Monday, September 3, 2012

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကိုကာကွယ်ရေးဝန်ကြီး ခန့်အပ်ရန်စီစဉ်



3 Sep 2012



ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုကြောင်း ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတမှ သ၀ဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။ 

စက်တင်ဘာ(၃) ရက်တွင် ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၁၀၇(၁)/၈/သမ္မတရုံး အရ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက် တာဝန် များ ပြန်လည် ထမ်းဆောင်စေပြီး ၄င်း၏အစား ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုကြောင်း အဆိုပါ သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment