Friday, January 25, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို

Photo: ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်
Thursday, January 24, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို
မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့
မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်
ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။

The Voice Weekly မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့ မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick

ခါယာ တောင်တန်း ၏ ခံစားချက် မျက်ရည် နှင့် KIA ၏ ကံကြမ္မာ တိုက်ပွဲ

Photo: ခါယာ တောင်တန်း၏ ခံစားချက် မျက်ရည် နှင့် KIA ၏ ကံကြမ္မာ တိုက်ပွဲ

Thursday, January 24, 2013

လက်နက်ကြီးများဖြင့် မြေဆူလောက်အောင် ပစ်ခတ်ချေမှုန်းပြီးမှ ယနေ့ညနေ (၄)နာရီအချိန်မှစပြီး အစိုးရမြေပြင် တပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါယာတောင်ကျောကို ပြင်းထန်စွာစတင်စစ်ဆင်ခဲ့သည်ဟု KIA ရှေ့တန်းတာဝန်ရှိသူ တဦးကဆိုပါသည်။

“ ဒီနေ့ (၁) နာရီခွဲ အချိန် ကနေ စပြီးတော့ ခါယာ တောင်ကျောကို လက်နက်ကြီး တွေနဲ့ ပစ်လိုက်တာ နားထောင် သူတွေ အဖို့တောင် ခံစား ရတယ်ဗျ။ တမိနစ်ကို လက်နက်ကြီး (၄)လုံး နှုန်းနဲ့ ပစ်နေတာကို သတိထား မိတယ်။ ဒီတော့ နေ့လည် တနာရီခွဲ ကနေ ပစ်တာ ညနေ (၄ )နာရီ အထိလေ။ ထိခိုက်မှုတော့ သိပ်မစိုးရိမ် ရပါဘူး။ ဒါပေမဲ့ လက်နက်အသံ တွေက ကြာလာရင် နားအူ တယ်ဗျ။ လက်နက် ကြီးလည်း ရပ်ရော မြေပြင် တပ်က အပြင်း ထိုးတက် လာတာ ပါဘဲဗျ” ဟု ဆိုပါသည်။

အစိုးရ လက်နက် ကြီးများသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်း အနီးရှိ တာပ်ဘွန် တောင်မှ အလက်ပေါင်း များစွာဖြင့် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် ခါယာတောင် အနီးရှိ ပွိုင့် (၇၇၁) မှလည်း အနီးကပ် ပစ်ခတ် ခဲ့ပါသည်။ အစိုးရ မြေပြင်တပ် များသည်လည်း ယမာန်နေ့ ကတည်းက KIA မြေပြင် တပ်ဖွဲ့နှင့် အနီးကပ် တပ်စွဲ ထားခဲ့ ပါသည်။

(၄) နာရီ ထိုးသည့်အခါ လက်နက်ကြီး ပစ်ခတ်မှုများ ရပ်စဲ သည်နှင့် အစိုးရ မြေပြင် တပ်များသည် အပြင်း အထန် ထိုးစစ် စတင် ခဲ့ခြင်း ဖြစ်ပါသည်။ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ အထိ တိုက်ပွဲ ပြင်းထန်ဆဲ ဖြစ်ပါသည်။

အစိုးရ တပ်များသည် တရက် အတွင်း ခါယာ တောင်ကျောကို သိမ်းပိုက်ရန် အစီ အစဉ် ရှိသည်ဟု KIA ဖက်က ဆိုပါသည်။ တချိန် ထဲ၌ အစိုးရ လက်နက်ကြီး များသည် ခါယာတောင်ကျောကို အပစ်ရပ် သွားခဲ့ သော်လည်း KIA ဌာနချုပ်ကို ပွိုင့် (၇၇၁) စခန်းရှိ လက်နက်ကြီး များက ဆက်လက် ပစ်ခတ် နေခဲ့ ပါသည်။

နှစ်ဖက် စလုံး အထိအခိုက် အကျအဆုံး များလိမ့်မည် ဖြစ်သည်။ KIA သည် မဆုတ်တမ်း ခံတိုက်မည် ဖြစ်သလို အစိုးရဖက် မှလည်း အစိုးရ ဂုဏ်သိက္ခာ အရ အပြီးအပြတ် တိုက်ခိုက် ရတော့မည် ဖြစ်သည်။ KIA မှ ခံစစ်သေနှင့် ရင်ဆိုင် နေသဖြင့် အစိုးရ ဖက်ကလည်း အဆပေါင်း များစွာသာသော စစ်အင် အားကို သုံးပြီး တိုက်ခိုက် နေတော့သည်။

KIA ၏ ခံစစ် သေနင်္ဂ စစ်ဗျူဟာသည် အစိုးရ ကြိုက်နှစ် သက်သော ဗျူဟာမျိုး ဖြစ်သည်။ ခံစစ်သေသည် တပ်တည် နေရာ ပေးပြီးသား ဖြစ်သဖြင့် အစိုးရ အတွက် ပစ်မှတ် ရှာစရာ မလိုဘဲ စစ်အင်အား တိုးမြှင့်ပြီး အပြီး တိုက်ရန်သာ စစ်ဆင်ရ တော့မည် ဖြစ်သည်။

အစိုးရ စစ်ဗျူဟာသည် KIA တပ်မဟာ များမှ ဗဟို လိုင်ဇာ ဌာနချုပ်ကို စစ်ကူ မပေး နိုင်ရန် စစ်ကြောင်း များဖြင့် ထိမ်းထား ခဲ့ပြီးမှ လိုင်ဇာကို ချေမှုန်း နေခြင်း ဖြစ်သည်။ ထို့အပြင် KIA သည် ရှိသမျှ အင်အား များကို တနေရာ ထဲ၌ စုပုံပြီး ခံတိုက် နေခြင်းသည် အစိုးရ အတွက် အင်အား သုံးပြီး ၀ိုင်းဝန်း ချေမှုန်း နေခဲ့ခြင်း ဖြစ်ပါသည်။

ဤသို့ကြောင့် အစိုးရသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဒေါ့ဖုန်ယန်သို့ သံချပ်ကာကား အပါဝင်၊ ရေတပ် အဖွဲ့များပါ ခေါ်ယူ အင်အား ဖြည့်ထား ခဲ့ပါသည်။ အင်အား အနေဖြင့် နှိုင်းယှဉ် ရသော် လိုင်ဇာ ပတ်ဝန်း ကျင်၌ KIA အင်အား ထက် အဆ (၄၀) မျှ ရှိသော အင်အားနှင့် အစိုးရက တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ အစိုးရ တပ်များသည် လိုင်ဇာကို ၀ိုင်းရံ ထားပြီး

အင်အားဖြင့် ချေမှုန်း နေသည့်အသွင် ဆောင်နေ ခဲ့ပါသည်။

ခါယာ တောင်တန်းသည် KIA ဌာနချုပ်ကို ထိမ်းချုပ်ရန် စစ်ရေး အချက်အချာ ကျသည့် စိုးမိုး တောင်ကျော ဖြစ်ပါသည်။ ဤတောင်ကျောကို မရမချင်း စစ်ရပ် စဲရန် အစိုးရဖက်မှ မည်မျှပင် ဂတိပေး သော်လည်း စစ်ဆင်ရေး ရပ်လိမ့်မည် မဟုတ်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ သို့သော် KIA သည် ဤတောင်ကုန်းကို ရွံ့ရွံ့ချွန်ချွန် ခံတိုက် သွားမည်ဟု ဆိုထား ပါသည်။ ယနေ့ တိုက်ပွဲတွင် ညနေ (၅) နာရီအထိ လေကြောင်း အသုံးပြုခြင်း မရှိခဲ့ပေ။

အစိုးရ၏ နောက်တန်း စခန်းကို KIA ထိုးဖေါက်ရန် အခြေအနေ နည်းလာ နေပါသည်။ ဤသို့ မလုပ်နိုင် လေလေ အထိနာ လေလေ ဖြစ်တော့ မည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ ဤအချိန်၌ KIA သည် အခြား တပ်မဟာ များ၏ အင်အား များကို အသုံးပြုပြီး စစ်မျက်နှာဖြန့်ကာ အစိုးရ၏ နောက်ကြောင်း များကို စစ်ဆင်လျှင် ရှေ့တန်း တပ်များ ထိမ်းရခက် ပေလိမ့်မည်ဟု စစ်ရေး အကဲခတ် များက ယူဆပါသည်။

အစိုးရ၏ ယခု စစ်ဆင် ရေးသည် KIA အား အပြီးသတ် စစ်ဆင်ရန် တိုက်ပွဲ ဆင်နွှဲ နေခြင်း ဖြစ်ဖွယ် ရှိနေ ပါသည်။ ထို့အပြင် စိတ်ဓါတ် စစ်ဆင်ရေးလည်း များစွာ ပြုလုပ် နေပါသည်။ ကချင် ရွာသား များကို နှိပ်စက်ခြင်း၊ စစ်မြေပြင် ဓါးစားခံ ပြုလုပ်ခြင်း၊ ဒုက္ခသည်များ ဖြစ် စေရန် ဖန်တီးခြင်း၊ ရွာမီး ရှို့ခြင်း၊ လုယူသိမ်းဆည်း ဖျက်စီးခြင်း၊ သတင်း အလိမ် များနှင့် မဟုတ်မမှန် ၀ါဒ ဖြန့်ခြင်းများ အပါဝင် လူမျိုးရေး ခွဲခြား ချိုးနှိမ် မှုများလည်း ပြုလုပ် နေသည်ဟု ဆိုပါသည်။

(ရွှေဟင်္သာ သတင်းဌာန)
လက်နက်ကြီးများဖြင့် မြေဆူလောက်အောင် ပစ်ခတ်ချေမှုန်းပြီးမှ ယနေ့ညနေ (၄)နာရီအချိန်မှစပြီး အစိုးရမြေပြင် တပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါယာတောင်ကျောကို ပြင်းထန်စွာ စတင်စစ်ဆင်ခဲ့

KIA အဖွဲ့က တပ်စခန်းတစ်ခုနှင့် တံတားလုံခြုံရေးရဲကင်းအား ပစ်ခတ်တိုက်ခတ်

Thursday, January 24, 2013

ဝယ်သူစိတ်ကြိုက် ဝန်ဆောင်မှုပေးမည့် Dodge Dart 013

Photo: ဝယ်သူစိတ်ကြိုက် ဝန်ဆောင်မှုပေးမည့် Dodge Dart 013
Thursday, January 24, 2013

အမေရိကန် Chrysler ကထုတ်တဲ့ Dodge Dart ဟာ ဟိုးအရင်တွေ ကတည်းက ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခေတ်ဆန်း ပြန်ထတာ ကတော့ ၂၀၁၂ က ဖြစ်ပြီး ယခု ၂၀၁၃ မှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု
ပေးပါတယ်။

ဒါကတော့ ကိုယ်လိုသလို ကားရဲ့  အစိတ်အပိုင်းများကို ဝယ်ယူမှာ အော်ဒါ မှာ နိုင်မှု ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကားကို ကွန်ပြူတာနဲ့ ကိုယ်တိုင် အစိတ်အပိုင်းတပ် တည်ဆောက်နိုင်ပြီး စိတ်ကြိုက် တွေ့ပြီဆိုမှ မှာယူလို့ ရပါတယ်။ ဒီအတွက် ကန့်သတ်ချက်များ ထားရှိထားပေမယ့်
တော် တော်များများ ရွေးချယ်စရာ ရှိပါတယ်။

အင်ဂျင်ပါဝါ ၁၄၀၀ မှ ၂၄၀၀ စီစီ ကြား တာဘိအင်ဂျင်တပ် ကားများ ဖြစ်ပြီး ဆလွန်း (Sedan) ထဲမှာ Chrysler ရဲ့  ဆီစား အသက်သာဆုံးကား ဖြစ်လာ မည် ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobileအမေရိကန် Chrysler ကထုတ်တဲ့ Dodge Dart ဟာ ဟိုးအရင်တွေ ကတည်းက ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခေတ်ဆန်း ပြန်ထတာ ကတော့ ၂၀၁၂ က ဖြစ်ပြီး ယခု ၂၀၁၃ မှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု
ပေးပါတယ်။

၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့

Photo: ၂ဝ၁၂-၂ဝ၁၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးနိုင်ခဲ့
Thursday, January 24, 2013

၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ
ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ၁၅-၁-၂ဝ၁၃ ရက်နေ့မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်းဖျက်ဆီးမှုများမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၄၆၆)ဧက၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၄၂.၅ဝ)ဧက၊ ဖယ်ခုံမြို့နယ်
အတွင်းရှိ ဘိန်းခင်း (၅၈)ဧက၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိန်းခင်း (၂၅)ဧက၊ လားရှိုးမြို့နယ် အတွင်းရှိ ဘိန်းခင်း (၂၉.၅ဝ)ဧက၊ တန့်ယန်းမြို့နယ်
အတွင်းရှိ ဘိန်းခင်း (၁၂၂.၅ဝ)ဧက၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိဘိန်းခင်း (၁၁.၁၅)ဧကနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်း (၁၂.၃ဝ)ဧက ပေါင်း (၈၆၆.၉၅)ဧက ထပ်မံ ဖျက်ဆီးနိုင်ခဲ့ရာ ၁-၉-၂ဝ၁၂  မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၇၂၃၇၆.၇၅ ဧက (၂၉၂၉ဝ.၄၇)ဟက်တာ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Police Force၂ဝ၁၂-၂ဝ၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ဘိန်းခင်းများရှာဖွေ
ဖျက်ဆီးလျက်ရှိရာ ၁-၉-၂ဝ၁၂ ရက်နေ့မှ ၁၄-၁-၂ဝ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဘိန်းခင်း ၇၁၅ဝ၉.၈ဝ ဧက (၂၈၉၃၉.၆၂)ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။

ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့

ကေအိုင်အေမှ မရှီကထောင်ရဲကင်းအား မိုင်းပစ်ဖော်ခွဲခဲ့

ဖားကန့် ဇန်န၀ါရီ ၂၄ရက်
ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့  ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်းပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့ ၍ လုံခြုံရေး ယူနေသော ရဲတစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုးရတပ် စခန်း ကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ ဒေသခံ များက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေသခံမှ ပြောကြား ခဲ့သည်။
ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့ ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်း ပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတော ရပ်ကွက် လမ်းမှ ဆိုင်ကယ်ဖင့် ကေအိုင်အေ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့၍ လုံခြုံရေးယူနေသော ရဲ တစ်ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ရုရှား လေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ်

Photo: ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ
ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ရုရှား လေယာဉ် ၂ စီးအား
လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ်
Thursday, January 24, 2013

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ
ပြန်လည်ခေါ်ယူနိုင်ရန် အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့
စေလွှတ်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

မော်စကိုမြို့ အတွင်းရှိ Domodedovo လေယာဉ်ကွင်းမှ Yak-42
လေယာဉ်သည် မွန်းလွှဲပိုင်း၌ ထွက်ခွာခဲ့ပြီး မိနစ်အနည်းငယ်တွင် Ramenskoye လေယာဉ်ကွင်းမှ II-76 လေယာဉ်သည် လက်ဘနွန်
နိုင်ငံသို့ ထွက်ခွာသွားကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီး ဌာန၏ ပြန်ကြားရေး ဌာနမှ Inter Fax သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ လေယာဉ် ၂ စီးသည် ဆီးရီးယား နိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဆန္ဒရှိသော ရုရှားလူမျိုး ၁ဝဝ နီးပါးအား ပြန်လည်ခေါ်ယူမည် ဖြစ်ပြီး ၎င်းခေါ်ယူမှုသည် အန္တရာယ်ရှိရာ အရပ်ကို စွန့်ခွာခြင်း မဟုတ်ကြောင်း ၎င်းဌာနက အလေးထား ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/5156-2013-01-23-15-27-42#.UQCVTO72usc

မြ၀တီ ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများ ပြန် လည်ခေါ်ယူနိုင်ရန်အတွက် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် ရုရှားလေယာဉ် ၂ စီးအား လက်ဘနွန်နိုင်ငံ Beirut မြို့တော်သို့ စေလွှတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ တိုးချဲ့ထုတ်လွှင့်

Photo: မြ၀တီရုပ်မြင်သံကြား Digital Set Topbox ၄ နေရာ ထပ်မံ
တိုးချဲ့ထုတ်လွှင့်
Thursday, January 24, 2013

မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

ယခင် Digital Set Topbox စနစ်ဖြင့် ဖမ်းယူ ကြည့်ရှုနိုင်သော မြို့ကြီးများမှာ နေပြည်တော် ၊ ရန်ကုန် ၊ စစ်ကိုင်း ၊ ချောက် ၊ တောင်ငူ ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် နှင့် မော်လမြိုင် မြို့ကြီးများ၏ မိုင် ၅၀ ပတ်လည်တွင် ဖမ်းယူ ကြည့်ရှုနိုင်ပြီး မြ၀တီ Digital Set Topbox စနစ်သည် လစဉ်ကြေး ၊ နှစ်စဉ်ကြေး များ ပေးသွင်းရန် မလိုဘဲ Free to Air TV လိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ မြ၀တီရုပ်မြင်သံကြား ၏ Digital Set Topbox စနစ်ဖြင့် ထုတ်လွှင့်မှု အစီအစဉ်များအား နေရာ (၄)နေရာ ထပ်မံ တိုးချဲ့ ထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထပ်မံ တိုးချဲ့ထုတ်လွှင့်သော မြို့များမှာ ပဲခူးမြို့ပေါ် ၊ မိတ္ထီလာ ၊ ပြင်ဦးလွင် နှင့် မုံရွာမြို့နယ်ရှိ ၂၃ ရပ်ကွက် နှင့် မြို့သစ်ရပ်ကွက် ၊ အိုးဖိုတောင် တို့တွင် ဖမ်းယူ ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

Photo: မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောကြား
Thursday, January 24, 2013

မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုအေအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား
နယ်စပ်တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်
ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို
ကာကွယ်ရန် ဥပဒေ စည်း မျဉ်းများ ထုတ်ပြန်ဆောင်ရွက်ပြီး
ဖြစ်ကြောင်း ဆိုသည်။

၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက် အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာနယ်စပ်တလျှောက်မှာ တည်
ငြိမ်မှု ရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်းရှာဖွေနိုင်မည်ဟု
မျှော်လင့်ပြီး ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းမှာ မှန်ကန်သော
ဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။

မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်း သွားရောက်ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဒေသတလျှောက်တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟောင်က ဆိုသည်။

REF: Peopledaily
The Myanma Age မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုင်အေ အား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား နယ်စပ် တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ငပလီတွင် နော်ဝေနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး

Photo: ငပလီတွင် နော်ဝေနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး
Thursday, January 24, 2013

သံတွဲမြို့၊ မြပြင်ကျေးရွာ AMATA ဟိုတယ်တွင် တည်းခိုလျက်ရှိသော နော်ဝေနိုင်ငံသား Mr. Stabursbik Airfinm သည် ဇန်န၀ါရီလ (၂၃) ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ဟိုတယ်ရှေ့ ပင်လယ် ကမ်းစပ်တွင် ရေကူးနေစဉ် ရေမြုပ်သေဆုံးသွားကြောင်းသိရှိရသည်။ Mr. Sta bursbik Airfinm သည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏အလောင်းအား သံတွဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ် သည်များ စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ သံတွဲမြို့၊ မြပြင်ကျေးရွာ AMATA ဟိုတယ်တွင် တည်းခိုလျက် ရှိသော နော်ဝေနိုင်ငံသား Mr. Stabursbik Airfinm သည် ဇန်န၀ါရီလ (၂၃) ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ဟိုတယ်ရှေ့ ပင်လယ် ကမ်းစပ်တွင် ရေကူးနေစဉ် ရေမြုပ်သေဆုံးသွားကြောင်း သိရှိရသည်။

အိန္ဒိယ အလှဆင် အထပ်သား ကုမ္ပဏီ လာရောက်လုပ်ကိုင်မည်

Photo: အိန္ဒိယ အလှဆင် အထပ်သား ကုမ္ပဏီ လာရောက်လုပ်ကိုင်မည်
Wednesday, January 23, 2013

အိန္ဒိယနိုင်ငံမှ အလှဆင် အထပ်သား ကုမ္ပဏီတခုဖြစ်သည့် Greenply Industries Ltd က မြန်မာ လက်အောက်ခံ ကုမ္ပဏီခွဲများမှ တဆင့် အိမ်ခန်းအလှဆင် အထပ်သား နှင့် ရိုးရိုး အထပ်သား ကုမ္ပဏီခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ဟု ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောဆိုလိုက်သည်။

ရုံးခွဲများ ဖွင့်လှစ်ရာတွင် လိုအပ်သည့် ထောက်ခံချက်များအတွက်
မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း The Hindu စီးပွားရေးသတင်းတရပ်တွင် ရေးသားသည်။

အဆိုပါ ကုမ္ပဏီသည် ရိုးရိုး အထပ်သားပြားများအပြင် အလတ်တန်းစား ဖိုက်ဘာ အထပ်သားပြားများနှင့် အလှဆင် အထပ်သားပြားများ၊ အိမ်ခန်းအလှဆင်သည့် ပလပ်စတစ်လောင်း ဖော်မေကာပြားများ ထုတ်လုပ်သည်။

Mizzima - News in Burmese အိန္ဒိယနိုင်ငံမှ အလှဆင် အထပ်သား ကုမ္ပဏီတခုဖြစ်သည့် Greenply Industries Ltd က မြန်မာ လက်အောက်ခံ ကုမ္ပဏီခွဲများမှ တဆင့် အိမ်ခန်းအလှဆင် အထပ်သားနှင့် ရိုးရိုးအထပ်သား ကုမ္ပဏီခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ဟု ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောဆိုလိုက်သည်။

Laptop တစ်လုံးပျောက်ဆုံးသွားခဲ့ရင်+Ph+ Tablet

Laptop ဆိုတာ ပျောက်ဖို့လွယ်ပါ့မလားလို့ မေးစရာရှိပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မေ့ခဲ့ရင် အခိုးခံ ခဲ့ရရင်နောက်ဆုံး ဗဟုသုတအနေနဲ့ မှတ်သားလို့ရတာပေါ့ကြိုတင်ဆောင်ရွက်ထားနိုင်တဲ့ အခမဲ့ ဆောဖ် ဝဲပါ Prey ဆော့ဝဲဟာ open source ဖြစ်ပြီး စွမ်းဆောင်ရည်အလွန်ကောင်းပါတယ် အခပေး Soft ware တွေလက်လန်ပါတယ်

ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad

ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad
Wednesday, January 23, 2013

အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများကို အသုံးပြုပြီး ထုတ်လုပ် ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူ တစ်ရွက် ကဲ့သို့ပင် ပါးလွှာ လှသည့် အဆိုပါ iPad ကို အလွယ် တကူ ကွေးညွှတ်၍ ရရန် ပလတ်စတစ်လောဂျစ် နည်းပညာကို အသုံးပြု ထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင် များက ရှင်းပြသည်။

အဆိုပါ iPad ကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show ပွဲမှာ ပြသ သွားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ Queen တက္ကလိုလ်ရှိ Human Media ဓာတ်ခွဲ ခန်းမှ စမ်းသပ် လိုက်သည့် စက္ကူတမျှ ပါးလွှာလှသော အဆိုပါ iPad ကို Paper Tab ဟု အမည် ပေးထားသည်။ ပလတ်စတစ် လောဂျစ် နည်းပညာသာ ခေတ်စား လာလျှင် အလွန်ပါး လွှာလှသည့် Ultra-Notebook များ နေရာမှာ ပင် အစားထိုး ဝင်လာ
နိုင်သည်ဟု နည်းပညာ ပါရဂူ ဗာတီဂယ်က သုံးသပ် ထားသည်။

Copy from...ကို ဦး......Yatanarpon
အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများ ကိုအသုံးပြုပြီး ထုတ်လုပ်ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူတစ်ရွက် ကဲ့သို့ပင် ပါးလွှာလှသည့် အဆိုပါ iPad ကို အလွယ်တကူ ကွေးညွှတ်၍ရရန် ပလတ်စတစ်လောဂျစ်နည်းပညာကို အသုံးပြုထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင်များက ရှင်းပြသည်။

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....

