Monday, September 3, 2012

မယူမြ စ်ကြောင်း တိမ်ေ ကာ မှု များေ ကြာင့် ခရီးဆိုက်ေ ရာက်ချိန် နောက် ကျမှုများ ရှိနေ

အာရကန်ကိုကို မောင်တော(မြစ်မခ)
စစ်တွေ-ဘူးသီးတောင် သင်္ဘောရေကြောင်းလမ်း မယူမြစ်ကြောင်းတစ်လျှောက်ရှိ နေရာအချို့ရေအောက် ကြမ်းပြင်မြင့်တက် တိမ်ကောလာမှုများကြောင့် သင်္ဘောများမှာ ပုံမှန်အမြန်နှုန်းကို လျှော့ချခုတ်မောင်း သွားလာနေရကြောင်း ဓည၀တီ(၃)သင်္ဘောမှ အရာထမ်းတစ်ဦးက ဆိုသည်။
မယူမြစ်တိမ်ကောလာရခြင်း၏  အဓိကအကြောင်းအရင်းမှာ မြစ်ဖျားပိုင်းဒေသမြစ်လက်တက်တစ်ဖက်တစ်ကမ်း၌  မိုးရာသီတွင်သဘာဝအလျှောက်  ချောင်းကမ်းပါများ ပြိုကျဖြစ်စဉ်နှင့်တောင်မြေတောင်စောင်းပြိုကျမှုဖြစ်စဉ်များကြောင့် အနည်များမှာ ရေစီးနှင့်အတူ  မြစ်ကြောင်းတစ်လျှောက် ပို့ချ အနည်ထိုင်လာခြင်းကြောင့်ဖြစ်ကြောင်း  ဒေသတွင်း သဘာဝပတ်ဝန်းကျင်အရေးလေ့လာသူများထံက သိရသည်။

မြစ်ကြောင်းတစ်လျှောက်  ရေယာဉ်လမ်းများကောင်းမွန်ကြံ့ခိုင်မှုများရှိခဲ့စဉ်လွန်ခဲ့သော(၁၀)နှစ်ကျော်က ရေလမ်းခရီးအရှည် မိုင်ပေါင်း(၉၀)ကျော်ရှိသော စစ်တွေ-ဘူးသီး တောင်ခရီးစဉ်ကို(၆)နာရီခန့်သာ  ခုတ်မောင်းသွာလာရကြောင်း စစ်တွေသင်္ဘော  ကျင်းမှ  အသက်(၅၀)ကျော်ဝန်းကျင်ခန့် ၀ါရင့်သင်္ဘောသားကြီးတစ်ဦးက ပြောသည်။
 “  ၁၉၉၆ ခုနှစ် စစ်တွေ-ဘူးသီးတောင် ဓည၀တီသင်္ဘောပြေးဆွဲစဉ်က  အဲဒီခရီးကို (၆)နာရီဝန်းကျင်လောက် ဆိုရောက်ပြီ၊ရေကြောင်းလမ်း အချို့နေရာတွေမှာ ရေအောက်မြစ်ကြမ်းပြင် တစ်နှစ်ထက်တစ်နှစ်  မြင့်တက်လာမှုနဲ့ အတူ ရေအနက်လျော့နည်းလာလို့အဲဒီနေရာတွေမှာဆိုသင်္ဘောရဲ့အမြန်နှုန်းကို လျှော့ချခုတ်မောင်းလာရပါတယ်။ ဒီလိုခုတ်မောင်းလာရတော့  ခရီးဆိုက်ရောက်ချိန် နောက်ကျကြာမြင့်လာပြီး အခုနှစ်တွေမှာဆို  (၉)နာရီကျော် အထိတောင် ကြာမြင့်လာပါတယ်’’ဟု အဆိုပါ  ဓည၀တီ(၃)မှ  ၀ါရင့်သင်္ဘောသားက ပြောသည်။
 လက်ရှိတွင် မြန်မာ့ရေကြောင်းပို့ဆောင်ဆက်သွယ်ရေမှ နေ့စဉ်နံနက်(၇) အချိန်တွင် စစ်တွေမှ ဘူးသီးတောင်သို့  အသွားတစ်စီးနှင့်အလားတူအချိန်အတိုင်းဘူးသီးတောင်မှစစ်တွေသို့အလာတစ်စီးခုတ်မောင်းပြေးဆွဲလျက်ရှိသည်။
 စစ်တွေ-ဘူးသီးတောင် ရေကြောင်းလမ်းတွင် လွန်ခဲ့သော(၂) နှစ်ကစတင်၍ ပုဂ္ဂလိက ရှပ်ပြေး အမြန်ရေယာဉ်များ ၀င်ရောက်   ပြေးဆွဲမှုများ ရှိနေသော်လည်း  ကုန်သည်ခရီးသွားအများစုမှာ စရိတ်စက သက်သာသောအစိုးရပိုင်သင်္ဘောများကိုသာရွေးချယ်စီးနင်းသွားလာမှုများကြောင်း ဒေသတွင်းခရီးသွားကုန်သည်
တစ်ဦးက ဆိုသည်။
 သို့သော် ခရီးဆိုက်ရောက်ချိန် နောက်ကျမှုအချိန်ကြာမြင့်လာသည်နှင့်အမျှ ညဉ့်အိပ် တစ်ထောက်နားပြီးမှ လိုရာခရီးသို့သွား လာနေရသဖြင့် ငွေနှင့်အချိန်ကုန်ကျမှု  အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 ‘’စစ်တွေ-ဘူးသီးတောင် ခရီးက အရင်လို(၆)နာရီလောက်နှင့်  မရောက်တော့ဘူ။ (၉)နာရီကျော် (၁၀)နာရီအထိကြာမြင့်လာပါတယ်။ စစ်တွေနှင့်အမြင့်ကျွန်းကျေးရွာ အကြားနှင့် ဘူးသီးတောင်မှ ညောင်ချောင်း  ဆိပ်ကမ်းအကြားမြစ်ကြော အချို့နေရာ တွေမှာ သင်္ဘောသောင်တင်တာတို့  ဒီရေအတက်ကိုစောင့်ဆိုင်းပြီး  သွားလာနေရမှု တွေကမြစ် ရေနည်းပါးချိန်  ပွင့်လင်းရာသီတွေမှ မဟုတ်ဘဲ  မိုးရာသီတောင် ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရမှုများလားတော့ နောက်ကျတာပေါ့’’ ဟု စစ်တွေ-ဘူသီးတောင် ပုံမှန်ခရီးသွားလေ့ရှိသူတစ်ဦးက ပြောသည်။
 ရေရှည်အနာဂါတ်ရေကြောင်းသွားလာမှုများအတွက် ခြိမ်းခြောက်လာသည့်  မြစ်ကြော တိမ်ကောမှု များဖြစ်ပေါ်လာခြင်းများအား တူးဖေါ်ရှင်းလင်းခြင်း၊ မြစ်ကြောပြုပြင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးလိုအပ်နေကြောင်းကိုလည်း အထက်ပါ ၀ါရင့်သင်္ဘောသားက တိုက်တွန်း ပြောကြားထားသည်။

From : Myitmakha

No comments:

Post a Comment