ပြောဆိုထားသည်။ယနေ့ထုတ်ပြန်သည့် ဥက္ကဌ စောတာမလာဘော၏ မိန့်ခွန်းတွင် “(မြန်မာအစိုးရသည်) တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဆိုသော်လည်း လက်တွေ့တွင် နိုင်ငံအနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးေ နွးမှုမျိုး ထက် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စ များကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်သည်ဟု သုံးသပ်ရသည်”ဟု ဖော်ပြထားခြင်း ဖြစ် သည်။
ဥက္ကဌ၏ မိန့်ခွန်းသည် ၎င်းတို့ KNU သဘောထားနှင့် တစ်ထပ်တည်းဖြစ်ကြောင်းကို KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဖားအံမှာ KNU နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြန်မာအစိုးရက စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုပဲ စောင်းပေး ထားတာပဲ။ နောက်ပိုင်း ပြန်ဆွေးနွေးတာက သူတို့(အစိုးရ)က ပြန်လည်လက်ခံတဲ့အပိုင်းတွေ ရှိပေမယ့် အခုထိ အဲဒီအရှိန်က ရှိနေတုန်းပဲ လေ။ ကျနော်တို့ကသာ လက်ခံလို့ရှိရင် မြို့ပြတွေတည်မှာပေါ့။ လမ်းဖောက်မယ်။ စီးပွားရေးလုပ်မှာပေါ့။ တကယ်ဆိုရင် နိုင်ငံရေးတည် ငြိမ်ပြီး ဥပဒေစိုးမိုးမှုရှိမှ စီးပွားရေးက ကောင်းမယ်”ဟု ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းအပြင် ငြိမ်းချမ်းရေးတည်ဆောက်ရေးလ

၎င်းမိန့်ခွန်းစာတွင် ကရင်အမျိုးသားများထဲ၌ အချောင်သမားနှင့် ရေသာခိုချင်သော စိတ်ဓါတ်ရှိသူများအနေဖြင့် ယင်းစိတ်တို့ကို ဖျောက် ဖျက်ကာ အာဇာနည်စိတ်ဓါတ်ဖြင့် တော်လှန်ရေးသတိ၊ နိုင်ငံရေးသတိကြီးစွာဖြင့် မျှော်မှန်းထားသော ပန်းတိုင်ရောက်သည်အထိ ပူးပေါင်း ပါဝင်လုပ်ဆောင်ကြရန်လည်း ဖော်ပြထားသည်။
ထို့အပြင် ကရင်အမျိုးသားများ ဆင်နွှဲနေသည့် တော်လှန်ရေးအောင်မြင်ရန် ကရင်အမျိုးသားတိုင်းက ကရင့်အာဇာနည် စောဘဦးကြီး၏ မူလေးချက်ဖြစ်သည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကျွန်ုပ်တို့လက်နက် ကျွန်ုပ်တို့လက်ထဲတွင် ရှိရမည်၊ ကရင်ပြည် အသိအမှတ်ပြု ခြင်း ပြီးပြည့်စုံရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် ဟူသောမူအတိုင်း ဆက်လက် လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းထား သည်။
၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ထို့ကော်ကိုးကျေးရွာ၌ ကရင်အမျိုးသား တော်လှန်ရေးခေါင်း ဆောင် စောဘဦးကြီး ကျဆုံးသည့်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တမျိုးသားလုံးနှင့် ကရင့်တော်လှန်ရေးမှ အသိအမှတ်ပြုကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။
No comments:
Post a Comment