Credit-Mg Mandalay
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

Wednesday, January 23, 2013

၂၀၁၃ မော်ဒယ် Nissan GT-R

Photo: ၂၀၁၃ မော်ဒယ် Nissan GT-R
Wednesday, January 23, 2013

Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွာယ်တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။

၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အထိကို ပထမ မျိုးဆက် မော်ဒယ်ထုတ်လုပ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ အထိ Specification ပိုမိုအဆင့်မြင့်ထုတ်လုပ်
စေပါတယ်။ ၂၀၁၂ နောက်ပိုင်းထွက် GT-R ကတော့ ကမ္ဘာ့
ပြိုင်ကားလောကမှာ လူကြိုက်များ Sport car ဖြစ်လာ ပါတယ်။

ယခင် ၂၀၀၇ မော်ဒယ်တုန်းက အမြင့်ဆုံး Speed တစ်နာရီ ၁၉၀မိုင်ပဲရှိပါတယ်။ ၂၀၁၂ နောက်ပိုင်းထုတ်ရောက်မှသာ တစ်နာရီ မိုင် ၂၀၀ ပြေးတဲ့ GT-R များ ပေါ်ထွက် လာခြင်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်ကတော့ Nissan ကမူပိုင်ယူထုတ်လုပ်လျက်ရှိတဲ့ ၃.၈ လီတာ DHOC အင်ဂျင် ဖြစ်ပါတယ်။ ဆလင်ဒါ ၆လုံး V အင်ဂျင်ကို တာဘိုချာဂျာ နှစ်လုံးနဲ့ အားဖြည့်ထားတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်အား
ကောင်းပြီး လေးဘီးမောင်းစနစ်သုံး ကားဖြစ်ပါတယ်။ အင်ဂျင်ကို အရှေ့မှာ ထားပါတယ်။ တံခါး ၂ ပေါက် Sport car နဲ့ လေးယောက်စီး Seater ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ ဂီယာ ၆ချက်ထိုး အော်တို၊ လက်ထိုး
နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်။ အမြင့်ဆုံး Speed မိုင် ၂၀၀ အထိရောက်အောင် ထောက် ပံ့ပေးတဲ့ ခြောက်လုံးတပ် အင်ဂျင်ရဲ့ မြင်းကောင်ရေအားဟာ ၅၄၅ hp ရှိပါတယ်။

ကာဘွန်ဘော်ဒီသားသုံး ကားကို အလူမီနီယမ်တံခါးပေါက် များ တပ်ဆင်ပေးထား ပါတယ်။ ပေါ့ ပါးပြီး မြန်မြန်ပြေးအောင် Diffuser ကောင်းကောင်းနဲ့ လေမှ အားကိုလည်း အသုံးပြုအုံးမှာ
ဖြစ်ပါတယ်။ မှန်ကို ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့စနစ် ထည့်သွင်းထား ပါတယ်။ ဒါကတော့ အသုံးပြုတဲ့ ဖန်အမျိုးအစားကောင်း မွန်မှုကြောင့်
ဖြစ်ပါတယ်။

အရှည် ၁၈၃.၉ လက်မ၊ အကျယ် ၇၄.၉ လက်မ၊ အမြင့် ၅၃.၉ လက်မ အတိုင်းအတာရှိတဲ့ GT-R ရဲ့အရွယ်အစားဟာ အခြားပြိုင်ကားများ
လောက်တော့ မသေးပါဘူး။ အလေးချိန် ၁၇၄၀ ကီလိုဂရမ် ရှိပြီး လေးဘီးမောင်း စနစ်ဖြစ်တဲ့အတွက် အခြားပြိုင်ကားများ ထက် လေးနေခြင်း ဖြစ်ပါတယ်။ ကားဘော်ဒီ ဒီဇိုင်းက Skyline ကိုအခြေခံတယ်ဆိုပေမယ့် သူ့ထက် အများကြီး ပြောင်းလဲသွားတာကို
တွေ့ရပါတယ်။ ဂျပန် Animation ရုပ်ရှင်မှ စက်ရုပ်တစ်ကောင်ရဲ့
ဘော်ဒီ ကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Kit လို့ဆိုပါတယ်။

အော်တို မီးအဖွင့်အပိတ်၊ LED နေ့ည ထွန်းမီးသီး၊ ဘော်ဒီရှေ့ Spoiler, ပါဝင်ပါ ကားမှန်၊ ပေါလစ်ရှ်ဖုံး ငါးလက်မရှည် အိတ်ဇောပိုက် လေးခု၊
နောက်ဘက်ကင်မရာ၊ LCD တီဗီ၊ Navigation systerm စသည်ဖြင့် နည်းပညာအဆင့်မြင့် ပစ္စည်းအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့လူကြိုက်များ ကားစာရင်းဝင်ခဲ့ပြီး Sport type မှာလည်း ဒီထက်စွမ်းဆောင်ရည်မြင့်ကားတွေ ထုတ်လုပ် ထားပါသေးတယ်။ ၂၀၁၂ နောက်ပိုင်းထွက်မော်ဒယ် GT-R ကားများရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၉၆၀၀၀၀ နဲ့အထက်မှာ ရှိပြီး Black Edition ဆိုရင် ဒေါ်လာ ၁သိန်း ၃ သောင်းနဲ့အထက်မှာရှိမှာ ဖြစ်ပါတယ်။

Ref:Nissan
အောင်ခမ်း (TSJ team)
http://www.colayonline.com.mm/automobile/
TechSpace Journal Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွာယ်တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။

USB ပေါက်ထိုး၍ အေးစေမည့် ရေခဲသေတ္တာ

Photo: USB ပေါက်ထိုး၍ အေးစေမည့် ရေခဲသေတ္တာ
Wednesday, January 23, 2013

USB ပေါက်ထိုးလို့ အသုံးပြုတဲ့ ရေနွေးအိုးတွေ၊ ပန်ကာတွေ နဲ့ အခြားသော ပစ္စည်း အမျိုးမျိုးကို တော်တော်များများ သိရှိပြီး ဖြစ်ပါတယ်။

ဒီတစ်ခါမြင့်ရတဲ့ ပစ္စည်းလေးကတော့ တကယ့် အဆန်းလေး ပါ။ ရေခဲသေတ္တာ ငယ်လေး ဖြစ်ပြီး အတွင်းမှာ coke,Pepsi တို့လို သံဗူး အချိုရည် တစ်ဗူး ထည့်လို့ဆန့်ပါတယ်။ ပူအောင်လည်း စွမ်းဆောင်ပေးနိုင် ပါတယ်။ မိမိ PC, laptop ကို အသုံးပြုနေတုန်း USB ပလက်ပေါက် ထိုးထား ရုံပါပဲ။ သူ့အလိုအလျောက် အားဖြည့်ပြီး အအေးစက်က အလုပ်လုပ်နေ မှာ ဖြစ်ပါတယ်။

အေးအောင်တင်မကဘူး။ ပူအောင်လည်းလုပ်လို့ရပါတယ်။ ကော်ဖီတို့ ဘာတို့ကို နွေးစေဖို့ အတွက်လည်း ယင်း Fridge သေးသေးလေးကို အသုံးပြု နိုင်ပါတယ်။ ဆွစ်ဇာလန်က လုပ်တဲ့ Gadget ဆန်းလေး တစ်ခု ဖြစ်ပါတယ်။

Ref: techblog
Aung Kham (TSJ team)
Related Posts: USB ပေါက်ထိုးလို့ အသုံးပြုတဲ့ ရေနွေးအိုးတွေ၊ ပန်ကာတွေနဲ့ အခြားသော ပစ္စည်း အမျိုးမျိုးကို တော်တော်များများ သိရှိပြီး ဖြစ်ပါ တယ်။

ပေါက်ကွဲမှုကြောင့် ခေတ္တပိတ်ထားခဲ့သော မြန်မာ-အိန္ဒိယ နယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်

Photo: ပေါက်ကွဲမှုကြောင့် ခေတ္တပိတ်ထားခဲ့သော မြန်မာ-အိန္ဒိယ နယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်
Wednesday, January 23, 2013

တစ်ဖက်နိုင်ငံ၏ လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ထား
ခဲ့ရသော မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး ပုံမှန်အရောင်းအ၀ယ် ဖြစ်လာသည်ဟု နန်းဖာလုံဈေးသူဈေးသားများ၏
ပြောကြားချက်အရ သိရှိရပါသည်။

"ဟိုတလောက  အိန္ဒိယနိုင်ငံ မိုးရေးမြို့ထဲမှာ ဗုံးပေါက်ခဲ့လို့
ဈေးနှစ်ရက်လောက် ပိတ်ခဲ့ရတယ်။ အခုတော့ ဈေးက ပြန်ဖွင့်ပါပြီ။
ဈေးဝယ်လာတဲ့ ကားတွေလည်း လာပါပြီ။ အရောင်းအ၀ယ်ကတော့ သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီနေ့ ငွေလဲနှုန်းက အိန္ဒိယငွေ တစ်ရူပီးကို မြန်မာငွေ (၁၅ ကျပ် ပြား ၄၀) ပါ" ဟု နန်းဖာလုံဈေးမှ ဦးဝင်းသန်းက ဇန်န၀ါရီလ ၂၂ ရက်နေ့က ပြောကြားပါသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ရှိ နန်းဖာလုံဈေးသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်ခုနှစ်ခုမှ ဈေးဝယ်များကို အဓိကထား ရောင်းချသော ဈေးတစ်ခုဖြစ်သည်။ သို့သော်လည်း
နှစ်နိုင်ငံနယ်စပ် နန်းဖာလုံဈေး ပတ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု
ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရှိရပါသည်။

"အရောင်းအ၀ယ်က ဒီနှစ် သိပ်မကောင်းဘူး။ အဓိက အခက်အခဲက လုံခြုံရေးပါ။ ဒီဈေးဝန်းကျင်မှာမတည်ငြိမ်မှုတွေ ခဏခဏဖြစ်တော့
ဈေးအရောင်းအ၀ယ် ကျလာတယ်။ ဒီနယ်စပ်ဝန်းကျင်မှာ လုံခြုံရေးကောင်းမယ်ဆိုရင် ဈေးရောင်းဈေးဝယ်ကောင်းလာသလို နယ်စပ်ကုန်သွယ်မှုလည်း တိုးတက်လာမှာပါ။ ဒီနယ်စပ်က မြန်မာနိုင်ငံ
မှာရှိတဲ့ တခြားနယ်စပ်တွေထက် ဖွံ့ဖြိုးမှု အနည်းဆုံးနယ်စပ်တစ်ခုပါ။ ဒါပေမယ့် မှောင်ခိုလမ်းကြောင်း ကောင်းတော့လည်း တမူးမြို့ထဲမှာက တိုက်တွေ တစ်လုံးပြီးတစ်လုံး တိုးနေတာပေါ့။ တမူးမြို့ တိုးတက်တာ
မှောင်ခိုလမ်းကြောင်း ကောင်းလို့ပါပဲ" ဟု ဈေးသည်တစ်ဦးကလည်း
ပြောကြားခဲ့ပါသည်။

နယ်စပ်လုံခြုံရေး ကိစ္စများ ဆွေးနွေးရန်အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး A.K. Antony သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၂၁ ရက် နေ့တွင် နှစ်ရက်ကြာခရီးအဖြစ် လာရောက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ အွန်လိုင်းသတင်းများအရ သိရှိရသည်။

လက်နက်ကိုင် သောင်းကျန်းသူများသည် နှစ်နိုင်ငံနယ်စပ်တွင် လှည့်လည်နေထိုင်လေ့ရှိသည်ဟု သိရပြီး ကုန်သည်ကြီးများထံမှ ဆက်ကြေးကောက်ခံလေ့ ရှိသည်ဟုလည်း သိရသည်။

"မိုးရေးမြို့ထဲမှာက ကုန်သည်ကြီးတယ်ဆိုရင် ဆက်ကြေးပေးရတယ်။ ဆက်ကြေးမပေးနိုင်ရင် အလုပ်လုပ်ဖို့ မလွယ်ဘူး။ ကုန်သည်ကြီးတွေက ဒါ့ကြောင့် ဒီနယ်စပ်ကို မလာကြဘူး။ တကယ်လုပ်နိုင်တဲ့ ကုန်သည်ကြီးတွေ လာနိုင်တယ်ဆိုရင် ကုန်သွယ်ရေး တိုးတက်မှာပဲ။ ခုတော့ လုံခြုံရေး
မကောင်းတော့ ဘယ်ကုန်သည်မှ မလာဘူး။ နန်းဖာလုံဈေးထဲမှာ
ဈေးဝယ်နေတုန်းတောင် သူတို့က ပေါ်တင်တောင်းကြတာ။ သူတို့ကိုလည်း မလွန်ဆန်ရဲဘူး" ဟု မိုးရေးမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

Eleven Media Groupတစ်ဖက်နိုင်ငံ၏ လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ထားခဲ့ ရသော မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး ပုံမှန်အရောင်းအ၀ယ် ဖြစ်လာသည်ဟု နန်းဖာလုံဈေးသူဈေးသားများ၏
ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံတော် နှင့် တပ်မတော် ၏ သဘောထား အမှန်ကို သိမြင်၍ တောတွင်း လက်နက်ကိုင် အဖွဲ့များ ဆက်လက်၍ အလင်း ဝင်ရောက် လျက်ရှိ

Photo: နိုင်ငံတော် နှင့် တပ်မတော် ၏ သဘောထား အမှန်ကို သိမြင်၍ တောတွင်း လက်နက်ကိုင် အဖွဲ့များ ဆက်လက်၍ အလင်း ဝင်ရောက် လျက်ရှိ
Wednesday, January 23, 2013

