၂၀၁၁
ခုနှစ် ၊ ဇွန်လဆန်းမှစ၍ ကချင်ပြည်နယ်အတွင်း KIA နှင့်
မြန်မာစစ်တပ်တို့အကြား အခြေအနေ တင်းမာမှုများရှိခဲ့ပြီး နေရာအနှံ့အပြားမှာ
တိုက်ပွဲများဖြစ်ပွားပြီး နီးစပ်ရာဒေသခံ ပြည်သူလူထုများ စစ်ဘေး လွတ်ရာသို့
ရွှေ့ပြောင်းနေခဲ့ရပါတယ်။
ဒီလိုနဲ့ ဒုက္ခသည်စခန်းတွေရဲ့
အခြေအနေမှန်တွေနဲ့ လုပ်ကြံဖန်တီးမှုတွေကို ရိပ်မိသဘောပေါက်လာ ကြတဲ့အခါ
တရုတ်အစိုးရမှ လုံချွမ်ခရိုင် ၊ နောင်တောင်းတိုက်နယ်အတွင်းမှာရှိတဲ့
ဒုက္ခသည်စခန်း တွေက ဒုက္ခသည်အယောင်ဆောင်တွေကို တွန်းအားပေးကာ
မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် စေလွှတ်လျက်ရှိရာ ၂၀၁၂ခုနှစ် ၊ သြဂုတ်လ
(၁၈)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စု (၁၀၀) ကျော်ခန့် ၊ လူဦးရေ ၆၀၀ ကျော်
ခန့်တို့အား မန်ဝိန်းကြီးဘက်ကို ပြန်လည်ရောက်ရှိ နေထိုင်လျက် ရှိတယ်လို့
သတင်းရရှိ ပါတယ်။
From : Kachinnews
No comments:
Post a Comment