
“အသက်ကြီးတဲ့ ပင်စင်စားတွေအတွက် Smart Card နဲ့ဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ထုတ်ပေးတာပါ။ အရင်ကဆိုရင် ပင်စင်ထုတ်ရင် နှစ်ခါလာရတယ်။ အခုက ရုံးချိန်အတွင်းဘယ်အချိန်မဆို လာထုတ်လို့ရပါတယ်ဆိုတော့ ပင်စင်စားတွေ နှစ်ခါလာဖို့ မလိုတော့ဘူး အများကြီး သက်သာတယ်”ဟု စစ်တွေခရိုင် ဘဏ်မန်နေဂျာ ဦးဘကျော်တင်က ပြောသည်။
အဆိုပါကဒ်ဖြင့် လူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။ စစ်တွေမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၃၅၀၀)ခန့်ရှိပြီး လက်ရှိတွင် လူဦးရေ(၁၅၀၀)ကို အဆိုပါ Smart Card ဖြင့်ပြုလုပ်ပေးထားပြီဟု သိရသည်။
“ ဒီလ ၂၁ ရက်နေ့က အငြိမ်းစားဝန်ထမ်းတွေကို Smart Card နဲ့ ငွေထုတ်ပေးပါတယ်။ လူတိုင်း အတွက်တော့ မဟုတ်သေးဘူး ပင်စင်စားတွေအတွက်ပဲ ထုတ်ပေးပါသေးတယ်။’’ဟု အဆိုပါ အရာရှိ က ပြောသည်။
အငြိမ်းစားများ အနေဖြင့် ၄င်းတို့၏ လစာငွေများထုတ်ယူရာတွင် ယခင်လို စာအုပ်ဖြင့် ထုတ်စရာမလိုသည့် အပြင် လျှောက်လွှာတင်စရာလည်း မလိုဘဲ အဆိုပါ Smart Card ဖြင့် ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။
“အသက်ကြီးတဲ့ ပင်စင်စားတွေ သက်သာတာပေါ့။ အချိန်ကြန့်ကြာမှုလဲ မရှိတော့ဘူး။ အရင်ကဆို လျှောက် လွှာ တင်ရတာတို့၊ ဘာတို့လုပ်ရသေးတယ်။ အခုဆိုရင် တစ်တည်းတန်းထုတ်လို့ရတယ်။ အချိန်လဲ မကြာတော့ ဘူး။” ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် အငြိမ်းစား ဝန်ထမ်း သုံးရာကျော် လာရောက်ငွေထုတ်ယူပြီးဖြစ်ကြောင်း သိရသည်။
From : Myit Makha Mediagroup
No comments:
Post a Comment