လူသားမျိုးနွယ် တစ်ရပ်လုံး၏ အန္တရာယ် ဖြစ်သော မူးယစ်ဆေးဝါး ကင်းစင်ရေး အတွက် တာချီလိတ် နယ်မြေအတွင်း ဒေသခံ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းလျက် သတင်း ဖော်ထုတ် ပိတ်ဆို့ ရှင်းလင်း ခြင်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်က နယ်မြေခံ ပြည်သူ့စစ်နှင့် တပ်မတော် စစ်ကြောင်းများ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် မူးယစ် တရားခံ စိုင်းနော်ခမ်း အဖွဲ့မှ လက်ကျန် ကျဟဲ ဦးစီး ၅ဦးနှင့် ထိတွေ့မှု ဖြစ်ပွားပြီး ၎င်းနေရာ တစ်ဝိုက် အား အသေးစိတ် ရှင်းလင်း ခဲ့ရာ ခေါင်းဆောင်ဟု ယူဆရသည့် ကျဟဲအား ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အမ်- ၇၉ ဗုံးသီး ၁၇ လုံး နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ပြီး WY စာတမ်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၅ဝဝ ပြားပါ အထုပ် တစ်ထုပ်၊ ရှေ့ထွက်မိုင်း ကြိုးခွေ (၁ဝဝ) ပေ အရှည် ၃ ခွေ၊ ၄ဝ မမ ဗုံးသီး ၈ လုံး၊ နိုကီရာ ဖုန်း မိုင်း ၆ လုံး၊ ဒေသန္တရ လက်လုပ် သံကိုယ်ထည် မိုင်း ၁ လုံး၊ တီအင်န်တီ ယမ်း ဝ.၂၅ ပိုင်း ကီလို ၂ တုံး၊ ကန့်မှုန့် ဝ.၅ ကီလို ၁ ထုပ်၊ လျှပ်စစ် စနက်တံ ၆ ခု၊ ပေ ၁၅ဝ ရှည် အဖြူရောင် ဝါယာကြိုးခွေ ၁ ခွေ၊ အမ် -၂၂ ကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၈၄ တောင့်၊ ကျည်ကာ အင်္ကျီ ၁ ထည် သိမ်းဆည်း ရမိသည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့ များနှင့် မူးယစ် ဆေးဝါး အန္တရာယ်ကို မုန်းတီး ကြသည့် ပြည်သူ လူထုများ ပေါင်း၍ အဆက်မပြတ် ဖိအား ပေးမှုကြောင့် သောင်းကျန်းသူ ကျဟဲ အဖွဲ့မှ အဖွဲ့ဝင် ဖြစ်သူ နမ့်ဖုန်း ရွာသား ကျကွဲသည် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီတွင် ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်ဖြင့် လည်းကောင်း၊ ဇန်နဝါရီ ၂ဝ ရက်၊ ညနေ ၄ နာရီ ခွဲတွင် ကျန် အဖွဲ့ဝင်များ ဖြစ်သည့် ကျတီခဲ၊ ပါနတ်၊ ကျဘူရှီး နှင့် မချော်ကဲတို့ ၄ ဦးသည် လည်းကောင်း တပ်မတော် စစ်ကြောင်း ရှိရာသို့ အလင်းဝင် ရောက်ခဲ့သည်။ Geneva Conventions of August 12 th., 1949, Article III , Conflicts not of an international Charcter I and II နှင့်အညီ တပ်မတော် စစ်ကြောင်းက စောင့်ရှောက် ပေးထားကြောင်း သတင်း ရရှိသည်။

အလင်းဝင် ဖော်ထုတ်ချက် အရ ညနေ ၅ နာရီ ခွဲတွင် ကာဘိုင် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျည် ၈ တောင့်၊ အမ်- ၇၉ လောင်ချာ ၁ လက်၊ အေကေ - ၄၇ (၅)လက်၊ ၎င်းကျည်အိမ် ၅ ခုနှင့် ကျည် ၂ဝ၅ တောင့်၊ ၄ဝ မမဗုံးသီး ၈ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ တီအင်န်တီယမ်း ဝ.၂၅ ပေါင် ၁ တုံး၊ လျှပ်စစ် စနက်တံ ၃ ခုနှင့် မိုင်းကြိုး ၁ဝဝ ပေအရှည် ၂ ခွေ၊ အာပီဂျီ ၁ လက်၊ ၎င်းဗုံးသီး ၂ လုံး၊ ပို့ကျည် ၁ တောင့် တို့အား ဖော်ထုတ် သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

http://www.myawady.net.mm/allnews/headline/item/5132-2013-01-23-13-01-43#.UP-cwJ28B8E

မြ၀တီလူသားမျိုးနွယ် တစ်ရပ်လုံး၏ အန္တရာယ် ဖြစ်သော မူးယစ်ဆေးဝါး ကင်းစင်ရေး အတွက် တာချီလိတ် နယ်မြေအတွင်း ဒေသခံ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းလျက် သတင်းဖော်ထုတ် ပိတ်ဆို့

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်

မရမ်းကုန်း ၁ ရပ်ကွက်၊ ၄ လမ်းသွယ် မီးလောင်မှု ဖြစ်ပွား

Photo: မရမ်းကုန်း ၁ ရပ်ကွက်၊ ၄ လမ်းသွယ် မီးလောင်မှု ဖြစ်ပွား
Wednesday, January 23, 2013

မရမ်းကုန်းမြို့နယ် ၊ ၁ရပ်ကွက် ၊ ၄ လမ်းသွယ် တွင် လောင်ကျွမ်းခဲ့သည့်
မီးမှာ ယနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မီးလောင်မှု မှာ အိမ်တွင် အသုံးပြုသော အင်ဗာတာ အပူလွန်ကဲ၍ ဂတ်စ်အိုး ကို ကူးစက်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း မီးလောင်ပြင် တွင် ရောက်ရှိနေသော မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“လမ်းက အရမ်းကျဉ်းတယ် ၊ မီးသတ်ကား တစ်စီးပြီးမှ တစ်စီးဝင်ရတယ်။’’
မျက်မြင်တွေ့ရှိသူ ဦးကံဇော် က ပြောသည်။

အဆိုပါ မီးမှာ ယနေ့နေ့လည် ၁၂ နာရီ ၄၅ မိနစ် တွင် စတင်လောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁နာရီ ၂၅ မိနစ် တွင် မီးငြိမ်းကြောင်း မျက်မြင်တွေ့သူများ၏
ပြောကြားချက်အရ သိရသည်။

The Voice Weeklyမရမ်းကုန်းမြို့နယ် ၊ ၁ရပ်ကွက် ၊ ၄ လမ်းသွယ် တွင် လောင်ကျွမ်းခဲ့သည့်
မီးမှာ ယနေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

ရုရှားလက်နက်ရောင်းချမှု ၂၀၁၂ မှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိ

Photo: ရုရှားလက်နက်ရောင်းချမှု ၂၀၁၂ မှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိ
Wednesday, January 23, 2013

ရုရှားနိုင်ငံဟာ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့
အလယ်ပိုင်း နိုင်ငံတွေကို ၂၀၁၂ ခုနှစ် အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့တယ်လို့ The New Indian Express သတင်း တရပ်တွင် ဖော်ပြထားပါတယ်။ “ရှေးဦး ရေတွက်တာတွေ အရ နိုင်ငံတကာကို လက်နက် တင်ပို့  ရောင်းချတာ ၁၅.၁၆ ဘီလီယံ
လောက် ရှိပါတယ်။

ဒီ ပမာဏဟာ ကျနော်တို့ရဲ့ မူလရည်ရွယ်တာရဲ့ ၁၁၁.၈ရာခိုင်နှုန်း
ဖြစ်ပါတယ်”လို့ ရုရှား စစ်ရေးနည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး
ဖက်ဒရယ် အကြီးအကဲ Alexander Fomin က အဆိုပါသတင်းမှာ
ပြောထားပါတယ်။

၂၀၁၁ ခုနှစ် ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်နက် ၁၃.၂ ဘီလီယံဖိုး
ရောင်းချခဲ့ပြီး အမေရိကန်ပြီး လျှင် ဒုတိယ ကမ္ဘာ့ လက်နက်အများဆုံး
ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် အထွေထွေ နိုင်ငံခြားပို့ကုန်တွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ကစပြီး
၃ ဆလောက် ပိုများပြား လာတာပါ” ဟု ၎င်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အပါအ၀င် မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့
အလယ်ပိုင်း ဒေသရှိ နိုင်ငံတွေဟာ ရုရှားနှင့် လက်နက်ရောင်းဝယ်ရေး ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြပါတယ်။

ဧရာဝတီ ရုရှားနိုင်ငံဟာ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံတွေကို ၂၀၁၂ ခုနှစ် အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့တယ်လို့ The New Indian Express သတင်း တရပ်တွင် ဖော်ပြထားပါတယ်။ “ရှေးဦး ရေတွက်တာတွေ အရ နိုင်ငံတကာကို လက်နက် တင်ပို့ ရောင်းချတာ ၁၅.၁၆ ဘီလီယံ
လောက် ရှိပါတယ်။

ဆန်ဈေးနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေသည့် မော်တင်ဆန်ဈေးကွက်

Photo: ဆန်ဈေးနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေသည့် မော်တင်ဆန်ဈေးကွက်
Wednesday, January 23, 2013

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်အတွင်း၌် ဆန်ကြမ်း၊ဆန်ချောနှင့်
ဆန်ကွဲဈေးနှုန်းများ  အနည်းငယ်ကျဆင်းမှုနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေကြောင်း မော်တင်၊ဆန်စပါးကုန်စည်ဒိုင်ရှိ  ဆန်ကုန်သည်များ
ထံမှ သိရသည်။

“အခု ဘယ်ဆန်မှ အရောင်းမသွက်ဘူး။ ဆန်ဈေး၊ဆန်ကွဲဈေး ကျသွားတယ်။ မြ၀တီလမ်းက သွားလို့မရတော့ ၊ မ၀ယ်ကြဘူး။ တရုတ်သမားတွေလည်း မ၀ယ်တော့ ဆန်ကွဲဈေးကွက်က ဆင်းသွားတယ်။ နိုင်ငံခြားဈေးကွက်က ဈေးချပြီး ၀ယ်တယ်လို့ ကြားတယ်၊ ဒီတော့ ဒီမှာလည်း ဈေးကျတာပေါ့။” ဟု မော်တင် ဆန်စပါးကုန်စည်ဒိုင်၊ ကျိုက်လတ်လိုင်းမှ  ဦးသိန်းညွှန့်က ပြောသည်။

လက်ရှိ ဈေးကွက်အတွင်း ဆန်ကြမ်း (ဇီယာ၊နှံကား)တစ်အိတ်လျှင် ကျပ်၁၅၂၀၀ကျော်မှ ကျပ် ၁၄၅၀၀ မှ ၁၄၈၀၀ ၀န်းကျင် ၊  ပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင်  ငွေကျပ် ၂၁၀၀၀ မှ ၁၉၅၀၀ ၀န်းကျင်၊ ပေါ်ဆန်းရှယ်
တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ မှ ၂၁၀၀၀ သို့ ၄င်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၀၈၀၀ အထိပျမ်းမျှဈေးတတ်သွားသော်လည်း လက်ရှိတွင် ကျပ် ၉၅၀၀ မှ ၁၀၅၀၀ အကြားရှိပြီး အချောတစ်အိတ်လျှင် ပျမ်းမျှ ၁၁၀၀၀ဈေးရှိကြောင်း သိရသည်။

“အခုရက်ပိုင်းမှာဆန်ဈေး တော်တော်ပြန်အေးသွားတယ်။ ၅ ရက်လောက်ရှိပြီ။ ဒီနှစ်နွေစပါးက တောင်သူတွေ ပေါ်ဆန်း အစိုက်များတယ်။ အကြမ်းကို လျှော့စိုက်ကြတယ်။ ဆန်ချောတွေ များ နေတဲ့အတွက် ဈေးကွက်က ထပ်အေးနေအုံးမှာပဲ” ဟု OK သန်းထွန်း (မော်ကျွန်းလိုင်း ခေါင်းဆောင်) မှဆိုသည်။

ဇန်န၀ါရီလ(၁၁)ရက်နေ့၌ ၂၅ မှတ်ဧည့်မထ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၁၈၀၀ မှ ၁၂၅၀၀ ၀န်းကျင်၊ ဧည့်မထထိပ်စရှယ်  ငွေကျပ် ၁၄၆၀၀ မှ ၁၅၅၀၀ အထိမြင့်တက်လာပြီး၊ ရာကျော်ဆန် တစ်အိတ်လျှင် ၁၂၀၀၀ မှ ၁၂၅၀၀ အတွင်း၊ ပေါ်ကျွဲတစ်အိတ်လျှင် ငွေကျပ် (၁၇၀၀၀)မှ(၁၇၅၀၀) ၀န်းကျင်၊ ပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ငွေကျပ်(၁၉၀၀၀)မှ (၂၃၅၀၀)၀န်းကျင်သို့ ရောက် ရှိနေခြင်းဖြစ်ကြောင်း ရန်ကုန်ဆန်ဈေးကွက် အတွင်းမှ သိရသည်။

“လက်လီဆိုင်တွေက လကုန်ပိုင်းတွေဆို အရောင်းပါးတာပေါ့။
လဆန်းပိုင်းပဲ သွက်တယ်။ စားသုံးသူ အများဆုံးဝယ်တာတော့
ပေါ်ဆန်း(အသစ်)တစ်ပြည် ၁၁၀၀၊ ၁၂၀၀ တန်ဆန်ပါ။ ဒါတောင်
အခု ဆန်ဈေးကနည်းနည်းပြန်ကျသွားတယ်ဆိုပေမယ့်
ဈေးမြင့်နေသေးတယ်လို့ ပြောလို့ရတယ်” ဟု ဆန်ကုန်စည်ဒိုင်မှ ဒေသခံတစ်ဦးက ဆိုသည်။

