Monday, September 3, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ



နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ စက်တင်ဘာလ ၁ရက်နေ့တွင်
ပေးပို့လာသည့် သ၀ဏ်လွှာတွင် ပါဝင်သော အချက်ဖြစ်သည့် 
ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များသည် ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးထားသူများဖြစ်ခြင်း၊ ၄င်းအဆိုကို တင်သွင်းသူနှင့်
ထောက်ခံသူများဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အချက်တို့ကြောင့် ဥက္ကဌနေရာတွင် ဦးနန္ဒကျော်စွာအစား အမ်းမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၊
ကျန်အဖွဲ့ဝင်များကို ပြောင်းလဲရန် မလိုကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့
လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်

No comments:

Post a Comment