Monday, September 3, 2012

အစိုးရအဖွဲ့နှင့် KNU တို့ တတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေး



ရန်ကုန်၊ စက်တင်ဘာ ၃




အစိုးရအဖွဲ့နှင့် KNU(ကရင်အမျိုးသားအစည်းအရုံး) တို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့စတင်ပြုလုပ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကပြောကြားသည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဦး စီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ်ဦးထွန်းထွန်းဦး နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တင်မောင်ဝင်းတို့ ခေါင်းဆောင်သော အဖွဲ့တက်ရောက်ပြီး KNUမှ ထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ပဒိုစောအားတိုးနှင့်နော်မေဦးတို့ခေါင်းဆောင်သော အဖွဲ့တို့တက်ရောက်ကြောင်း ၎င်းကဆိုသည်။

PHOTO BY - KIC (Karen Information Center)

No comments:

Post a Comment