မိုးမြင့်ကျော် (မြစ်မခ)
Myit Makha Mediagroupယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်အတွင်း၌် ဆန်ကြမ်း၊ဆန်ချောနှင့်
ဆန်ကွဲဈေးနှုန်းများ အနည်းငယ်ကျဆင်းမှုနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေကြောင်း မော်တင်၊ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်များ
ထံမှ သိရသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထား အမှန်ကို သိမြင်၍ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် တစ်ဦး အလင်း ဝင်ရောက်ခဲ့

Photo: နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထား အမှန်ကို သိမြင်၍ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် တစ်ဦး အလင်း ဝင်ရောက်ခဲ့
Wednesday, January 23, 2013

ကချင် ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို
နှောင့်ယှက် ဖျက်ဆီးလျက် ရှိသည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ အဓမ္မ လုပ် ရပ် များကို လက်မခံလိုသည် KIA တပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်း များသို့ အဆက်မပြတ် အလင်း ဝင်ရောက်လျက် ရှိသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနား မြို့နယ်၊ တာလောကြီး ကျေးရွာရှိ တပ်မတော် စစ်ကြောင်း တစ်ခုသို့ KIA တပ်မဟာ ၅ မှ ကိုယ်ပိုင် အမှတ်၊ အေ-၅ဝ၁၃၄ တပ်သား နိုင်ဝင်း (၃၂)နှစ် (ဘ) ဦးလော့လီ (ရှမ်း/ဗုဒ္ဓ) သည် လက်နက်မဲ့ အလင်း ဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ KIA တပ်သား နိုင်ဝင်းသည် တာလောကြီး ရွာတွင် မိဘများနှင့် အတူ တောင်ယာ လုပ်ကိုင် နေစဉ်၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းမှ KIA အဖွဲ့ ၏ အဓမ္မ ဖမ်းဆီး ခြင်းကို ခံခဲ့ရပြီး KIA အဖွဲ့ အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွား ရာတွင် ရွှေမှော်များ၊ ကျောက်စိမ်း တွင်းများမှ လူသစ်စု ခံရသူ များနှင့် ကျပန်း လုပ်ကိုင် သူများအား ရှေ့တန်းမှ အသေခံ ခိုင်းခြင်း၊ လူမျိုးရေး ခွဲခြား ဆက်ဆံခြင်း၊ ရိက္ခာ လုံလောက်စွာ မရခြင်းနှင့် လစာ မရရှိခြင်း တို့ကြောင့် စိတ်ရှုပ်ထွေး ကျပ်တည်းပြီး ယခုကဲ့သို့ အလင်းဝင် ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် ရရှိသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၂ ရက်နေ့အထိ KIA အလင်းဝင် ၆၃ ဦးရှိပြီး ထပ်မံ၍ အလင်း ဝင်ရောက်ရန်လည်း ရှိသေးကြောင်း သိရှိရသည်။ အလင်းဝင် KIA တပ်ဖွဲ့ဝင်အား တပ်မတော် စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ များမှ Geneva Conventions of August 12th, 1949, Conflicts not of an international character Article 3(I) and (II) နှင့် အညီကောင်းမွန်စွာ
စောင့်ရှောက် ထားကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/5120-2013-01-23-10-14-46#.UP-TlO72usc

မြ၀တီကချင် ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည့် KIA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့၏ အဓမ္မလုပ်ရပ်များကို လက်မခံလိုသည် KIA တပ်ဖွဲ့ဝင်များ သည် တပ်မတော်စစ်ကြောင်းများသို့ အဆက်မပြတ် အလင်း ဝင်ရောက်လျက် ရှိသည်။

စစ်တွေပင်စင်စားများ Smart Card ဖြင့် ငွေထုတ်နိုင်

Photo: စစ်တွေပင်စင်စားများ Smart Card ဖြင့် ငွေထုတ်နိုင်
Wednesday, January 23, 2013

ရခိုင်ပြည်နယ်အတွင်းရှိ  အငြိမ်းစားဝန်ထမ်းဟောင်းများအနေဖြင့်
ငွေထုတ်ယူရာတွင် လွယ်ကူရန် မြန်မာ့စီးပွားရေးဘဏ်( စစ်တွေ) မှ
Smart Card ဖြင့် ငွေထုတ်ပေးနေပြီဖြစ်သည်။

အငြိမ်းစားဝန်ထမ်းများအား E-pension စနစ်  Smart Card ဖြင့် ဇန်န၀ါရီ (၂၁)ရက်နေ့က စ၍ ထုတ်ပေးနေခြင်းဖြစ်သည်။

“အသက်ကြီးတဲ့ ပင်စင်စားတွေ အတွက် Smart Card နဲ့ဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ နဲ့ ထုတ်ပေးတာပါ။  အရင်ကဆိုရင် ပင်စင်ထုတ်ရင် နှစ်ခါ လာရတယ်။ အခုက ရုံးချိန်အတွင်းဘယ်အချိန်မဆို လာထုတ်လို့ ရပါတယ်ဆိုတော့ ပင်စင်စားတွေ နှစ်ခါလာဖို့ မလိုတော့ဘူး အများကြီး သက်သာတယ်”ဟု စစ်တွေခရိုင် ဘဏ်မန်နေဂျာ ဦးဘကျော်တင်က ပြောသည်။

အဆိုပါကဒ်ဖြင့် လူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၃၅၀၀)ခန့်ရှိပြီး လက်ရှိတွင် လူဦးရေ(၁၅၀၀)ကို အဆိုပါ Smart Card ဖြင့်ပြုလုပ်ပေးထားပြီဟု သိရသည်။

“ ဒီလ ၂၁ ရက်နေ့က အငြိမ်းစားဝန်ထမ်းတွေကို Smart Card နဲ့ ငွေထုတ်ပေးပါတယ်။ လူတိုင်း အတွက်တော့ မဟုတ်သေးဘူး ပင်စင်စားတွေအတွက်ပဲ  ထုတ်ပေးပါသေးတယ်။’’ဟု အဆိုပါ အရာရှိ က ပြောသည်

အငြိမ်းစားများ အနေဖြင့် ၄င်းတို့၏ လစာငွေများထုတ်ယူရာတွင်  ယခင်လို စာအုပ်ဖြင့် ထုတ်စရာမလိုသည့် အပြင်   လျှောက်လွှာတင်စရာလည်း မလိုဘဲ အဆိုပါ Smart Card ဖြင့် ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။

“အသက်ကြီးတဲ့ ပင်စင်စားတွေ သက်သာတာပေါ့။ အချိန်ကြန့်ကြာမှုလဲ မရှိတော့ဘူး။ အရင်ကဆို လျှောက်လွှာတင်ရတာတို့၊ ဘာတို့လုပ်ရ
သေးတယ်။ အခုဆိုရင် တစ်တည်းတန်းထုတ်လို့ရတယ်။ အချိန်လဲ
မကြာတော့ဘူး။” ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် အငြိမ်းစား ဝန်ထမ်း သုံးရာကျော်  လာရောက်ငွေထုတ်
ယူပြီးဖြစ်ကြောင်း သိရသည်။

မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup ရခိုင်ပြည်နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းဟောင်းများ အနေဖြင့် ငွေ ထုတ်ယူရာတွင် လွယ်ကူရန် မြန်မာ့စီးပွားရေးဘဏ်( စစ်တွေ) မှ Smart Card ဖြင့် ငွေထုတ်ပေးနေပြီဖြစ်သည်။

အဆိုတော် ရှာကီရာ သားဦးလေး မွေးဖွား

Photo: အဆိုတော်ရှာကီရာ သားဦးလေး မွေးဖွား
Wednesday, January 23, 2013

ကိုလံဘီယာ Popဂီတ အဆိုတော် ရှာကီရာသည် ယခုအခါ သားဦးလေး
အောင်မြင်စွာ မွေးဖွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ အီတလီ၏ ဖက်ရှင်မြို့တော် အမည်ဖြစ်သည့် မီလန်ဆိုသော စကားလုံးကို
ရှာကီရာနှင့် သူမ၏ချစ်သူ ဘာစီလိုနာ ဘောလုံးသမား ဂျရတ်ပီကေးတို့က ကလေးငယ်အတွက် ရွေးချယ်ပေးခဲ့သည်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် မီလန်ကို အင်္ဂါနေ့က ဖွားမြင်ခဲ့ကြောင်း ရှာကီရာ၏ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ "မီလန်ဆိုတဲ့ စကားဟာ ဆလာဗစ် ဘာသာအရ မြတ်နိုးသဒ္ဓါမှု၊ ရှေးဟောင်း ရိုမန် ဘာသာအရ ထက်သန်ပြီး အားစိုက်မှု၊ ဆန်စကာ့တ် ဝေါဟာရအရ တစ်သားတည်း
ပေါင်းစည်းမှု ဆိုတဲ့ အဓိပ္ပါယ်တွေ ထွက်ပေါ်စေပါတယ်"ဟု ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

Planet Myanmar Network ကိုလံဘီယာ Popဂီတ အဆိုတော် ရှာကီရာသည် ယခုအခါ သားဦးလေး
အောင်မြင်စွာ မွေးဖွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ အီတလီ၏ ဖက်ရှင်မြို့တော် အမည်ဖြစ်သည့် မီလန်ဆိုသော စကားလုံးကို ရှာကီရာနှင့် သူမ၏ချစ်သူ ဘာစီလိုနာ ဘောလုံးသမား ဂျရတ်ပီကေးတို့က ကလေးငယ်အတွက် ရွေးချယ်ပေးခဲ့သည်။

ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်

Photo: ဟိုပင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲနှုန်း အမြင့်ဆုံးရောက်
Wednesday, January 23, 2013

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး
သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။

သုံးစွဲသူများသည် အသက် (၂၀) ၀န်းကျင်ခန့်ရှိသည့် လူငယ်လူရွယ်
အများစုဖြစ်ပြီး လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

“အခုသုံးစွဲမှုက ကျောင်းသားတွေကြားမှာပါပျံနှံ့နေတယ်။ ကျောင်းသားတွေရဲ့ပညာရေးတွေကိုလည်း ထိခိုက်တယ်။”ဟု   ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

ဟိုပင်မြို့၊ ကုလားကုန်း၊ သရက်ချောင်း၊ သဲဖြူချောင်း စသည့် ရပ်ကွက်တို့တွင် သုံးစွဲသူများနှင့် ချိတ်ဆက်ကာ ရောင်းချကြသည်ဟု သိရသည်။

“အရင်တုန်းက မူးယစ်ရောင်းတဲ့သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးသေးတယ်။ အဲ့တုန်းက သုံးစွဲသူရော ရောင်းချတဲ့သူကော လူဦးရေ (၁၀၀)
ကျော်လောက် ဖမ်းမိသွားတယ်။ အခုတစ်ခါ အဲ့ဒီနေရာတွေမှာ မူးယစ်ဆေးဝါးတွေ ပြန်ရောင်းနေသေးတယ်။” ဟု ဟိုပင်မြို့ ဒေသ
ခံတစ်ဦးက ပြောသည်။

ယခုအခါတွင် ကျောင်းသားများမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏
နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး
ထိခိုက်လျှက်ရှိပြီး မိဘများမှာလည်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေကစာမေးပွဲလည်း မအောင်တော့ဘူး။ မိုးညှင်းမှာ
ဆိုရင်လည်း ကျောင်းသားတွေက ငိုက်မျဉ်းနေကြတယ်။”ဟု ဦးသိန်းဝင်းက ပြောသည်။

ယခုလိုမူးယစ်ဆေးဝါးသုံးစွဲမှုများပြားနေရခြင်းမှာ သက်ဆိုင်ရာ
အာဏာပိုင်များအနေဖြင့် ဖမ်းဆီးအရေးယူမှု အားနည်းပြီး ကိုင်တွယ်မှု မထိရောက်သည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက
သုံးသပ်ပြောဆိုကြသည်။

“ဖမ်းတာကတော်တော်များတယ်။ ဖမ်းပြီးရင် တစ်ပါတ်ဆယ်ရက်
လောက်ပဲဖမ်းချုပ်ထားတယ်။အဲ့ရောင်းတဲ့နေရာတွေမှာရောင်းတဲ့
သူတွေက တုတ်တွေ၊ ဓားတွေကိုင်ပြီးတော့ စောင့်နေ ကြတယ်။”ဟု
ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်ဝင်းဦးက ပြောသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupမိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှဒေသခံလူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုမှာ (၇၅) ရာခိုင်နှုန်းခန့်ရှိပြီး ကျောင်းသားများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပျံနှံ့လျက်ရှိကြောင်း သိရသည်။

မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

Photo: မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်
Wednesday, January 23, 2013

