Monday, September 3, 2012

ဆေးတက္ကသိုလ် ပညာသင်နှစ် တစ်နှစ် ထပ်တိုး



ဆေးတက္ကသိုလ် ဝင်ခွင့် ဦးရေ ထက်ဝက် လျှော့ချပြီး ပညာသင်နှစ် တစ်နှစ် ထပ်တိုးတစ်နိုင်ငံလုံး အတွက် ဆေးတက္ကသိုလ် ဝင်ခွင့် ဦးရေကို ယခင် သတ်မှတ်ချက် တစ်နှစ် ၂၄၀ဝ ဦးရေမှ ၁၂၀ဝ ဦးရေသို့ ထက်ဝက် လျှော့ချပြီး ပညာသင်နှစ်ကို တစ်နှစ် ထပ်မံ တိုးမြှင့်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေး ဝန်ကြီး ဌာနမှ စုံစမ်း သိရသည်။
"အဓိကတော့ ဆေးဝါးတွေနဲ့ ထိတွေ့မှုပိုများအောင် လုပ်ပေးချင်တာ။ သဘောပေါက် နားလည်ဖို့
အချိန်နည်းတဲ့အတွက်ရယ်၊ ဆေးပညာကို လေ့လာသင်ယူချင်စိတ် နည်းပါး လာတဲ့အတွက် အခုလို စီစဉ်ရတာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်တန်း ကာလကို အလုပ်သင် ဆရာဝန် သင်တန်းကာလ တစ်နှစ် အပါအဝင် ဖြစ်သော ခြောက်နှစ်မှ ယခုအခါခုနစ်နှစ်သို့ ထပ်မံတိုးမြှင့်လိုက်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယခင်က ဆေးတက္ကသိုလ်သို့ ဝင်ရောက်ရာတွင် အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းအတူတူသတ်မှတ်ကာ တက္ကသိုလ် ဝင်ခွင့် ရမှတ် ကွာဟချက် ကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ စုံစမ်းသိရသည်။
"အရေအတွက်ထက် အရည်အချင်းကို ပြန်သွားတာ ကောင်းတယ်။ အရင်က ပညာတတ်တာ ရာခိုင်နှုန်းအရပဲတိုးနေတာ။ အခုလို စနစ်တကျစိစစ်ပြီး ပိုကောင်းအောင် လုပ်နိုင်ရင် ကြိုဆို ရမှာပါ"ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကျောင်းသား မိဘ တစ်ဦးက ပြောသည်။
တက္ကသိုလ် ဝင်ခွင့် အမှတ်များကို တက္ကသိုလ် ရွေးချယ်ရေး အဖွဲ့မှ စိစစ်ကာ ဆေးတက္ကသိုလ်များ အတွက် ဆေးသိပ္ပံပညာ ဦးစီးဌာနက အမှတ်များခွဲခြား သတ်မှတ်ခြင်း ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် လေးခုရှိရာ ရန်ကုန်တွင် နှစ်ခု၊ မန္တလေးနှင့် မကွေးမြို့တို့တွင် တစ်ခုစီဖွင့်လှစ်ထားရှိသည်။

No comments:

Post a Comment