Monday, September 3, 2012

ဂျပန်နှင့်တောင်ကိုရီးယာဆက်ဆံရေးတင်းမာနေ


ကျွန်းပိုင်ဆိုင်ရေး အငြင်းပွားမှု အရှိန်မြင့်တက်လာပြီးနောက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်သည်။ 

စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ပါဝင်သော ဂျပန်ရေတပ်နှင့် လေတပ် ဗိုလ်ချုပ်ကြီးများ တောင်ကိုရီးယားသို့ ယနေ့ လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

အလားတူပင် တောင်ကိုရီးယား စစ်တပ်အရာရှိကြီးများ၏ ဂျပန်သို့သွားရောက်မည့် ခရီးစဉ်ကိုလည်း ဆိုင်းငံလိုက်ကြောင်း သိရသည်။ သို့သော် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းမှာ ယာယီအနေဖြင့်သာဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက AFP သို့ ပြောကြားသည်။ တောင်ကိုရီးယားနှင့်ဂျပန် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုကို ပုံတွင် မြင်တွေ့ရသည်။

No comments:

Post a Comment