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာပါဝင်သော သကြားဓာတ်ကြောင့် ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြ ထားသည်။

Himachal Pradesh University ဇီဝသိပ္ပံဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ်ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသောဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရတန်ဖိုးများ ကကျန်းမာရေး အာနိသင်ကိုပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ်မဆိုစလောက် နည်းပါးစွာပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကိုမဖြစ်စေကြောင်း၊သို့ သော် အန္တရာယ်ရှိသော၊အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်းမဟုတ်ဘဲပြည်သူ များ လွယ်လင့်တကူစားသုံးနိုင်သော
ကောက်ရိုးမှို၊တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာဆိုလိုခြင်းဖြစ်ကြောင်း ယခုစာတမ်းတွင်ဖော်ပြထားသည်။

လေ့လာမှုစာတမ်းတွင်ဖော်ပြထား ချက်အရ မှိုများတွင်အဆီဓာတ်မပါ ၀င်ကြောင်း၊ထို့ကြောင့်အ၀လွန်နေ သောဆီးချိုဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်းသိရှိရသည်။

ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာ နှင့် HIV အပေါ်အကျိုး
သက်ရောက်မှုကို ဆက်လက်လေ့လာနေကြောင်း၊ဆေးဘက်ဝင်
အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည်အစား ရှောင်နေရသော ဆီးချိုဝေဒနာရှင်များကို အဆင်ပြေစေမည်ဟု Dr. TN Lakhanpal ကပြောကြားခဲ့သည်။

Dr. TN Lakhanpal က ယခုလေ့လာမှုစာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယသိပ္ပံပညာ ကွန်ဂရက်တွင်တင်ပြထားခြင်း ဖြစ် သည်။

သက်နှင်း
Ref: IANS
Health Updates Journalမှိုများသည် ၎င်းတို့တွင် နည်းပါးစွာပါဝင်သော သကြားဓာတ်ကြောင့် ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ် တွင် ဖော်ပြ ထား သည်။

လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်

Photo: လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍
အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်
Wednesday, January 23, 2013

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ
ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာ ယာဉ်ရပ်နား ကောက်ခံခြင်း အစီအစဉ်ကို ရပ်ဆိုင်း
သွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်း ရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ
ဖြစ်ပါတယ်။ အခု ယာဉ်ရပ်နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူ
တွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ်နားခွင့်
ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ
ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။

ယင်းသို့သော အခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
အောက်တိုဘာက  ရန်ကုန်မြို့တွင်း အခမဲ့ယာဉ် ရပ်နားနိုင်သည့်
နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
(မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
(သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ်(ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီ
လမ်းကြား)တို့ကို  ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့်  ယာဉ်ရပ်နားဇုန်အချို့

(၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
(၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
(၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
(၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
(၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
(၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
(၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)

Eleven Media Group ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်
Wednesday, January 23, 2013

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။

Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့်
အချက် ကို လက်ခံထားကြသည်။

ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။
သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်း
ထည့်သွင်း ခဲ့ကြသည်။

ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်းသားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။

တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို
မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။

Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာ
သက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။

လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။

““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။

လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။

ဇော်ကို
Source: MDI
Health Updates Journal

Myanmar Online News ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံ ရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှုကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရ သိရ သည်။

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်

ဗန်းမော်၊ ဇန်န၀ါရီလ(၂၃)
ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ် ပြည်မှ ပစ္စည်းများကို တင်သွင်းရန် လမ်းကြောင်းများစွာ ရှိပါသည်။ သို့သော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများမှာ သွားလာလို့ မရဘဲ ရှိနေပါသည်။ ဗန်းမော်မြို့မှဆိုလျှင် ဗန်းမော်-လိုင်ဇာ လမ်း နှင့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း(၂)ခုကို အသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။

သို့သော် တိုက်ပွဲတွေကြောင့် ဗန်းမော်-လိုင်ဇာလမ်းကို အသုံးပြုခွင့် မရရှိ ဘဲ ဗန်းမော်-လွယ်ဂျယ်လမ်းကို အသုံးပြုပြီး ကုန်စည်များ သယ်ဆောင်မှုကို ပြုလုပ်နေကြပါသည်။ သို့သော် ယမန်နေ့က မိုးမောက်ဈေး အနီးတွင် KIA မှ ၎င်းလမ်းကြောင်းကို လုံးဝပိတ်လိုက်ပြီဆိုတဲ့ အကြောင်း ရေးထားသည့် ကြေငြာချက် တစ်စောင်အား တွေ့ရှိခဲ့ရပါသည်။ KIA မှ ကုန်စည်ပို့ဆောင်ဖို့ အတွက် ကျန်သည့် တစ်ခုတည်းသောလမ်းကြောင်းကို ပိတ်လိုက်သည့် အတွက် ဒေသခံများအတွက် များစွာ အခက်အခဲဖြစ်ပေါ်စေသည့်အပြင် မိမိတို့၏ ထွက်ကုန်များလည်း ပို့ဆောင်ခြင်း မရှိသည့်အတွက် ပျက်စီးမှုများ ရှိသလို ဒေသတွင်း တရုတ်ကုန်ပစ္စည်းများ ဈေးတက်လာမှုများ ဖြစ်ပေါ် လာနိုင် ပါသည်။ KIA ၏ လွယ်ဂျယ်လမ်းကြောင်းကို ပိတ်ပင်ခဲ့တာကြောင့် ဒေသခံများအတွက် အခက်အခဲများစွာ ဖြစ်မည်ဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ဦး၏ အဆိုအရ သိရှိရပါသည်။ ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ် ပြည်မှပစ္စည်းများကိုတင်သွင်းရန် လမ်းကြောင်းများစွာရှိပါ သည်။ သို့သော် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများမှာသွားလာလို့မရဘဲရှိနေပါသည်။ ဗန်းမော်မြို့မှ ဆိုလျှင် ဗန်းမော်-လိုင်ဇာလမ်း နှင့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း(၂)ခုကိုအသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ

ရွှေကူ၊ ဇန်န၀ါရီလ(၂၃)
ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ စစ်ပွဲများ ဖြစ်ပွား ပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ-ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

သစ်သယ်ဆောင်သော လမ်းကြောင်းတစ်လျောက်တွင် ကေအိုင်အေ မှ လက်နက်များဖြင့် စောင့်ဆိုင်း နေပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ကေအိုင်အေမှ တိုက်များ ဖြစ်ပွားနေသည့်အတွက် စစ်အသုံးစရိတ် အတွက် လိုအပ်သော ငွေကိုကချင်ပြည်နယ်မှ သယံဇာတများကို ထုတ်ယူပြီး ပြည်လည်ဖြည့်တင်း လျက်ရှိ ကြောင်းသိရှိရသည်။ ကေအိုင်အေမှ ကချင် ပြည်နယ်တိုးတက်ရေးအတွက် ပြုလုပ်မည်ဟု ကြွေးကြော်နေ သော်လည်း ကချင်ပြည်နယ်မှသယံဇာတများကို သူတို့ကိုယ်ကျိုး ကောင်းစားဖို့ အတွက် အသုံးပြုခြင်းနဲ့ ကချင်ပြည်သူတွေကို နှိပ်စက်ဖို့ အတွက် လက်နက် ၀ယ်ယူဖို့ အတွက် အသုံးချနေကြောင်း ရွှေကူးမှ ဒေသခံ တစ်ဦး၏ပြောပြချက် အရ သိရှိရသည်။ ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ် ကြိမ် ဆွေးနွေး ခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။

ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု နောက်ဆက်တွဲ သတင်း

Photo: ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု နောက်ဆက်တွဲ သတင်း
Wednesday, January 23, 2013

၂၀၁၃ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မှ သံတွဲသို့ ထွက်ခွာ လာသည့် ယာဉ်အမှတ် ၉ခ/၃၅၁၆၊ ယာဉ်မောင်း ဦးသန်းနိုင် မောင်းနှင် လာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက် နံနက် ၁ နာရီချိန်ခန့်တွင် နေပူတောင်အနီး၌ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပါသည်။

အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူ ကျား ၆ ဦး၊ မ ၆ ဦး၊ ကလေး မ ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ ဒဏ်ရာ ရရှိသူ ကျား ၂၈ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသူ ကျား ၁၆ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်ပါသည်။ ဒဏ်ရာရရှိသူ များအား တောင်ကုတ် ဆေးရုံသို့ အချိန်မှီ ပို့ဆောင် ကုသပေးလျက်
ရှိကြောင်း သိရှိရ ပါသည်။

အခင်းဖြစ်ပွားရာသို့ တပ်မတော် ဆေးတပ်ဖွဲ့မှ ဆေးမှူး ဗိုလ်ကြီး ဝင်းဗိုလ်ဦးစီး အင်အား ၂၅ ဦးခန့်နှင့် တောင်ကုတ် နာရေးကူညီမှုအသင်း၊ ကြက်ခြေနီ အသင်းအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဆေးကုသခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ
ဓာတ်ပုံ - Eleven Media Group၂၀၁၃ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် ယာဉ်အမှတ် ၉ခ/၃၅၁၆၊ ယာဉ်မောင်း ဦးသန်းနိုင် မောင်းနှင်လာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက် နံနက် ၁ နာရီချိန်ခန့်တွင် နေပူတောင်အနီး၌ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပါသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ

Photo: အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ
Wednesday, January 23, 2013

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင် မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ အော်ဒါ မှာယူခဲ့သော်လည်း
ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း၊ သို့သော်
ဆွေးနွေးနေဆဲသာဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် အဆင့်အထိ မရောက်သေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုပါသည်။

“အမေရိကန်က အော်ဒါ မှာတယ်ဆိုပေမယ့် Contract ထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အမြန်ဆုံး ဆိုရင်တောင် ငါးလပိုင်းလောက်မှ စ နိုင်မယ် ထင်တယ်။ သူတို့တွေက ဒီမှာ စက်ရုံထောင်ချင်တယ်။ လက်ရှိ ဒီမှာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိသေးတယ်။ လုပ်သား ဦးရေက တစ်သိန်းခွဲ လောက်ပဲ ရှိသေးတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။

ဂျပန်နိုင်ငံသို့ အဓိက တင်ပို့နေသည့် အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးကလည်း လက်ရှိစက်ရုံများတွင် လျှပ်စစ်မီးမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိသာ ရရှိကြောင်း၊ ထို့အတွက် နေ့ဆိုင်းသာ လုပ်ခွင့်ရပြီး ညပိုင်း လုပ်ခွင့်မရကြောင်း၊ လက်ရှိ အချိန်အထိ အထည်ချုပ် လုပ်ငန်းများသည် ရုန်းကန်နေရဆဲ အခြေအနေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် အမေရိကန် နိုင်ငံအပြင် ဥရောပ နိုင်ငံအချို့ စိတ်ဝင်စားနေကြပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ လုပ်အားခ နှုန်းထားများအပြင် စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေများကို အဓိက လေ့လာလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

အစိုးရသစ် လက်ထက် မူဝါဒ ပြုပြင်ပြောင်းလဲ လာမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ လိုသူများသည် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် စုံစမ်းလေ့လာမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ်အမှုဆောင်
ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အလားတူ လက်ဝါး အထည်ချုပ်စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာခင်မောင်အေးကလည်း “ပြည်တွင်း အထည်ချုပ် လုပ်ငန်းတွေမှာ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံအချို့ ၀င်ရောက်လုပ်ကိုင်ချင် တယ်ဆိုပြီး စုံစမ်းနေကြပါတယ်။ သူတို့ အဓိက သိချင်နေတာက အလုပ်သမား ဈေးကွက်နဲ့ လျှပ်စစ်မီး ရရှိမှုကိုပဲ။ အလုပ်သမားတွေရဲ့ လစာ၊ ကျွမ်းကျင်မှု၊ ပြီးတော့ စက်ရုံတွေရဲ့ ဓာတ်အားရရှိမှု အခြေအနေကို သူတို့ အဓိကထား စုံစမ်းကြတာ
တွေ့ရပါတယ်။ အခုပြည်တွင်းမှာ နိုင်ငံသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ အမည်ပြောင်း လျှောက်ထားမှုတွေ ပြုလုပ်နေကြတယ်လို့ သိရတယ်။ အသစ်လျှောက်တာဆိုလို့ တရုတ်တိုင်ပေနဲ့ တရုတ်ကုမ္ပဏီတွေ များနေတယ်” ဟု ရှင်းပြခဲ့ပါသည်။

