Monday, September 3, 2012

နှစ်ပေါင်း ကိုးထောင် သက်တမ်းရှိ အဆောင်ရုပ်တုငယ် အစ္စရေး၌ တွေ့ရှိ



(ဂျေရုစလင် စက်တင်ဘာ ၂)
အစ္စရေး နိုင်ငံ ဂျေရုစလင်မြို့နှင့် တဲလ်အဗစ်မြို့ကြား အဝေးပြေး လမ်းမပေါ်၌ တည်ရှိသော ဆောက် လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ  နှစ် ပေါင်း ၉ဝဝဝ နှင့် ၉၅ဝဝ ကြား သက်တမ်းရှိ ထုံးကျောက်ဖြင့်ထု ဆစ်ထား သည့် အဆောင် သိုးထီး တစ်ကောင်၏ ရုပ်တုငယ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။ အဆိုပါ ရုပ်တုငယ် များသွန်းလုပ် ခြင်းသည်
မိုးဆက်မတိုင်မီ ထောင် စုနှစ် ပေါင်းများ စွာက ဒေသတွင်း ဘာသာရေး ဆိုင်ရာထုံးတမ်းစဉ်လာ တစ်ရပ် ဖြစ်ခဲ့ ဖွယ်ရှိသည်။ ထိုခေတ် အခါက အမဲလိုက်ခြင်း သည်  ဒေသ၏ အဓိကလုပ်ငန်း တစ်ရပ်ဖြစ်ပြီး ရုပ်တုငယ် များသည် အမဲလိုက် ရာတွင် အောင်မြင်မှုရရှိ စေရန်အတွက် ကံကောင်းခြင်း အမှတ် သင်္ကေတများ ဖြစ်သည်ဟု'Tel Mosa'ရုပ်တု တူးဖော်ရေး လုပ်ငန်းမှ ဒါရိုက်တာ အဖွဲ့ဝင်တစ် ဦးဖြစ်သူ  ဟာမောင့် ခါလိုင်လီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုခေတ်က အမဲလိုက် သူများသည် အမဲလိုက်မထွက်မီ သားကောင်များ ရရှိစေရန် အလို့ငှာ ရိုးရာ ဆုတောင်း ပွဲများ ကိုလည်း ပြုလုပ်ခဲ့ ဖွယ်ရှိသည်ဟု ၄င်းကပြော ကြားခဲ့ကြောင်း သိရ သည်။
 From: မြ၀တီ

No comments:

Post a Comment