယ်။ထို့အပြင
် Antivirus နှင့် Firewall တို့ကို အသုံးပြုခြင်းဖြင့်လည်း ကာကွယ်သင့်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှု စီးပွားရေးဖွံ့ဖြိုးမှုကိုသာ အစိုးရမှ စောင်းပေးဆွေးနွေးဟု KNU ဥက္ကဌ သုံးသပ်



U နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ငြိမ်းချမ်းရေးထက် စီးပွားရေးဖွံ့ဖြိုးမှုများကိုသာ စောင်းပေးဆွေးနွေးသည်ဟု သုံးသပ်မိကြောင်း ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့၌ ကျရောက်မည့် (၆၂)နှစ်ပြည့် ကရင့်အာဇာနည် နေ့အတွက် ပြောကြားသော KNU ဥက္ကဌ၏ မိန့်ခွန်းတွင် သုံးသပ်
ပြောဆိုထားသည်။ယနေ့ထုတ်ပြန်သည့် ဥက္ကဌ စောတာမလာဘော၏ မိန့်ခွန်းတွင် “(မြန်မာအစိုးရသည်) တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဆိုသော်လည်း လက်တွေ့တွင် နိုင်ငံအနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမျိုး ထက် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စများကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်သည်ဟု သုံးသပ်ရသည်”ဟု ဖော်ပြထားခြင်း ဖြစ် သည်။
ဥက္ကဌ၏ မိန့်ခွန်းသည် ၎င်းတို့ KNU သဘောထားနှင့် တစ်ထပ်တည်းဖြစ်ကြောင်းကို KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဖားအံမှာ KNU နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြန်မာအစိုးရက စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုပဲ စောင်းပေး ထားတာပဲ။ နောက်ပိုင်း ပြန်ဆွေးနွေးတာက သူတို့(အစိုးရ)က ပြန်လည်လက်ခံတဲ့အပိုင်းတွေ ရှိပေမယ့် အခုထိ အဲဒီအရှိန်က ရှိနေတုန်းပဲ လေ။ ကျနော်တို့ကသာ လက်ခံလို့ရှိရင် မြို့ပြတွေတည်မှာပေါ့။ လမ်းဖောက်မယ်။ စီးပွားရေးလုပ်မှာပေါ့။ တကယ်ဆိုရင် နိုင်ငံရေးတည် ငြိမ်ပြီး ဥပဒေစိုးမိုးမှုရှိမှ စီးပွားရေးက ကောင်းမယ်”ဟု ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းအပြင် ငြိမ်းချမ်းရေးတည်ဆောက်ရေးလ
ုပ်ငန်းတွင် မြန်မာအစိုးရတပ်မတော်၏ ပါဝင်မှုကဏ္ဍမှာ အားနည်းနေကြောင်း၊ ပြည်တွင်းစစ်မီး ကို ငြိမ်းနိုင်ရန် တပ်မတော်၏ စစ်မှန်သည့် ပါဝင်မှုမှာ အရေးကြီးကြောင်းနှင့် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်လိုပါက အဓိပ္ပါယ် ပြည့်ဝပြီး ပွင့်လင်းမြင်သာမှုရှိသည့် တွေ့ဆုံဆွေးနွေးမှုမျိုးကို ပြုလုပ်ရန် လိုအပ် ကြောင်း KNU ဥက္ကဌ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။ဗိုလ်မှူးစောလှငွေက “အပစ်ခတ်ရပ်လုပ်တဲ့နောက်ပို
င်းမှာ ကျနော်တို့နယ်မြေအတွင်းမှာ သူတို့ လက်နက်နဲ့ ရိက္ခာပို့တာတို့၊ လက်ရှိ နယ် မြေစိုးမိုးရေး မလုပ်သော်လည်း လုပ်ဖို့ ပြင်ဆင်တာတို့၊ နောက် (KNU တပ်မဟာ-၅)မှာ ဘီဂျီအက်ဖ်ကို အသုံးပြုပြီးတော့ နယ်မြေ၊ စခန်း တိုးချဲ့တာတို့ကိုကြည့်ရင် သိသာတယ်”ဟု ဆက်ပြောသည်။တစ်ဆက်တည်းတွင် သျှမ်းဒေသဘက်၌လည်း သဘောတူမှုများ ယူထားပြီး အစိုးရတပ်သည် သျှမ်းတပ်စခန်းများကို တိုက်ခိုက်ခြင်းအား ဖြင့် သမ္မတ ဦးသိန်းစိန် ပြောထားသည့် နယ်မြေစိုးမိုးရေးနှင့် ထိုးစစ်မလုပ်ရေးမှာ ဖြစ်မလာသည့်အပြင် မြန်မာအစိုးရတပ်က စစ်မြေပြင် တွင် လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်လုပ်နေခြင်းမှာ ထင်ရှားသည့်အချက်ဖြစ်သည်ဟု ဗိုလ်မှူးစောလှငွေက နှိုင်းယှဉ် သုံးသပ်ထားသည်။
၎င်းမိန့်ခွန်းစာတွင် ကရင်အမျိုးသားများထဲ၌ အချောင်သမားနှင့် ရေသာခိုချင်သော စိတ်ဓါတ်ရှိသူများအနေဖြင့် ယင်းစိတ်တို့ကို ဖျောက် ဖျက်ကာ အာဇာနည်စိတ်ဓါတ်ဖြင့် တော်လှန်ရေးသတိ၊ နိုင်ငံရေးသတိကြီးစွာဖြင့် မျှော်မှန်းထားသော ပန်းတိုင်ရောက်သည်အထိ ပူးပေါင်း ပါဝင်လုပ်ဆောင်ကြရန်လည်း ဖော်ပြထားသည်။
ထို့အပြင် ကရင်အမျိုးသားများ ဆင်နွှဲနေသည့် တော်လှန်ရေးအောင်မြင်ရန် ကရင်အမျိုးသားတိုင်းက ကရင့်အာဇာနည် စောဘဦးကြီး၏ မူလေးချက်ဖြစ်သည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကျွန်ုပ်တို့လက်နက် ကျွန်ုပ်တို့လက်ထဲတွင် ရှိရမည်၊ ကရင်ပြည် အသိအမှတ်ပြု ခြင်း ပြီးပြည့်စုံရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် ဟူသောမူအတိုင်း ဆက်လက် လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းထား သည်။
၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ထို့ကော်ကိုးကျေးရွာ၌ ကရင်အမျိုးသား တော်လှန်ရေးခေါင်း ဆောင် စောဘဦးကြီး ကျဆုံးသည့်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တမျိုးသားလုံးနှင့် ကရင့်တော်လှန်ရေးမှ အသိအမှတ်ပြုကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။


စနစ်ဆိုးကြောင့်အဖြစ်ဆိုတာလား ဒီမိုးကရက်စက်တာလားကွယ်

 

ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်
စေ ထုတ်ပြန်ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။
၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီ
ဟု ခေါ်ဆိုရတော့မည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း၊ ရေလျှံခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ရေဘေးဒုက္ခသည်များ၊ အိုး/အိမ် ပစ် ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိသည်။ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဥ
် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။
ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင်
ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။
ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို
တွေ့မြင် ရတော့သည်။
ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မ
ှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။
ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။
ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်သော အမှန်တရားများကို သိရှိလာကာ လူ့ဘဝ သက်တမ်းတစ်လျှောက် ငြိမ်းချမ်းသာယာသောဘဝကို မိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိ
ုင် တော့မည် ဖြစ်ပေသည်။
ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။