ဆက်လက်ပြီး “အစိုးရသစ် လက်ထက်မှာ မူဝါဒ ပြောင်းလဲလာလို့ အထည်ချုပ် ကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီး
ဆွေးနွေးနေကြတယ်။ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်ကစပြီး GSP အခွင့်အရေး မရခဲ့တော့ မြန်မာပို့ကုန်တွေ ဥရောပကို သွားရင် အခွန်သက်သာခွင့် မရခဲ့ဘူး။ အခု နော်ဝေက GSP ပေးလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေ ကောင်းမွန်တဲ့ အနေအထား
ရောက်ရှိလာပြီလို့ ပြောနိုင်ပါတယ်” သုံးသပ်သည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်သည့်အတွက် မြန်မာပို့ကုန် လုပ်ငန်းရှင်များ နော်ဝေနိုင်ငံသို့ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးနှင့် မြန်မာပို့ကုန်များ နော်ဝေနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင် အခွင့်အလမ်း များပြားလာမှုနှင့်အတူ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာများလည်း ကြုံတွေ့ရလာ နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါသည်။

အမေရိကန်နိုင်ငံနှင့် ဥရောပ သမဂ္ဂနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ဖြေလျှော့ပေးခဲ့ပြီး ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား နည်းပညာ အကူအညီနှင့် အထောက်အပံ့ပေးခြင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် မြန်မာပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးရရှိစေမည့် အထည်ချုပ်လုပ်ငန်း အတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာ အကူအညီ ပေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ ဒေါ်ခိုင်ခိုင်နွယ်က “အရင်တုန်းက မြန်မာနိုင်ငံရဲ့ ပို့ကုန် တင်ပို့ခွင့်ကို အမေရိကန်က ကန့်သတ်ထားတယ်။ အခု မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့ခွင့်ကို အမေရိကန်က ဖြေလျှော့လိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အလားအလာ အရမ်းကောင်းမွန်တဲ့ အနေအထားကို ရောက်လာပါပြီ။ နောက်ပြီး အထည်ချုပ် ကဏ္ဍမှာ လာရောက်ရင်းနှီး မြှုပ်နှံချင်တယ်ဆိုပြီး ဆွေးနွေးနေကြတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဘဏ္ဍာနှစ်အလိုက် အထည်ချုပ်လုပ်ငန်းများ အခြေအနေ
စဉ်  ဘဏ္ဍာနှစ်  ပို့ကုန်  သွင်းကုန်  ကုန်သွယ်မှု
၁။  ၂၀၀၈-၂၀၀၉  ၃၈၉ ဒသမ ၀၉၀  ၂၈၁ ဒသမ ၇၁၉  ၆၇၀ ဒသမ ၈၀၉
၂။  ၂၀၀၉-၂၀၁၀  ၃၄၈ ဒသမ ၂၀၀  ၂၈၀ ဒသမ ၆၄၁  ၆၂၈ ဒသမ ၈၄၁
၃။  ၂၀၁၀-၂၀၁၁  ၄၅၄ ဒသမ ၁၈၁  ၃၈၂ ဒသမ ၄၀၉  ၈၃၆ ဒသမ ၅၉၀
၎။  ၂၀၁၁-၂၀၁၂  ၅၇၀ ဒသမ ၉၉၂  ၄၃၄ ဒသမ ၈၉၇  ၁၀၀၅ ဒသမ ၈၈၉
၅။  ၂၀၁၂-၂၀၁၃ (သြဂုတ်လအထိ)  ၂၇၂ ဒသမ ၇၈၁  ၂၂၃ ဒသမ ၆၇၉  ၄၉၆ ဒသမ ၄၆၀

Eleven Media Groupအမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင် မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် သာတူညီမျှ ရှိရေး ဘားရက် အိုဘားမား လှိုက်လှိုက်လှဲလှဲ တောင်းဆို

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အား ဆက်လက် တာဝန်ယူ ဆောင်ရွက်ရန် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် သာတူညီမျှ ရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရ သည်။

ထို့အပြင် အိုဘားမားသည် နိုင်ငံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းများ တွင်လည်း အဖျက်အမှောင့် ပြုလုပ်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်ဟု သတိပေး ပြောကြားခဲ့ သည်။ အိုဘားမားသည် ထပ်မံ တာဝန်ယူ ဆောင်ရွက်ရမည့် သမ္မတ သက်တမ်း လေးနှစ် အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီးနောက် ဝါရှင်တန် အမျိုးသား အဆောက် အအုံတွင် ပြည်သူ ထောင်ပေါင်း များစွာကို နှုတ်ဆက် စကားများ ပြောကြား ခဲ့သည်။ ထို့နောက် ၎င်း၏ ရှေ့လုပ်ငန်းစဉ် သစ်များ နှင့် ပတ်သက်သည် များကိုလည်း အရိပ်အမြွက် ပြောကြား ထားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံ အမှန်တရားများ အပေါ် အခြေပြု ထားမှု၊ လက်ရှိ သဘောထား ကွဲလွဲမှု များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆိုင်ရာ နည်းစနစ် များအား မည်သို့ ပြန်လည် ညှိနှိုင်း စေ့စပ် ရမည်ကို အကြံပြု ပြောကြား ရာ၌လည်း အမေရိကန်၏ ၄၄ ယောက်မြောက် ဖြစ်သော သမ္မတ အိုဘားမားက ''We The People" ဟူသော စကားလုံးကို ထပ်တလဲလဲ ပြောကြား သွားခဲ့ကြောင်း သိရသည်။

အိုဘားမား မိန့်ခွန်း ပြောကြားသည့် အခမ်း အနားသို့ ယခင် သမ္မတ ဟောင်းများ ဖြစ်သော ဘီလ်ကလင်တန် နှင့် ဂျင်စ်မီကာတာ တို့သည် အထက်လွှတ်တော် အမတ်များ၊ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များနှင့်အတူ တက်ရောက် ခဲ့ကြသည်။

ထို့ပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီး ပူနွေးမှု ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ် ပြည့်ဝသော တာဝန်ယူ ဆောင်ရွက်မှု များကိုလည်း ပြုလုပ် သွားမည်ဟု အိုဘားမားက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5086-2013-01-23-09-32-40#.UP98H-72usc

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ သမ္မတဒုတိယ သက်တမ်းအားဆက်လက်တာဝန်ယူ ဆောင် ရွက်ရန်ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အမျိုးသား စည်လုံး  ညီညွတ်ရေး နှင့်သာတူညီမျှရှိရေးအတွက် လှိုက်လှဲသော တောင်းဆိုမှု တစ်ရပ်ကိုထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

မန္တလေး-မူဆယ်၏ ကားလမ်းတွင် ဖရဲသီးတင်ကားတစ်စီးအား KIA မှ မိုင်းထောင်တိုက်ခိုက်ခဲ့

မန္တလေး-မူဆယ်၏ ကားလမ်းတွင် ဖရဲသီးတင်ကားတစ်စီးအား KIA မှ မိုင်းထောင်တိုက်ခိုက်ခဲ့

မူဆယ် ဇန်န၀ါရီ ၂၃ရက်
မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်း ရသော ဖရဲသီး များကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဖရဲသီးများကို တရုတ်သို့ ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ ၁၅၀၀ အထိ ရရှိနေကြသည့်အတွက် တောင်သူများအတွက် တွက်ခြေ ကိုက်သလို သယ်ဆောင်နေသည့် ကားများအတွက်လည်း အဆင်ပြေနေ ပါသည်။ ဖရဲသီးကားများသည် မန္တလေးမှတစ်ဆင့် လားရှိုး-မူဆယ်လမ်းကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြပါသည်။

သို့သော် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် မန္တလေးမှ မူဆယ်သို့ သယ်ဆောင်လာသော ဖရဲသီးတင်ကား တစ်စီးသည် မူဆယ်မြို့အနီး နန့်ကွန်ရွာတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပြီး ပျက်စီးသွား ခဲ့ပါသည်။ ယာဉ်မောင်းမှာ ဒဏ်ရာရရှိကာ မူဆယ်ဆေးရုံသို့ တင်ထားရကြောင်း သိရှိရသည်။ မိုင်းပေါက်ကွဲမှု ကြောင့် ယာဉ်မှာပျက်စီးသွားကာ တင်ဆောင်လာသော ဖရဲသီးအမြောက်အများ ပျက်စီးခဲ့သည်။ ကေအိုင်အေနှင့် စစ်တပ်သို့ ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကချင်ပြည်နယ်အတွင်းရှိ ကားလမ်း၊ ရတားလမ်းများကို မိုင်းခွဲဖျက်ဆီးမှုများကို တစ်ချိန်လုံးပြုလုပ်နေရာမှ အခုမန္တလေး-မူဆယ် ကားလမ်းများတွင် မိုင်းထောင်မှုတွေ ပြုလုပ်လာနေသည့်အတွက် ကားသမားများမှ စိုးရိမ်ပူပန်မှုများရှိသလို ဖရဲသီးစိုက် တောင်သူ များမှလည်း ဖရဲသီးများကို မတင်ပို့လျှင် အရှုံးပေါ်နိုင်သဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်းရသော ဖရဲသီးများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောဖရဲသီးများကို တရုတ်သို့ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ ၁၅၀၀ အထိ ရရှိနေကြသည့်အတွက် တောင်သူများအတွက်တွက်ခြေ ကိုက်သလိုသယ်ဆောင်နေသည့် ကားများအတွက်လည်း အဆင်ပြေနေပါသည်။ ဖရဲသီးကားများသည် မန္တလေးမှတစ်ဆင့် လားရှိုး-မူဆယ် လမ်းကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ပို့ဆောင်နေကြပါသည်။

KIA အကြမ်းဖက် သောင်းကျန်း သူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက် တိုက်ခိုက်

KIA အကြမ်းဖက် သောင်းကျန်း သူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက် တိုက်ခိုက်
Wednesday, January 23, 2013

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် နေ့ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၃) ထုတ်ပြန်ပြီးနောက် KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ် ခန့်တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာ အုပ်စု၊ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးရှိ နိုင်ငံတော်နှင့် အကျိုး တူ လုပ်ကိုင်လျက် ရှိသည့် မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီအား ခေါင်းဆောင် (စိစစ်ဆဲ) KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် အရပ်ဝတ် များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး အဆောက် အအုံ များအား မီးရှို့ ဖျက်ဆီး ခဲ့ပြီးနောက် ၎င်းအဖွဲ့သည် ဇန်နဝါရီလ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကြိုင်ကျောက်မျက် ကုမ္ပဏီ၏ အဆောက် အအုံ များအား အကြောင်းမဲ့ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိသည်။

သတင်း ကြားလျှင် ကြားချင်း အနီး ဝန်းကျင်ရှိ တပ်မတော် စစ်ကြောင်းများက KIA အဖွဲ့အား လိုက်လံ ရှင်းလင်းလျက် ရှိ ကြောင်း သတင်း ရရှိသည်။

မြ၀တီ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် နေ့ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှသတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၃) ထုတ်ပြန်ပြီးနောက် KIA အဖွဲ့ အနေဖြင့်

ပြည်သူအများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားတိုးချဲ့မည်

Photo: ပြည်သူအများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားတိုးချဲ့မည်
Wednesday, January 23, 2013

ပြည်သူများလုံခြုံမှုရှိစေရန်အတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ
အရ ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်ကယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အင်အားကိုသမ္မတထံစာတင်ထားပြီး မြန်မာတစ်နိုင်ငံလုံး
အတိုင်းအတာအရ ပြည်သူနှင့် ရဲ့တပ်ဖွဲ့ဝင် အချီုးညီမျှစေရန်အတွက် ရဲတပ်ဖွဲ့စခန်းကိုတိုးချဲ့ခြင်း ခေတ်နှင့်လျော်ညီသည့် ရဲ့တပ်ဖွဲ့တပ်ရင်းများကို တိုးချဲ့ဖွဲ့စည်းချင်းတို့ကို နိုင်ငံတော်
သမ္မတရုံးသို့တင်ပြချက်ရယူပြီး အင်အားတိုးချဲ့ဖွဲ့စည်းခန့်ထားပေးရန်
ဆောင်ရွက်လျက်ရှိပါတယ်ဟု ၄င်းကထပ်လောင်းပြောကြားခဲ့သည်။

Messenger News Journal ပြည်သူများလုံခြုံမှုရှိစေရန်အတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်က ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်  အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူလေး

Photo: အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူလေး
Wednesday, January 23, 2013

ဩစတြေးလျနိုင်ငံမှ အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူလေး ချာလီပါကားသည် ၎င်း၏ အကြောက်အလန့်ကင်းသော စွမ်းရည်များကို ဆက်လက် ပြသနေဆဲ ဖြစ်သည်။

အသက်(၃)နှစ်သာ ရှိသေးသော်လည်း မွေးရာပါ ဗီဇအရ သားရိုင်း တိရစ္ဆာန်များနှင့် အလွန် လက်ပွန်းတတီးရှိသော ချာလီသည် ရုန်းကြွ သန်မာသော မိကျောင်း တစ်ကောင်နှင့် ရေကန်ထဲ ဆော့ကစားနေသည်ကို
တွေ့ရှိနိုင်မည် ဖြစ်သည်။

မြောက်အမေရိက ဇာတိဖြစ်သော မိကျောင်းခေါင်းတိုကို ဂမ့်ပ်ဟု အမည်ပေးထားပြီး ချာလီက ယင်းသားစား သတ္တဝါကို ချီမြှောက်
မယူကာ ပျော်ရွှင်စွာ ဆော့ကစားလေ့ ရှိသည်။ ချာလီနှင့် ဂမ့်ပ်တို့၏ နပမ်းလုံးရင်း သတ်ပုတ် ဆော့ကစားလေ့ ရှိသည့် မြင်ကွင်းသည် လူအများအတွက် အထူးအဆန်း ဖြစ်နေရသည်။

Planet Myanmar Network ဩစတြေးလျနိုင်ငံမှ အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူလေး ချာလီပါကားသည် ၎င်း၏ အကြောက်အလန့် ကင်းသော စွမ်းရည်များကို ဆက်လက် ပြသနေဆဲ ဖြစ်သည်။

နာရီ သုံးဆယ်ကျော်ကြာ ပိတ်ခဲ့သည့် ဝေါတံတား ပြန်ဖွင့်ပြီ

Photo: နာရီ သုံးဆယ်ကျော်ကြာပိတ်ခဲ့သည့် ဝေါတံတား ပြန်ဖွင့်ပြီ
Wednesday, January 23, 2013

နာရီသုံးဆယ်ကျော်ကြာ လမ်းကြောင်းပိတ်ဆို့ခဲ့သည့် ဝေါတံတား ယမန်နေ့ည ဇန်န၀ါရီ ၂၂ ရက် ၁၂ နာရီခွဲခန့်၌ ပြန်လည် ပွင့်သွားပြီ ဖြစ်ကြောင်း ဝေါမြို့နယ် ရဲစခန်းမှသိရသည်။

“ခရီးသည်တင်ကားရော ကုန်တင်ကားပါ ဖြတ်သန်းနေပါပြီ”ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၂၁ ရက် မနက် ၃ နာရီခန့်က ဝေါတံတားနှင့် မြေတူးစက် (ဘက်ဖိုး)တင်ဆောင်လာသော ယာဉ်တို့ တိုက်မိရာမှ တံတားအပေါ်
ထုတ်ဘောင်များ ပျက်စီးပြိုကျကာ

ယာဉ်အသွားအလာ ရပ်တန့်သွားခဲ့သည်။ လက်ရှိအချိန်တွင် ပျက်စီးသွားသော အပျက်အစီးများနှင့် တိုက်မိသော ယာဉ်နှင့်
မြေတူးစက်အား ရှင်းလင်းဖယ်ရှားနိုင်ပြီဟု သိရသည်။

ဝေါတံတား ထိခိုက်ပျက်စီးမှုကြောင့် ယမန်နေ့က ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းများ ခရီးစဉ်ဖျက်သိမ်းခြင်းများနှင့် ကုန်တင် ယာဉ်များ ကမ်းတစ်ဖက်တစ်ချက်တွင် ပိတ်မိခြင်းများ ဖြစ်ပွားခဲ့သည်။

ယာဉ်မောင်းအား ပြစ်မှုနံပါတ် ၂၇၉/၄၀ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဝေါမြို့နယ် ရဲစခန်းမှ သိရသည်။

ပြည့်ဖြိုး
Popular Myanmar News Journal
ဓာတ်ပုံ - Eleven Media Group နာရီသုံးဆယ်ကျော်ကြာ လမ်းကြောင်းပိတ်ဆို့ခဲ့သည့် ဝေါတံတား ယမန်နေ့ည ဇန်န၀ါရီ ၂၂ ရက် ၁၂ နာရီခွဲခန့်၌ ပြန်လည် ပွင့်သွားပြီ ဖြစ်ကြောင်း ဝေါမြို့နယ် ရဲစခန်းမှသိရသည်

ရိုက်ကူးခကြောင့် ၂၀၀၅ နောက်ပိုင်း ပုဂံနောက်ခံဇာတ်လမ်း မရှိသလောက် ဖြစ်လာ

Photo: ရိုက်ကူးခကြောင့် ၂၀၀၅ နောက်ပိုင်း ပုဂံနောက်ခံဇာတ်လမ်း မရှိသလောက် ဖြစ်လာ
Wednesday, January 23, 2013

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနှင့်ကြော်ငြာရိုက်ကူးခ
မြင့်မားမှုကြောင့် ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် အခက်အခဲ
ဖြစ်နေသည်ဟု ရုပ်ရှင်နှင့် ဗွီဒီယိုအသိုင်းအ၀ိုင်းက ပြောသည်။

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ရုပ်ရှင်၊ဗွီဒီယို၊ကြော်ငြာရိုက်ကူးပါက (၁၂)နာရီကို ကျပ်(၅)သိန်းပေးရပြီး သတ်မှတ်ထားသည့် နာရီကျော်လွန်သွားပါက (၁)နာရီလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ထပ်ပေးရ ကြောင်း သိရသည်။

“ပုဂံမှာဇာတ်ကားတွေ မရိုက်နိုင်တာတော်တော်ကြာပါပြီ ၊ ငါးသိန်းဆိုတာ
ကလည်း တော်တော် များပါတယ် ၊ နိုင်ငံတော်အနေနဲ့ ပုဂံရဲ့ယဉ်ကျေးမှု
အလှအပတွေကို ပြချင်တယ်ဆိုရင် ဒီလို မလုပ်သင့်ပါဘူး”ဟု ဆာတိုရီရုပ်ရှင်နှင့်ဗွီဒီယိုထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ဗွီဒီယိုနှင့် ကြော်ငြာရိုက်ကူးပါက တစ်ရက်လျှင်ကျပ် (၁၀)သိန်း သတ်မှတ်ခဲ့ပြီး ၊၂၀၁၂ ခုနှစ်တွင် နာရီအလိုက်ခွဲ၍ ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အရင်က တစ်ရက်ကို(၁၀)သိန်း သတ်မှတ်ထားတာကနေ အခုလို
လျှော့ပေးထားတာပါ။ လောလောဆယ်မှာတော့ ထပ်လျှော့ဖို့ အစီစဉ်မရှိသေးပါဘူး”ဟု ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ယခုလက်ရှိတွင် ရုပ်ရှင်နှင့်ဗွီဒီယိုလောကသားများအနေဖြင့် ယဉ်ကျေးမှုနယ်မြေတွင် ရိုက်ကူးခ အတွက် ဗွီဒီယိုတစ်ကားလျှင် ကျပ်(၃)သိန်းနှင့် ရုပ်ရှင်တစ်ကားလျှင် ကျပ်(၄)သိန်းသာ ပေးဆောင်ရန် ယဉ်ကျေးမှုဌာနသို့ စာတင်ရန် စီစဉ်နေကြသည်။

“(၂၀၀၅)ခုနှစ်ထဲက ပုဂံမှာ မရိုက်နိုင်တာ အခုထိပဲ၊ ပုဂံနောက်ခံ
ဇာတ်လမ်းတွေဆိုရင် နာမည်ကြီးတာ များပါတယ်၊ ဈေးကွက်အရ မရိုက်နိုင်ကြဘူး”ဟု နာမည်ကြီးရိုက်ကွင်းတာဝန်ခံ ကိုဆာမိက ပြောသည်။

ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် (၂၀၀၅)ခုနှစ်နောက်ပိုင်းမှစ၍ ပုဂံနောက်ခံဇာတ်လမ်း ရိုက်ကူးမှု များကို ရပ်နားခဲ့ရပြီး ယခု(၂၀၁၃)ခုနှစ် အထိ “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားတစ်ကားနှင့် ဗွီဒီယို
ဇာတ်ကားတစ်ကားသာရိုက်ကူးနိုင်ကြောင်း ၎င်းက ဆိုသည်။

ပုဂံနောက်ခံအဖြစ် ရိုက်ထားသည့် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများတွင် ကျန်စစ်မင်း၊ ပုဂံမှာသာတဲ့လ၊ မြင့်မြတ်သူတို့နှလုံးသား၊ မင်းနဲ့မှချစ်တတ်ပြီ၊ မချစ်တတ်သောမိန်းမနှင့် အချစ်ငတ်သော ယောက်ျားစသည့် ဇာတ်ကားများ ပါဝင်သည်။

ငြိမ်းချမ်း(မြစ်မခ)
Myit Makha Mediagroupပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနှင့်ကြော်ငြာရိုက် ကူးခ မြင့်မားမှုကြောင့် ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် အခက်အခဲ
ဖြစ်နေသည်ဟု ရုပ်ရှင်နှင့် ဗွီဒီယိုအသိုင်းအ၀ိုင်းက ပြောသည်။

ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

ရန်ကုန်၊ဇန်န၀ါရီ-၂၁

ဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့်   မတော်တဆမှုများ ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ဌာနဆိုင်ရာအချို့မှလွဲ၍ ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသကဲ့သို့ အရေးယူမှုအားနည်းခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားနေရသည်ဟု မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောကြသည်။

“ဈေးသိမ်းပြီးတော့ အပြန်မှာ အနောက်က ဆိုင်ကယ်ပွတ်တိုက်သွားတာ။ ဒီလောက်ရှုပ်ယှက်ခတ်နေချိန်မှာ ဆိုင်ကယ်ကို အရမ်းမောင်းတာလေ” ဟု လှိုင်မြို့နယ် သံလမ်းတွင် ဆိုင်ကယ်အတိုက်ခံရ၍ ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့သော ဒေါ်တင်တင်သန်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်လိုင်စင်များကို ၂၀၀၁ ခုနှစ်မှစ၍ သက်တမ်းတိုးခွင့် တားမြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကိုသာ လုပ်ငန်းလိုအပ်ချက်အရ တရားဝင် စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း လျှပ်စစ်ဌာနမှ ဆိုင်ကယ် ၆၅ စီးနှင့် စည်ပင်မှ ၃၃ စီးကိုသာ တရားဝင် စီးနင်းခွင့်ပြုထားကြောင်း နေပြည်တော်ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောကြားသည်။

သို့ရာတွင် ရန်ကုန်မြို့တော်အတွင်း တရားမ၀င် ဆိုင်ကယ်များ စီးနင်းမှု များပြားလာခြင်း၊ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ဥပဒေပညာရှင်များနှင့် ရေးရာကော်မတီတို့က သုံးသပ်ပြောဆိုကြသည်။

“ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ဘူး။ အန္တရာယ်မရှိဘူးဆိုရင် လိုင်စင်ပေးပေါ့။ လိုင်စင်မဲ့ဆိုင်ကယ် ရှိနေတာကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြနေတာ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။

“မတော်တဆမှု ဖြစ်ပွားတဲ့ စာရင်းဇယားတွေကိုကြည့်ရင် ဆိုင်ကယ်တွေကြောင့် အများကြီး ပါပါတယ်။ အခု ကယ်ရီတွေပါ ဆွဲနေကြတော့ ပိုဆိုးတယ်။ ဥပဒေနှစ်ခုကို ချိုးဖောက်နေတဲ့သဘောပေါ့” ဟု ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးအောင်နိုင်က သုံးသပ်သည်။

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းအထဲတွင် ဆိုင်ကယ်ကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့ သည်။ စုစုပေါင်း သေဆုံးသူ ၃၀၀
နီးပါးတွင် ဆိုင်ကယ်တိုက်မှုကြောင့် ၄၂ ဦး သေဆုံးခဲ့ရသည်။

ရန်ကုန်နယ်နိမိတ်အတွင်း လျှပ်စစ်စက်ဘီများ စီးနင်းခွင့်ကိုလည်း ၂၀၁၂ ခုနှစ်အစပိုင်းတွင် မော်တော်ယာဉ်နည်းဥပဒေအရ ပိတ်ပင်ထားခဲ့သော်လည်း မြို့နယ် အချို့တွင် စီးနင်းနေကြဆဲဖြစ်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်တွင် အုပ်စုဖွဲ့ဆိုင်ကယ်စီးနင်းသူ ၂၅ ဦးက ဆိုင်ကယ် ၉ စီးဖြင့် ရောက်ရှိလာပြီး ကန်ပေါင်ရှိ ၀န်ထမ်းအချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ဆိုင်ကယ်များ တရားမ၀င် စီးနင်းနေခြင်းကို ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန်ကြီးကြပ်ရေး ယာယီအက်ဥပဒေ ပုဒ်မ ၅(၁)/ ၅(၃)တို့ဖြင့် အရေးယူနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ဒဏ် ချမှတ်နိုင်ကြောင်း၊ လျှပ်စစ်ဆိုင်ကယ်များ စီးနင်းမှုကိုလည်း မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)ကဆိုသည်။

“ခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေ မဟုတ်ဘဲ စီးတာတွေ့ရင် ဒဏ်ကြေး ၅၁၅၀၀ ကျပ် ရိုက်တယ်။ နောက်မစီးဖို့ ခံဝန်ထိုးခိုင်း တယ်။ လိုင်စင်မဲ့ဆို နိုင်ငံပိုင်အဖြစ် တစ်ခါတည်း သိမ်းလိုက်တယ်” ဟု နေပြည်တော် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့် မတော်တဆမှုများ ဖြစ် ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။